Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ဘင်္ဂလားဒေရှ့်စစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) ကြောင့် စစ်တကောင်းတောင်တန်းဒေက ချင်း (ဇိုး) မျိုးနွယ်စု ၃၀၀ ကျော် မီဇိုရမ်ပြည်နယ်သို့ စစ်ဘေးတိမ်းရှောင်လာဟုဆို

ဘင်္ဂလားဒေရှ့်စစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) ကြောင့် စစ်တကောင်းတောင်တန်းဒေက ချင်း (ဇိုး) မျိုးနွယ်စု ၃၀၀ ကျော် မီဇိုရမ်ပြည်နယ်သို့ စစ်ဘေးတိမ်းရှောင်လာဟုဆို

0
By Editor on November 24, 2022 Khonumthung

အိန္ဒိယနှင့် ဘင်္ဂလားဒေရှ့်နယ်စပ်အနီး ဘင်္ဂလာဒေရှ့်ပိုင်နက် စစ်တကောင်းတောင်တန်းဒေသတွင်နေထိုင်ကြသော ချင်း (ဇိုး) မျိုးနွယ်စုများသည် ဘင်္ဂလားဒေရှ့်စစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) ပူးပေါင်းတပ်ဖွဲ့တို့ကြောင့် အခက်အခဲများ ရင်ဆိုင်နေကြရပြီး ၎င်းတို့ထဲက အယောက် ၃၀၀ ကျော်တို့သည် မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်လာကြသည်ဟု မီဇိုရမ်နေ့စဉ်ထုတ် Vanglaini သတင်းစာတွင် ဖော်ပြသည်။

ဘင်္ဂလားဒေရှ့်နိုင်ငံအတွင်း နေထိုင်ကြသော ချင်း (ဇိုး) မျိုးနွယ်စုများ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးအတွက် တိုက်ပွဲဝင်နေသော Kuki-Chin National Army (KNA) ကို ဘင်္ဂလားဒေရှ့်စစ်တပ်နှင့် ရက္ခိုင့်တပ်တော်ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့သည့်အတွက် စစ်တကောင်းတောင်တန်းဒေသက ဒေသခံပြည်သူအယောက် ၃၀၀ ကျော်တို့သည် မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင် နယ်စပ်ကျေးရွာ Parva ရွာသို့ နိုဝင်ဘာလ ၂၀ ရက်နေ့က ထွက်ပြေးတိမ်းရှောင်လာကြသည်ဟု သတင်းစာကဆိုသည်။

ယခုကဲ့သို့ မီဇိုရမ်ပြည်နယ်သို့ စစ်ဘေးတိမ်းရှောင်လာကြသော ဘင်္ဂလားဒေရှ့်နိုင်ငံက ချင်း(ဇိုး) မျိုးနွယ်စုများအား အကူ အညီများပေးအပ်နိုင်ရေးအတွက် မီဇိုရမ်ပြည်နယ်ရှိ အကြီးဆုံးသော အရပ်ဘက်လူမှုအဖွဲ့အစည်းဖြစ်သည့် မီဇိုးလူငယ်အသင်း (CYMA) က မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် ပူးဇိုးရမ်းထန်းငါကို သွားရောက်တွေ့ဆုံခဲ့ကြပြီး စစ်ဘေးရှောင်ပြည်သူများ ဘေးကင်းလုံခြုံစွာနှင့် အေးအေးချမ်းချမ်းဖြင့် နေထိုင်နိုင်ရေးအတွက် ဆောင်ရွက်ပေးရန်တောင်းဆိုခဲ့ကြသည်။

မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပူးဇိုးရမ်းထန်းငါကလည်း Parva ကျေးရွာမှာ စစ်ဘေးရှောင်လာကြသော Bawm (ချင်း မျိုးနွယ်စု) ညီအကိုများ၏ အခက်အခဲများအားဖြေရှင်းရန် မီဇိုရမ်အနေဖြင့် အတတ်နိုင်ဆုံးကြိုးစားသွားမည်ဖြစ်ကြောင်း မီဇိုရမ်အစိုးရနှင့် မီဇိုးလူငယ်အသင်းမှ ဦးဆောင်သူများနှင့် အရေးပေါ်အစည်းအဝေးများပြုလုပ်ကာ ယခုလက်ရှိရင်ဆိုင်နေရသော အခက်အခဲများ ဖြေရှင်းနိုင်ရေး ဆောင်ရွက်လျှက်ရှိသည်ဟု သူ၏ Instagram လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

နိုဝင်ဘာလ ၂၂ ရက်နေ့က ကျင်းပသော ဝန်ကြီးများအစည်းအဝေး (Council of Minister) တွင်လည်း ယခုအခြေအနေများကို ဆွေးနွေးခဲ့ကြပြီး မီဇိုရမ်အစိုးရအနေဖြင့် Parva ကျေးရွာတွင် ခိုလုံနေကြသော စစ်ဘေးရှောင်ပြည်သူများအား တတ်နိုင်သည့်ဖက်မှ ဆက်လက်ကူညီဆောင်ရွက်သွားကြရန် ဆုံးဖြတ်ခဲ့ကြသည်ဟု Vanglaini သတင်းစာတွင် ဖော်ပြသည်။

