Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မင်းတပ်မြို့အနီး တိုက်ပွဲ နေရာများကို စစ်တပ်က ဂျက်ဖိုက်တာ ၅ စီး၊ Y- 12 လေယာဉ် ၂ စီးတို့ဖြင့် အပြင်းအထန်ဗုံးကြဲ

မင်းတပ်မြို့အနီး တိုက်ပွဲ နေရာများကို စစ်တပ်က ဂျက်ဖိုက်တာ ၅ စီး၊ Y- 12 လေယာဉ် ၂ စီးတို့ဖြင့် အပြင်းအထန်ဗုံးကြဲ

0
By Editor on July 24, 2026 Headline

(006SV)

ချင်းပူးပေါင်းတပ်နှင့် အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲများဖြစ်ပွားနေသည့် မင်းတပ်မြို့အနီးနေရာများကို ယနေ့ မနက်ပိုင်းက စစ်တပ်သည် ဂျက်ဖိုက်တာ ၅ စီး၊ Y – 12 ဗုံးကြဲလေယာဉ် ၂ စီးတို့ဖြင့် ဗုံးအလုံးရေ ၁၂၀ ထက်မနည်း ကြဲချတိုက်ခိုက်ကြောင်း သိရသည်။

“တော်လှန်ရေးတပ်တွေနဲ့ စကစတပ်တွေ ချတဲ့ တိုက်ပွဲဖြစ်တဲ့ နေရာကို ကြဲချတာပါ။ လေကြောင်းနဲ့ ဗုံးကြဲသံတွေ တဒုန်းဒုန်းပဲ ကြားနေရတယ်။ ကျန်တာ ဘာမှ မသိရသေးဘူး။ ဘယ်သူမှ အပြင်မထွက်ပဲ ပုန်းနေရတယ်” ဟု မင်းတပ်ဒေသခံ တစ်ဦးက ပြောသည်။

ဇူလိုင်လ ၂၄ ရက် နံနက် ၉ နာရီခွဲခန့်တွင် နေပြည်တော်အေလာလေတပ်မှ ဂျက်ဖိုက်တာ ၁ စီးဖြင့် လေကြောင်းတိုက် ခိုက်မှု ၂ ကြိမ်၊ ဗုံး ၄ လုံး ကြဲချကြောင်း၊ တံတားဦးလေတပ်မှ ဂျက်ဖိုက်တာ ၂ စီးဖြင့် ၉ နာရီခွဲခန့်မှ ၉ နာရီ ၄၇ မီနစ်ခန့် အထိ ဂျက်ဖိုက်တာ ၂ စီးဖြင့် လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ်၊ ဗုံး ၈ လုံး ကြဲချခဲ့သည်ဟု သိရသည်။

နံနက် ၉ နာရီ ၅၀ ခန့်မှ ၁၀ နာရီခန့်အထိ မင်းတပ်မြို့အနီးက တိုက်ပွဲဖြစ်ပွားနေသော နေရာများကို မကွေးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၂ စီးဖြင့် လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ်၊ ဗုံး ၈ လုံး ကြဲချခဲ့သည်ဟု သိရသည်။

မင်းတပ်မြို့အနီးက ချင်းပူးပေါင်းတပ်များနှင့် တိုက်ပွဲဖြစ်ပွားသော နေရာများကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာ ၅ စီးဖြင့် ပေါင် ၃၀၀ ဗုံးများ အသုံးပြု၍ လေကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ်ခန့် အသုံးပြု၍ ဗုံးအလုံး ၂၀ အသုံးပြုခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

နံနက် ၁၀ နာရီမှ ၁၁ နာရီခန့်အထိလည်း မင်းတပ်မြို့အရှေ့ခြမ်း တိုက်ပွဲဖြစ်ပွားနေရာများကို စစ်တပ်သည် ရှမ်းတဲလေတပ်မှ တက်လာသော Y -12 ဗုံးကြဲလေယာဉ်ဖြင့် ဗုံးများ အတွဲလိုက် အသုံးပြု၍ လေကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ်ကျော် ပြုလုပ်ရာ ဗုံးအလုံး ၅၀ ခန့် ကြဲချသွားသည်ဟု သိရသည်။

တံတားဦးလေတပ်မှ Y – 12 ဗုံးကြဲလေယာဉ်မှလည်း အဆိုပါနေရာများကို ဗုံးများကို အတွဲလိုက် အသုံးပြု၍ လေကြောင်းတိုက်ခိုက်မှု ၉ ကြိမ် ခန့် ပြုလုပ်ခဲ့ရာ ဗုံးအလုံး ၄၀ ခန့် အသုံးပြုခဲ့သည်ဟု သိရသည်။

