Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မဟာမြိုင်ကားလမ်းပိတ်ခြင်းကြောင့် ကလေးမြို့တွင် ကုန်စျေးနှုန်များမြင့်တက်နေ

မဟာမြိုင်ကားလမ်းပိတ်ခြင်းကြောင့် ကလေးမြို့တွင် ကုန်စျေးနှုန်များမြင့်တက်နေ

0
By Editor on June 15, 2024 Khonumthung

(002MG)

စစ်ကိုင်းတိုင်း၊ ကလေးမြို့နှင့် မန္တလေးမြို့တို့ ဆက်သွယ်ထားသည့် မဟာမြိုင်ကားလမ်း ပိတ်ထားမှုကြောင့် ကလေးမြို့တွင် အခြေခံစားသောက်ကုန်များ အဆမတန်စျေးတက်လာသည့်အပြင် ဒီဇယ်များလည်း ပြတ်လပ်လာသည်ဟု သိရသည်။

ကလေးမြို့ ဒေသခံ အိမ်ရှင်မတဦးက”ကုန်စျေးနှုန်းက တအား ကြီးတယ် အရင်က တထောင်ဆိုရင် အခုဆို ၂ ဆလောက်တက် တယ်၊အစစ အရာရာစျေးကြီးနေပါတယ်၊အခုက ဒီဇယ်ပြတ်နေတာ” ဟု ပြောသည်။

မဟာမြိုင်ကားလမ်းသည် ကလေး-ကလေးဝ-ရေဦးနှင့် မန္တလေးမြို့များသို့ အဓိကဆက်သွယ်ထားသည့်လမ်းဖြစ်ပြီး လက်ရှိ ကားလမ်းပိတ်နေသည်မှာ ရက်သတ္တပတ်နှစ်ပတ်ကျော်ရှိနေပြီးဖြစ်ကာ ကုန်တင်ကား ဝင်ရောက်မူမရှိသောကြောင့် အခြေခံစားသောက်ကုန်ဈေးနှုန်းများ မြင့်တက်လာခြင်းဖြစ်သည်။

“အခုကြက်ဥဆိုရင် ဖောက်သည်စျေးတောင် တလုံးကို ၄၅၀ ကျော်သွားပြီ။ ဆီစျေး၊ဓာတ်ဆီဆိုရင် တအားတက်တာ အရင်က ပုံးနဲ့ဝယ်လို့ရတာအခုဆို ဆုင်ကယ်ထဲပဲ ထည့်ပေးတော့တာ၊ မဟာမြိုင်လမ်းပိတ်ရင် ကလေးမြို့ကကုန်စည်စီး ဆင်းမူက ရပ်သွားတာဆိုတော့ မနက်စျေးနဲ့ညနေစျေးတောင်မတူဘူး၊ကုန်စျေးနှုန်းကတော့ အတက်ကြီးပဲ တောက် လျှောက် ပြည်သူတွေကတာ့ အစောကြီးဒုက္ခရောက်ကြပ်တည်းနေတဲ့အချိန်မှာ အခုလို ကုန်စျေးနှုန်းတက်တော့ပိုဆိုး တာပေါ့၊လုပ်အားခကမတက်ဆိုတော့” ဟု ကလေးမြို့ဒေသခံအမျိုးသားတဦးက ပြောသည်။

လက်ရှိ ကလေးမြို့တွင် ကြက်ဥ တလုံး ၅၅၀ ကျပ်၊ ခရမ်းချဥ်သီး တပိဿာ ၆၀၀၀ ကျပ်၊ ကြ က်သား ၁ ပိဿာ ၂၄၀၀၀ ကျပ်အထိ စျေးမြင့်တက်နေကာ အခြား ကုန်ပစ္စည်းစျေးနှုန်းများလည်း နေ့စဥ်မြင့်တက်နေသည်ဟု သိရသည်။

ကလေးမြို့ မြတ်မေတ္တာမွန် ဆီဆိုင်တွင် ဓာတ်ဆီ တဂါလံ ၂၀၅၀၀ ကျပ်၊ဒီဇယ် တဂါလံ ၂၂၀၀၀ ကျပ်ရှိသော်လည်း ဒီဇယ်ဝယ်ယူရန်မရှိသည်အထိ ပြတ်လပ်သွားသည်ဟု သိရသည်။

မဟာမြိုင်လမ်းမကြီးသည် ပိတ်ထားဆဲဖြစ်သောကြောင့် ကလေးမြို့မှ ရန်ကုန်သို့ ခရီးသည်ကားများသည် ကလေး-ဟားခါး-ဂန့်ဂေါ လမ်းဖက်သို့ ပြေးဆွဲနေကာ လူတဦးလျှင် ကားခ ငွေကျပ်၂၂၀,၀၀၀ ရှိပြီး ခရီးသွားထောက်ခံစာနှင့် မှတ်ပုံတင်ဖြင့်သာ ကားလက်မှတ် ရောင်းချပေးသည်ဟု ကားလိုင်းပြေးဆွဲသူများထံမှ သိရသည်။

လက်ရှိ ကလေးမြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့သည် သူနာပြုကျောင်းရှေ့နဲလမ်းဆုံလမ်းခွနေရာတို့တွင် စစ်ဆေးရေးပို တင်းကြပ်လာကာ ပြည်သူများ ၏ လက်ကိုင်ဖုန်းများစစ်ဆေးကာ VPN (Virtual Private Network) ဆော့ဝဲ တွေ့ရှိပါက ငွေကျပ် ၂ သိန်းထိ ဒဏ်ငွေပေးဆောင်ခိုင်းသည်ဟု ကလေးမြို့များထံမှ သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

ရခိုင်ရေဘေးအတွက် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ MTC / MDF က ကျပ်သိန်း ၅၀ ထောက်ပံ့ကူညီ

မလေးရှားမှာ ချင်းလူမျိုးအပါအဝင် အထောက်အထားမဲ့နိုင်ငံခြားသားအများအပြားဖမ်းဆီးခံနေရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
July 18, 2026

မံဆောင်းတံတား ပြန်လည်အသုံးပြုဖြတ်သန်းနိုင်ပြီ

July 17, 2026

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

July 17, 2026

စစ်တပ်ထိန်းချုပ်သည့် ဖလမ်းမြို့တွင် နေရပ်ပြန်ပြည်သူများ နှိပ်စက်သတ်ဖြတ်ခံရမှုနှင့် အကြောင်းရင်းမသိ သေဆုံးမှုများလာ၍ စိုးရိမ်မှုမြင့်တက်

July 16, 2026

နိုင်ငံ၏ အုပ်ချုပ်ရေးသည် နေပြည်တော်မှာပဲ သီးသန့်မရှိတော့ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံအပြီး SCEF က ထုတ်ပြန်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.