(005MK)
မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းမြို့ Tlangsam Dinthar ရပ်ကွက်တွင် ရေသိုလှောင်ကန်အတွင်း သန့်ရှင်းရေး ဝင်လုပ်သူ ၂ ဦး အောက်ဆီဂျင်ပြတ်လပ်၍ သေဆုံးမှု ယနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့သည်ဟု သိရသည်။
ယနေ့ နံနက် ၁၀ နာရီခန့်က Champhai, Tlangsam Dinthar ရပ်ကွက်ရှိ Pi F Hrangmawii ၏ ရေသိုလှောင်ကန်ကို သန့်ရှင်းရေးလုပ်ရန် ဆင်းသူနှင့် ၎င်းအား ကယ်ထုတ်ရန် ဆင်းသူ ၂ ဦးစလုံး သေဆုံးသွားခဲ့ခြင်းဖြစ်သည်။
Pi F Hrangmawii သည် ၎င်း၏ ရေသိုလှောင်ကန်ကို သန့်ရှင်းရေးလုပ်ရန် Vanlalpeka နှင့် Vannunmawia တို့နှစ်ဦး ကိုငှားရမ်းခဲ့သည်ဟု သိရ သည်။
အဆိုပါ ရေသိုလှောင်ကန်အတွင်းသို့ Vanlalpeka သည် ရှေ့ဆုံးမှ စတင်ဆင်းသွားခဲ့ရာ ဆင်းဆင်းချင်းမှာပင် လဲကျ သွားခဲ့ပြီး ၎င်းလဲကျသွားသည်ကို မြင်သောအခါ ကူညီရန်အတွက် Vannunmawia နှင့် အနီးနားတွင်အလုပ် လုပ်နေ ကြသော Lalengmawia၊ Lalhmingthanga တို့ ကန်အတွင်းသို့ ချက်ချင်း ခုန်ဆင်းခဲ့ကြသည်ဟု သိရသည်။
ထို့နောက် Vanlalpeka နှင့် ၎င်းအား ကူညီရန် ဆင်းသွားသည့် Lalengmawia၊ Vannunmawia တို့မှာ သတိလစ်သွား ကြသည်ဟုဆိုသည်။
အနီးအနားတွင် ရှိနေသူများက ချက်ချင်း လာရောက်ကယ်ဆယ်ခဲ့ကြပြီးနောက် Vanlalpeka၊ Lalengmawia နှင့် Vannunmawia တို့ကို ဆေးရုံသို့ ချက်ချင်း ပို့ဆောင်ပေးခဲ့သော်လည်း Vanlalpeka (၃၉ နှစ်) နှင့် Lalengmawia (၃၃ နှစ်) တို့မှာ အသက်ဆုံးရှုံးသွားသည်ဟု သိရသည်။
Vanlalpeka နှင့် Vannunmawia တို့မှာ ရေကန်သန့်ရှင်းရေးလုပ်ရန် Pi F Hrangmawii မှ ငှားရမ်းထားသူများ ဖြစ်ကြ ပြီး၊ Lalengmawia နှင့် Lalhmingthanga တို့မှာမူ အနီးအနားတွင် အလုပ်လုပ်ရန် ရောက်ရှိနေသူများ ဖြစ်ကြသည်။
အဆိုပါ ရေကန်မှာ ၇ ပေခန့် နက်ပြီး ရေ ၂ ပေခန့် ရှိသည်။ ကယ်ဆယ်ရေး ဆောင်ရွက်သူများ၏ ပြောပြချက်အရ ရေကန်အတွင်း လေထု (အောက်ဆီဂျင်) မရှိဘဲ အလွန် အနံ့ဆိုးရွားကြောင်း သိရသည်။
Vanlalpeka နှင့် Lalengmawia တို့၏ ရုပ်အလောင်းများကို မနက်ဖြန်တွင် သင်္ဂြိုဟ်မည်ဖြစ်ပြီး Lalengmawia မှာ Chalrang ရွာဇာတိဖြစ်ပြီး Tlangsam တွင် လာရောက်နေထိုင်သူ ဖြစ်သည်။
Video- Maipawl