ချင်း- မကွေးအစပ် ယောဒေသရှိ ကျောက်ထု၊ ဆောနှင့် လောင်ရှည်ဒေသများတွင်လည်း စစ်တပ်သည် အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေသောကြောင့် တော်လှန်ရေးတပ်များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု သိရသည်။

မင်းတပ်၊ ကန်ပက်လက်မြို့တို့နှင့် အနီးဝန်းကျင်ကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု နေ့စဉ်နီးပါး အပြင်းအထန် ပြုလုပ်နေရာ အရပ်သားပြည်သူတချို့ ထိခိုက်သေဆုံးမှု ဖြစ်ပွားနေသကဲ့သို့ နေအိမ်နှင့် အခြေခံအဆောက်အဦးများ ထိခိုက်ပျက်စီးမှု ပမာဏ ကြီးမားကြောင်း သိရသည်။

မေလလယ်မှစတင်၍ မင်းတပ်နှင့် ကန်ပက်လက်ကို အင်အား ၂၀၀၀ ဝန်းကျင်ဖြင့် ထိုးစစ်ဆင်နေသော စစ်တပ်သည် အထိနာ၍ တပ်လန်ခဲ့ပြီးနောက် ချင်း- မကွေးအစပ်၊ ကျောက်ထုနှင့် ဆောဒေသသို့ စစ်အင်အား ရာချီ ထပ်မံ ဖြည့်တင်းထားသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဖလမ်း-ဟားခါးလမ်းမပေါ် သားအမိ ၃ ဦးနှင့် ယာဉ်မောင်းတို့ သေဆုံးမှုသည် စစ်တပ်လက်ချက်သာဖြစ်ပြီး ချင်းတော်လှန်ရေးအင်အားစုများနှင့် သက်ဆိုင်မှု မရှိဟု CDF ဟားခါးဥက္ကဌ ပြော

ဖလမ်း-ဟားခါးလမ်းမပေါ် သားအမိ ၃ ဦး နှင့် သုံးဘီးယာဉ်မောင်းသေဆုံးမှု ဖြစ်စဉ်အမှန်ပေါ်ပေါက်ရေးနှင့် တရားမျှတမှုရှိစေရေး ကြိုးပမ်းဆောင်ရွက်မည်ဟု CNO/CNDF ထုတ်ပြန်

နှစ်အနည်းငယ်အတွင်း မြန်မာမှာ ကြီးမားသော နိုင်ငံရေးအပြောင်းအလဲတချို့ ဖြစ်လာနိုင်ပြီး ချင်းအင်အားစုများ ပြင်ဆင်ထားသင့်ဟု CPU အတွင်းရေးမှူးပြော

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 4, 2026

“ကျူးလွန်ခံရတဲ့ လူတိုင်းက တရားမျှတမှုကို လိုလားပြီး တောင်းတနေကြတယ်”

September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 5, 2026

ဇိုတုန်ဒေသမှာ အသိပေးညှိနှိုင်းခြင်းမရှိဘဲ မည်သည့်လုပ်ငန်းကိုမဆို မပြုလုပ်ရန်နှင့် ဇိုတုန်ဒေသန္တရအစိုးရ၏ စီမံခန့်ခွဲမှုကို မစွက်ဖက်ရန် အသိပေးထုတ်ပြန်

November 5, 2026

ဖလမ်း-ဟားခါးလမ်းမပေါ် သားအမိ ၃ ဦးနှင့် ယာဉ်မောင်းတို့ သေဆုံးမှုသည် စစ်တပ်လက်ချက်သာဖြစ်ပြီး ချင်းတော်လှန်ရေးအင်အားစုများနှင့် သက်ဆိုင်မှု မရှိဟု CDF ဟားခါးဥက္ကဌ ပြော

November 5, 2026

YDF နှင့် YA ယောတော်လှန်ရေးတပ်များ ယောအမျိုးသားတပ်တစ်ခုအဖြစ် ပေါင်းစည်းရေးသဘောတူ

November 5, 2026

ဖလမ်း-ဟားခါးလမ်းမပေါ် သားအမိ ၃ ဦး နှင့် သုံးဘီးယာဉ်မောင်းသေဆုံးမှု ဖြစ်စဉ်အမှန်ပေါ်ပေါက်ရေးနှင့် တရားမျှတမှုရှိစေရေး ကြိုးပမ်းဆောင်ရွက်မည်ဟု CNO/CNDF ထုတ်ပြန်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.