Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မလေးရှား UNHCR ရုံးရှေ့မှာ ချင်းလူမျိုး ၃၀၀ ခန့် ဆန္ဒပြပြီး အချက် ၇ ချက် တောင်းဆို

မလေးရှား UNHCR ရုံးရှေ့မှာ ချင်းလူမျိုး ၃၀၀ ခန့် ဆန္ဒပြပြီး အချက် ၇ ချက် တောင်းဆို

0
By Editor on September 26, 2024 Khonumthung

(006SV)

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)ရှေ့တွင် ယနေ့မနက်ပိုင်းက ချင်းလူမျိုး ၃၀၀ ခန့်က ဆန္ဒပြခဲ့ကြပြီး ကျန်းမာရေးစောင့်ရှောက်မှုရရှိရန်အပါအဝင် အချက် ၇ ချက်ကို တောင်းဆိုခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၂၆ ရက် မနက် ၁၀ နာရီခန့်က မလေးရှားနိုင်ငံ၊ UNHCR ရုံးရှေ့တွင် ချင်းဒုက္ခသည်များ မဟာမိတ်အဖွဲ့ – ACR က ဦးဆောင်၍ မလေးရှားရောက် ချင်းလူမျိုးများ၊ CDM ရဲနှင့် စစ်သားများ၊ ကျန်းမာရေးဆေးကုမှုရရှိရန် လိုအပ်နေသူများအပါအဝင် လူဦးရေ ၃၀၀ ခန့်က ဆန္ဒပြတောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဒုက္ခသည်အရေးတွေမှာ UN ရုံးရှေ့က လုံခြုံရေးတွေက မောင်းထုတ်တာတို့ အရာရှိနဲ့ ပေးမတွေ့တာတို့ ဖြစ်လာတဲ့အခါမှာ ကျနော်တို့က အကြိမ်ကြိမ် တင်ပြတယ်။ ပြီးတော့ UNHCR က အဓိက လမ်းညွန်ထားတာရှိတယ်။ ငါတို့ ဘယ်ဟာတွေကို ဦးစားပေးလုပ်ပေးမယ်ဆိုတာ ဦးစားပေးကို မလိုက်နာတဲ့အခါမှာ ကျနော်တို့က တင်ပြတယ်။ သူတို့က မလုပ်ပေးကြဘူး။ ဒီကိစ္စတွေကို သွားပြောပြတာ ဖြစ်တယ်။ လုံခြုံရေးက လုံခြုံရေးအလုပ်ကို လုပ်ရမယ်။ ဒုက္ခသည်နဲ့ ပတ်သက်ပိုင် ခွင့်မရှိဘူးပေါ့နော်” ဟု ချင်းဒုက္ခသည်များ မဟာမိတ်အဖွဲ့ – ACR ဥက္ကဌ James Bawi Thang Bik က ပြောသည်။

တောင်းဆိုထားသည့် အချက် ၇ ချက်မှာ ဒုက္ခသည်များကို လုံခြုံရေး အစောင့်များက ရိုင်းစိုင်းစွာဆက်ဆံမှုကို အဆုံးသတ်ပေးပြီး အထင်မြင်သေးခြင်း၊ ခွဲခြားဆက်ဆံခြင်းမရှိဘဲ ကောင်းမွန်စွာ ဆက်ဆံပေးရန်၊ လုံခြုံရေးအစောင့်များ၏ အခန်းကဏ္ဍကို ရှင်းလင်းစွာ သတ်မှတ်ပေးရန်တို့ဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေများကို သက်ဆိုင်ရာ အမှုကိုင်ဝန်ထမ်းများမှ ဂိတ်ပေါက်တွင် လာရောက်စစ်ဆေးပေးပြီး လိုအပ်ပါက ချက်ချင်းအကူအညီပေးရန်၊ မိဘမဲ့ကလေးများ၊ ပြုစုစောင့်ရှောက်သူမရှိသည့် သက်ကြီးရွယ်အိုများနှင့် အရေးပေါ်ဥပဒေဆိုင်ရာအကာအကွယ် လိုအပ်နေသူများကို UNHCR မှ သတ်မှတ်ချက်အတိုင်း ချက်ချက်တုံ့ပြန်ကူညီပေးရန်တို့လည်း ပါဝင်ကြောင်း သိရသည်။

၂၀၁၉ – ၂၀၂၀ ခုနှစ်က မှတ်ပုံတင်လျှောက်ထားသူများကို မှတ်ပုံတင်ပေးခြင်းကို ပိုမိုလျှင်မြန်စွာဆောင်ရွက်ပေးရန်နှင့် ၂၀၁၈ ခုနှစ်က ချင်းဒုက္ခသည်များအပေါ် ကပ်ရပ်ဆိုင်းမှု မူဝါဒကာလအတွင်းက UNHCR ကတ်များ သိမ်းဆည်းခံရသော ချင်းဒုက္ခသည်မျာကို တိုက်ရိုက်ဝင်ရောက်ခွင့်ပြုရန်တို့ တောင်းဆိုခဲ့ကြောင်း သိရသည်။

၂၀၁၈ ခုနှစ်က ချင်းဒုက္ခသည်များ၏ UNHCR ကတ် တစ်သောင်းခြောက်ထောင်ကျော်ကိုသိမ်းခဲ့ပြီး အများစုကို ပေးခဲ့သော်လည်း ပြန်မပေးမှုများရှိနေကြောင်း သိရသည်။

လက်ရှိ မလေးရှားနိုင်ငံတွင် ချင်းလူမျိုး ၈၀,၀၀၀ ကျော်ရှိနေပြီး တချို့မှာ အထောက်အထားမရှိခြင်းကြောင့် ဖမ်းဆီးခံရမှုများနှင့် ဘေးကင်းလုံခြုံရေးပြသနာများ၊ ကျန်းမာရေးဆေးဝါးကုသရန် အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဇူလိုင်လ ၉ ရက်မှ ၁၆ ရက်အထိ ချင်းအပါအဝင် နိုင်ငံတဝန်း မိုးကြီးမည်

CDF – ဟားခါး စစ်စခန်းတစ်ခု ပစ်မှတ်တိတိကျကျဖြင့် ဂျက်ဖိုက်တာ ၂ စီး၊ Y – 12 လေယာဉ်တို့ဖြင့် ဗုံးကြဲခံရ

မင်းတပ်မြို့ ထပ်မံ ဗုံကြဲခံရပြီး ဒေသခံတချို့ ထိခိုက်မှုများရှိ၊ နေအိမ် ၁၀ လုံးကျော် ပျက်စီး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
July 8, 2026

ဇူလိုင်လ ၉ ရက်မှ ၁၆ ရက်အထိ ချင်းအပါအဝင် နိုင်ငံတဝန်း မိုးကြီးမည်

July 8, 2026

ကလေးမြို့ပေါ်တွင် စစ်ဘေးရှောင်လာသော ခမ်းပတ်ဘက်ကဒေသခံများ အကူအညီလိုအပ်နေ

July 7, 2026

တွန်းဇံက စစ်ဘေးရှောင်ထောင်ချီ ဆေးဝါးအပါအဝင် လူသားစာနာအကူအညီများ အရေးပေါ် လိုအပ်နေ

July 7, 2026

CDF – ဟားခါး စစ်စခန်းတစ်ခု ပစ်မှတ်တိတိကျကျဖြင့် ဂျက်ဖိုက်တာ ၂ စီး၊ Y – 12 လေယာဉ်တို့ဖြင့် ဗုံးကြဲခံရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.