Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မတ်လ ဒုတိယပတ် ချင်းမြောက်တိုက်ပွဲများတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၈ ဦး ကျဆုံးဟုဆို

မတ်လ ဒုတိယပတ် ချင်းမြောက်တိုက်ပွဲများတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၈ ဦး ကျဆုံးဟုဆို

0
By Editor on March 17, 2026 Khonumthung

(006SV)

ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းမြို့နယ်ထဲတွင် ချင်းတော်လှန်ရေးပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ်တို့ကြား တိုက်ပွဲများ ပြင်းထန်နေပြီး တစ်ပတ်အတွင်း ချင်းကာကွယ်ရေးတပ်ဖွဲ့များမှ ဗိုလ်ကြီး အပါအဝင် ၈ ဦး ကျဆုံးကြောင်း သိရသည်။

ကလေး- ဖလမ်းမြို့ကြားတွင် ထိုးစစ်ဆင်လာသော စစ်ကော်မရှင်တပ်ဖွဲ့များကို ချင်းပူးပေါင်းတပ်က ခုခံတိုက်ခိုက်လျက်ရှိရာ CDF – ဇိုဖေ၊ တပ်ရင်း (၁) မှဆလိုင်း ဗျက်လှေကျုံးသည် မတ်လ ၁၅ ရက်က တိုက်ပွဲတွင် ကျင်းဆုံးသွားသည်ဟု CDF – Zophei ထံမှ သိရသည်။

CDF – Zotung တပ်ဖွဲ့ဝင် ဆလိုင်းခင်ဘွေး (မာစတာ)သည်လည်း စစ်ကော်မရှင်တပ် စစ်ကြောင်းကို ကလေး- ဖလမ်းကြားရှိ စစ်ဆင်ရေးတွင် မတ်လ ၁၅ ရက်က ကျဆုံးသွားသည်ဟု သိရသည်။

အလားတူ မတ်လ ၁၅ ရက်နေ့မှာပဲ CDF-Hualngoram မှ အသက် ၂၃ နှစ်အရွယ် ရဲဘော် Vanneihhlua ကျဆုံးကာ ချင်းအမျိုး သားတပ်ဦး (CNF/ CNA) မှ အသက် ၁၈ နှစ်အရွယ် ရဲဘော် မောင်ကြီးတို့ ရှေ့တန်း စစ်မြေပြင် တစ်နေရာတွင် ကျဆုံးခဲ့သည်ဟု သိရသည်။

မတ်လ ၁၃ ရက်ကလည်း ဖလမ်းမြို့တွင် စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ရာ ချင်းအမျိုုးသား တပ်မတော် (CNA) မှ ဗိုလ်ကြီး ဥာဏ်လင်းအောင်၊ ဒုတပ်ကြပ် ရဲမေ မန်ဒိတ်နွမ်နှင့် ရဲဘော် ရှန်းဗျက်တို့ ကျဆုံးရသည်ဟု သိရသည်။

မတ်လ ၁၃ ရက်က ထန်တလန်မြို့အတွင်း ဖြစ်ပွားနေသော တိုက်ပွဲများတွင် CDF – ထန်တလန်၏ ကွန်မန်ဒိုတပ်မှူး ဆလိုင်း ဗန်နွန်ဟမ် (Salai Van Nun Ham) သည်လည်း မတော်တဆ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ကျဆုံးသွားကြောင်း သိရသည်။

လက်ရှိတွင် စစ်ကော်မရှင်တပ်သည် ဖလမ်းမြို့နယ်ရှိ Sumhrang ၊ Khuangli နဲ့ Lumbang ကျေးရွာတို့တွင် ခြေကုတ်ယူတပ်စွဲပြီး ဖလမ်းမြို့နှင့် ဆူးရ်ဘုန်လေဆိပ်ဆီသို့ ဦးတည်ကာ ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။

၂၀၂၅ နိုဝင်ဘာလမှ ၂၀၂၆ ဖေဖော်ဝါရီလအထိ ချင်းမြောက်ပိုင်းဒေသ တိုက်ပွဲများတွင် CNA ၊ CNDF ၊ CDFs များ အပါအဝင် ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင် ၄၂ ဦးထက်မနည်းလည်း ကျဆုံးပြီး ၁၀၀ ကျော် ထိခိုက်ဒဏ်ရာများ ရရှိကြောင်း ချင်းရေးရာအဖွဲ့ချုပ် ICA ၏ စာရင်းများ အရ သိရသည်။

ဝေဘူလ- ဖလမ်းနှင့် သိုင်းငင်း- ဖလမ်းလမ်းကြောင်းတို့မှတက်လာသော အင်အား ၁၀၀၀ ခန့်ရှိ စစ်ကော်မရှင်တပ်သည် ဖလမ်းမြို့ စစ်ဆင်ရေးမှာ ချင်းတော်လှန်ရေး ပူးပေါင်းတပ်များက ဒရုန်းအပါအဝင် နည်းမျိုးစုံဖြင့် ခုခံတွန်းလှန်မှုကြောင့် စစ်ကော်မရှင် တပ်ဖွဲ့ဝင် ၂၀၀ ကျော် သေဆုံးပြီး စစ်သုံ့ပန်း ၄၀ ကျော် ဖမ်းဆီးရမိသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

အရွယ်ရောက်ပြီးသူ ချင်းပြည်သူတရပ်လုံး စစ်မှုထမ်းရန် CNF အထူးတိုက်တွန်း

CDF – အရှို ရဲဘော်တစ်ဦး လေကြောင်းတိုက်ခိုက်မှုအတွင်း ကျဆုံး

NUG အစိုးရနှင့် ချင်းပြည်အစိုးရတို့ကြား လူသားစာနာကဏ္ဍမှာ ပူးတွဲ လုပ်ဆောင်မည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.