Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပသော Mr. World Noble King 2023 ပြိုင်ပွဲတွင် ချင်းလူငယ်တစ်ဦးမှ ဆု ၂ ဆုဆွတ်ခူး

ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပသော Mr. World Noble King 2023 ပြိုင်ပွဲတွင် ချင်းလူငယ်တစ်ဦးမှ ဆု ၂ ဆုဆွတ်ခူး

0
By Editor on January 27, 2023 Khonumthung

Hornbill International Model Organization မှ ဖိလစ်ပိုင်နိုင်ငံ ဘတ်တဂန်မြို့ ယဉ်ကျေးမှုခန်းမ Rosario တွင် ဇန်နဝါရီလ ၂၂ ရက်နေ့က ကျင်းပပြုလုပ်သော တတိယကြိမ်မြောက် Mr. World Noble King ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် သွားရောက်ယှဉ်ပြိုင်သော အလှမောင်ချင်းတိုင်းရင်းသား Mang Sui Dun သည် Mr. Teen Tourism International နဲ့ Mr. Friendship Award ဆု ၂ ဆုကို ဆွတ်ခူးရရှိခဲ့သည်ဟု သိရသည်။

အလှမောင် Mang Sui Dun သည် Mr. World Noble King ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု အလှမောင်များထဲမှ ပထမဦးဆုံး အလှမောင်ဆု ဆွတ်ခူးရရှိသူဖြစ်သည်။

“ဟုတ်ကဲ့ခင်ဗျာ၊ အခုလို Mr World Noble King 2023 မှာပေါ့နော် တိုင်းပြည်နဲ့ လူမျိုးအတွက် ကျွန်တော် ဆုရယူနိုင်ခဲ့တဲ့အတွက်လည်း ကိုယ့်ကိုကိုယ်ဂုဏ်ယူပြီးတော့ အရမ်းဝမ်းသာတယ် ပီတီဖြစ်မိပါတယ်ခင်ဗျာ” ဟု Mang Sui Dun ပြောသည်။

Mr. World Nobel King ပြိုင်ပွဲကို နှစ်တိုင်းကျင်းပလေ့ရှိကာ မြန်မာနိုင်ငံကိုယ်စားပြု အလှမောင်များ သွားရောက်ယှဉ်ပြိုင်လေ့ရှိရာ ယခု ၂၀၂၃ ခုနှစ် တတိယအကြိမ်မြောက်မှာ ချင်းတိုင်ရင်းသား Mang Sui Dun က မြန်မာနိုင်ငံကိုယ်စား ဆုရရှိခဲ့ခြင်းဖြစ်သည်။

ချင်းပြည်နယ် ဟားခါးမြို့ဖွား အသက် ၁၉ နှစ်အရွယ်ရှိ အလှမောင် Mang Sui Dun သည် ရန်ကုန်မြို့တွင် ကျောင်းတက်နေသူတစ်ဦးဖြစ်သည်။

တတိယအကြိမ်မြောက် Mr. World Noble King 2023 ကို ၄၂ နိုင်ငံများမှ ပါဝင်ယာဉ်ပြိုင်ရန် စာရင်းသွင်းထားသော်လည်း နိုင်ငံကူးလက်မှတ် ဗီဇာအခက်ခဲပြသာနာများကြောင့် ၁၂ နိင်ငံကသာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

UFC ချန်ပီယံ Joshua Van သွေးချင်းဌာနေ မီဇိုရမ်ပြည်နယ်သို့ ရောက်ရှိ

UFC ကမ္ဘာ့ ချန်ပီယံ Joshua Van ကို မီဇိုရမ်ဝန်ကြီးချုပ်က တွေ့ဆုံဂုဏ်ပြု၊ Joshua Van ၏ အောင်မြင်မှုကြောင့် မီဇိုးလူငယ်များအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေဟုဆို

ဖလမ်းမှာ ပြည်သူ ၂ ဦးနှင့် ချင်းရဲဘော် ၂ ဦးတို့ကို စစ်တပ်က သတ်ဖြတ်ထားသည့် ရုပ်အလောင်းများ တွေ့ရှိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.