Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုရမ်ပြည်နယ်က စစ်ဘေးရှောင်များကို နယ်စပ်တစ်နေရာမှာ တစုတစည်းထားရှိရန် စီစဉ်

မီဇိုရမ်ပြည်နယ်က စစ်ဘေးရှောင်များကို နယ်စပ်တစ်နေရာမှာ တစုတစည်းထားရှိရန် စီစဉ်

0
By Editor on November 27, 2024 Khonumthung

(005MK)

မီဇိုရမ်ပြည်နယ်မှာ ဝင်ရောက်ခိုလုံနေကြသော မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် မဏိပူရ်ပြည်နယ်တို့က စစ်ဘေးရှောင်များကို နယ်စပ်တစ်နေရာမှာ တစုတစည်းတည်းထားရှိရန် စီစဉ်နေကြောင်း မီဇိုရမ်အစိုးရပြည်ထဲရေးဝန်ကြီးကပြောသည်။

မီဇိုရမ်ပြည်နယ် စစ်ဘေးရှောင်အရေးဆောင်ရွက်နေသော High Level Committee on Indigenous Internal Displaced Persons ဥက္ကဌလည်းဖြစ်သည့် ပြည်ထဲရေးဝန်ကြီး Pu K. Sapdanga က မိမိအသက်လုံခြုံရေးအတွက် မီဇိုရမ်ပြည်နယ်ထဲ ထွက်ပြေးခိုလုံလာကြသော စစ်ဘေးရှောင်များ တစ်နေရာထဲ စုပေါင်းနေထိုင်နိုင်မည့် မြေနေရာများ ရှာဖွေနေဆဲဖြစ်သည်ဟု မီဇိုရမ်နေ့စဉ်သတင်း LPS သတင်းကဖော်ပြသည်။

မဏိပူရ်ပြည်နယ်ကနေ ထွက်ပြေးလာကြသော ဇိုး (ချင်း) မျိုးနွယ်စုစစ်ဘေးရှောင်များနေထိုင်ရန် မီဇိုရမ် နှင့် အာသံပြည် နယ် နယ်စပ်တွင် မြေနေရာရှာဖွေနေပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဝင်ရောက်လာသူများအတွက်လည်း မီဇိုရမ်ပြည်နယ် CADC ဧရိယာနယ်မြေထဲတွင် မြေနေရာရှာဖွေနေဆဲဖြစ်သည်ဟု ဖော်ပြသည်။

ထိုနည်းတူ မြန်မာနိုင်ငံက စစ်ဘေးရှောင်များအတွက်လည်း တနေရာထဲ စုပေါင်းနေထိုင်နိုင်ရေးအတွက် နယ်စပ် တစ်နေရာမှာ မြေနေရာရှာဖွေပေးနေသည်ဟု ပြည်ထဲရေးဝန်ကြီးကပြောသည်။

ယခုလက်ရှိတွင် မီဇိုရမ်ပြည်နယ်က စစ်ဘေးရှောင်များသည် အစိုးရကစီစဉ်ပေးထားသည့် စစ်ဘေးရှောင်စခန်းများနှင့် အစိုးရ အဆောက်အအုံ၊ ရပ်ရွာအဆောက်အအုံများတွင် ပြန့်နှံ့နေထိုင်နေကြရပြီး အလှူရှင်များနှင့် အစိုးရတို့၏ ကူညီထောက်ပံ့မှုဖြင့်သာ ရပ်တည်နေကြရသည်ဟု သိရသည်။

စစ်ဘေးရှောင်များအနေဖြင့် အလှူရှင်များ၏ ကူညီထောက်ပံ့မှုတစ်ခုတည်းအပေါ်မှာ မှီခိုအားထားမနေဘဲ မိမိဘာသာ ရပ်တည်နိုင်ရေးအတွက် လုပ်ငန်းများလည်းရှာဖွေလုပ်ကိုင်နိုင်ရေးအတွက် ရည်ရွယ်ကာ ယခုကဲ့သို့ စီစဉ်လာရခြင်းဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီးကပြောသည်။

ယခုကဲ့သို့စီစဉ်ဆောင်ရွက်ခြင်းသည် စစ်ဘေးရှောင်များကို မီဇိုရမ်ပြည်နယ်တွင် တသက်လုံးနေထိုင်နိုင်ရန် ရည်ရွယ် ခြင်းမဟုတ်ဘဲ ၎င်းတို့နိုင်ငံဒေသ တည်ငြိမ်အေးချမ်းမှုမရှိသေးသည့်ကာလအတွင်း မိမိဘာသာရပ်တည်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးခြင်းသာဖြစ်သည်ဟု မီဇိုရမ်ပြည်ထဲရေးဝန်ကြီးကပြောသည်။

ယခုလက်ရှိ မီဇိုရမ်ပြည်နယ်တွင် စစ်ဘေးရှောင်ဦးရေ စုစုပေါင်း ၄၃၇၈၈ ရှိပြီး ယင်းအနက် မြန်မာစစ်ဘေးရှောင် ၃၃၇၆၄၊ ဘဂ်လားဒေရှ့်နိုင်ငံမှ ၂၀၁၄ ၊ မဏိပူရ်ပြည်နယ်မှ စစ်ဘေးရှောင် ၈၀၁၀ ဦးရှိသည်ဟု ပြည်ထဲရေးဝန်ကြီးဌာန၏ စာရင်းအရ သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဖလမ်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာထုတ်ယူရန် လျှောက်ထားနိုင်ပြီဟုဆို

ပလက်ဝမြို့နယ်အတွင်း ရခိုင်ဘာသာသင်ရိုးသစ်သင်ကြားမှုမှာ မသင်မနေရ အတင်းအဓမ္မ သင်ယူခိုင်းခြင်းမျိုးမဟုတ်ဟု အာရက္ခအမျိုးသားပညာရေးဌာနထုတ်ပြန်

တွန်းဇံမြို့နယ်တွင် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ လူငယ်တစ်ဦး သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 10, 2026

ဇမ်ပီးရွာရှိ ZRA-EC စခန်းကို ZNA က ဝင်ရောက်တိုက်ခိုက်ရာ ZRA-EC ရဲဘော်တစ်ဦးသေဆုံး

September 10, 2026

ဖလမ်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာထုတ်ယူရန် လျှောက်ထားနိုင်ပြီဟုဆို

September 9, 2026

ပလက်ဝမြို့နယ်အတွင်း ရခိုင်ဘာသာသင်ရိုးသစ်သင်ကြားမှုမှာ မသင်မနေရ အတင်းအဓမ္မ သင်ယူခိုင်းခြင်းမျိုးမဟုတ်ဟု အာရက္ခအမျိုးသားပညာရေးဌာနထုတ်ပြန်

September 9, 2026

တွန်းဇံမြို့နယ်တွင် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ လူငယ်တစ်ဦး သေဆုံး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.