ဘင်္ဂလားဒေရှ့်နိုင်ငံ စစ်တကောင်းတောင်တန်းဒေသ (Chittagong Hill Tracts) တွင် ချင်း (ဇိုး) မျိုးနွယ်စု ၆ စု (Bawm, Miria, Khumi, Lushai, Khiang, Pang) တို့နေထိုင်ကြပြီး ၎င်းတို့၏ ယဉ်ကျေးမှုအသွင်အပြင်များ ထိန်းသိမ်းစောင့် ရှောက်ရန်၊ မြေယာသိမ်းပိုက်မှုကို ကာကွယ်ရန်နှင့် ခေတ်နောက်ကျသောဒေသနှင့် ဘင်္ဂလားဒေ့ရှ် စစ်တကောင်းတောင်တန်းဒေသရှိ လူ့အဖွဲ့အစည်းငယ်များ သဟဇာတဖြစ်မှုနှင့် ငြိမ်းချမ်းရေးကို ထူထောင်ရန် Kuki-Chin Development Organization (KNDO) ကို ၂၀၀၈ ခုနှစ်က ဖွဲ့စည်းခဲ့ကြသည်။

KNDO အနေဖြင့် ၂၀၁၅ ခုနှစ်တွင် စစ်တကောင်းတောင်တန်းဒေသမှ ချင်း (ဇိုး) မျိုးနွယ်စုများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရန် အစိုးရအနေဖြင့် ဘတ်ဂျက်သီးသန့်ချပေးရန် တောင်းဆိုခဲ့ကြပြီး ယင်းကိစ္စကို ဘင်္ဂလားဒေရှ့်အစိုးရက အရေးတယူမလုပ်ဘဲ ပယ်ချခဲ့သည်ဟု သိရသည်။

ထို့ကြောင့် KNDO ကို Kuki-Chin National Army အဖြစ် ပြောင်းလဲဖွဲ့စည်းပြီး ဘင်္ဂလားဒေရှ့်နိုင်ငံ စစ်တကောင်းတောင်တန်းဒေသက ၎င်းတို့၏ ဘိုးဘွားပိုင်နယ်မြေဖြစ်သော (Bhaichari၊ Juraichari၊ Borkol၊ Bilaichari၊ Rwangchari၊ Rwang chari၊ ၊ Ruma၊ Thanchi၊ Lama နှင့် Alikdam) ဒေသများအား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခု သို့မဟုတ် “ကူကီး-ချင်းနယ်မြေပြည်နယ်” အဖြစ် သတ်မှတ်ရန် တိုက်ပွဲဝင်တောင်းဆိုလာခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

မိမိတို့ညီအကိုများအဖြစ် သတ်မှတ်ထားသော ရက္ခိိုင့်တပ်မတော် (AA) သည် ဘင်္ဂလားဒေ့ရှ်အစိုးရနှင် ပူးပေါင်းပြီး Kuki-Chin National Army တပ်ဖွဲ့များကို ချကီယန်ရွာနဲ့ ထိန်းဒေါလ်သဲကျေးရွာကြားမှာ နိုဝင်ဘာလ ၁၉ ရက်နေ့က ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု Mizoram Bawm Students Association က ထုတ်ပြန်ထားသည်။

ရက္ခိုင့်တပ်တော် AA အနေဖြင့် ဘင်္ဂလားဒေရှ့်အစိုးရနှင့်ပူးပေါင်းပြီး Kuki-Chin National Army ကို တိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဆိုသည့်ကိစ္စအပေါ် ခိုနူမ်းသုန်သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုချက်မရနိုင်သေးပေ။

ချင်း (ဇိုး) မျိုးနွယ်စုများသည် ဗြိတိသျှကိုလိုနီအုပ်ချုပ်မှုစနစ်ကြောင့် အိန္ဒိယ-မြန်မာ-ဘင်္ဂလားဒေရှ့် စသည့် ၃ နိုင်ငံတွင် ခွဲခြားအုပ်ချုပ်ခံခဲ့ရခြင်းဖြစ်သည်။

ယခုအခါ အိန္ဒိယဘက်တွင် မီဇိုရမ်ပြည်နယ်၊ မြန်မာနိုင်ငံတွင် ချင်းပြည်နယ်နှင့် ဘင်္ဂလားဒေရှ့်နိုင်ငံတွင် စစ်တကောင်းတောင်တန်းဒေသအဖြစ် နေထိုင်လျှက်ရှိကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တီးတိန်-ရိဒ်ကြား လမ်းပိုင်းဆိုးရွားစွာပျက်စီး

အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် ချင်းပြည်ကို ဖြတ်ကျော်နေပြီး ချင်း၊ ရခိုင်အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင် မိုးကြီးမည်

ထန်တလန်မြို့နယ်တွင် နိုဝင်ဘာလ ၃၀ ရက်နေ့အထိ ငါးဖမ်းခြင်း ပိတ်ပင်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
October 2, 2026

ရခိုင်ပြည်သူ အစုအပြုံလိုက်သေဆုံးရသော ကျောက်တော်ဗုံးကြဲခံရမှု CNF က အပြင်းအထန် ရှုတ်ချ

October 2, 2026

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တီးတိန်-ရိဒ်ကြား လမ်းပိုင်းဆိုးရွားစွာပျက်စီး

October 2, 2026

ချင်းပြည်မှာ သဘာဝဘေးဒဏ်နှင့် ရင်ဆိုင်နေရပြီဟု ချင်းလူမှုဖွံ့ဖြိုးရေးဝန်ကြီးပြော

September 30, 2026

မံဆောင်းတံတားတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တီးတိန်သို့ ပြန်လည်ဆုတ်ခွာ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.