Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ဖလမ်းမြို့သိမ်း အောင်မြင်မှု ဂုဏ်ယူဝမ်းမြောက်ကြောင်း CNF ထုတ်ပြန်

ဖလမ်းမြို့သိမ်း အောင်မြင်မှု ဂုဏ်ယူဝမ်းမြောက်ကြောင်း CNF ထုတ်ပြန်

0
By Editor on April 10, 2025 Khonumthung

(006SV)

ချင်းညီနောင်အဖွဲ့နှင့် မဟာမိတ်တပ်ဖွဲ့များ၏ ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲ အောင်မြင်မှုကို ဂုဏ်ယူဝမ်းမြောက်ကြောင်း ချင်းအမျိုးသားတပ်ဦး – CNF က ထုတ်ပြန်သည်။

ချင်းညီနောင် စစ်ဆင်ရေးအဖြစ် ဖော်ဆောင်ခဲ့သော ဖလမ်းမြို့သိမ်းတိုက်ပွဲ အောင်မြင်မှုနှင့် ၎င်းစစ်ဆင်ရေးတွင် ပူးပေါင်းပါဝင်ကြ သော ချင်းညီနောင်အဖွဲ့ဝင်များ၊ မဟာမိတ်တပ်ဖွဲ့များအပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်း မှတ်တမ်းတင်ပါသည်ဟု ချင်းအမျိုးသား တပ်ဦး (CNF) က ဧပြီလ ၁၀ ရက်မှာ ထုတ်ပြန်သည်။

ချင်းလဲန်းတည်ဆောက်ရေးနှင့် ချင်းလူမျိုးများ ကိုယ်ပိုင်ပြဌာန်းမှု အပြည့်အဝ ရရှိရေးနှင့် ပြည်ထောင်စု မြန်မာနိုင်ငံတွင် အာဏာရှင်စနစ် ကျဆုံးပြီး စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဆက်လက် တိုက်ပွဲဝင်ကြရန် တော်လှန်ရေးအင်အားစုများ အားလုံးကို ချင်းအမျိုးသားတပ်ဦးက တိုက်တွန်းထားသည်။

ဖလမ်းမြို့သိမ်းတိုက်ပွဲကို ၂၀၂၄ နိုဝင်ဘာလ ၉ ရက်မှစတင်၍ ချင်းညီနောင် စစ်ဆင်ရေးအဖြစ် သတ်မှတ်ပြီး ချင်းညီနောင်အဖွဲ့ ဝင်များ၊ AA ၏ စစ်ရေးအကြံဥာဏ်၊ ခဲယမ်းစစ်လက်နက်ပံ့ပိုးမှုနှင့်အတူ စစ်ကိုင်း၊ မကွေး စသည့် မြေပြန့်ဒေသက ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များက ပူးပေါင်းထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ စစ်ဆင်ရေး ၅ လအကြာ ဧပြီလ ၉ ရက်က အပြီးသတ်သိမ်းနိုင်ခဲ့သည်။

တိုက်ပွဲအတွင်း စစ်သုံ့ပန်း ၂၀၀ ခန့်၊ ဟောင်ဝက်ဇာအမြောက်အပါအဝင် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

ရခိုင်ရေဘေးအတွက် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ MTC / MDF က ကျပ်သိန်း ၅၀ ထောက်ပံ့ကူညီ

မလေးရှားမှာ ချင်းလူမျိုးအပါအဝင် အထောက်အထားမဲ့နိုင်ငံခြားသားအများအပြားဖမ်းဆီးခံနေရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
July 18, 2026

မံဆောင်းတံတား ပြန်လည်အသုံးပြုဖြတ်သန်းနိုင်ပြီ

July 17, 2026

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

July 17, 2026

စစ်တပ်ထိန်းချုပ်သည့် ဖလမ်းမြို့တွင် နေရပ်ပြန်ပြည်သူများ နှိပ်စက်သတ်ဖြတ်ခံရမှုနှင့် အကြောင်းရင်းမသိ သေဆုံးမှုများလာ၍ စိုးရိမ်မှုမြင့်တက်

July 16, 2026

နိုင်ငံ၏ အုပ်ချုပ်ရေးသည် နေပြည်တော်မှာပဲ သီးသန့်မရှိတော့ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံအပြီး SCEF က ထုတ်ပြန်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.