Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုရမ်ပြည်နယ်က သဘာဝဘေးဒဏ်သင့်ပြည်သူများအတွက် အမေရိကန်အခြေစိုက် ချင်းအဖွဲ့အစည်းများက ရူပီး ၇ သိန်းနီးပါးလှူဒါန်း

မီဇိုရမ်ပြည်နယ်က သဘာဝဘေးဒဏ်သင့်ပြည်သူများအတွက် အမေရိကန်အခြေစိုက် ချင်းအဖွဲ့အစည်းများက ရူပီး ၇ သိန်းနီးပါးလှူဒါန်း

0
By Editor on June 14, 2024 Khonumthung

(005MK)

မီဇိုရမ်ပြည်နယ်တွင် ဆိုင်ကလုန်း Remal မုန်တိုင်းကြောင့် မိုးများပြီး မြေပြိုမှုအကြီးအကျယ်ဖြစ်ပွားကာ လူပေါင်း ၃၀ ကျော် အသက်ဆုံးရှုံးမှုဖြစ်ပွားခဲ့သော သဘာဝဘေးဒဏ်သင့်ပြည်သူများကူညီရန် အမေရိကန်အခြေစိုက် ချင်းအဖွဲ့အစည်းများက ရူပီးငွေ ၇ သိန်းနီးပါး ပေးအပ်လှူဒါန်းခဲ့သည်ဟု သိရသည်။

အမေရိကန်အခြေစိုက် ချင်းအဖွဲ့အစည်းများမှ ပေးပိုသည့် အလှူငွေ စုစုပေါင်း ရူပီး ၆၈၂,၀၀၀ ကို ၎င်းတို့ကိုယ်စား ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) တာ၀န်ရှိပုဂ္ဂိုလ်များက မီဇိုးလူငယ်အသင်း Central YMA ထံ ယနေ့ ဇွန်လ ၁၄ ရက် တွင် ပေးအပ်ခဲ့သည်ဟု Rihli Voice ကဖော်ပြသည်။

ထိုသို့ ပေးပို့သည့် အဖွဲ့အစည်းများမှာ Chin Association of Maryland, USA မှ ရူပီး ၈၂,၀၀၀ ၊ Chin Community of USA ၊ Chin TV, USA နှင့် Chin Crises Relief Community of USA မှ ရူပီး ၆ သိန်းတို့ဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လ ၃ ရက်နေ့ကလည်း သဘာဝ ဘေးဒဏ်သင့်ပြည်သူများအတွက် ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) မှ CYMA ထံ ရူပီး ၁ သိန်းပေးအပ်လှူဒါန်းခဲ့ပြီး Chin Baptist Association, North America (CBANA) ကလည်း သဘာဝဘေးဒဏ်သင့်ပြည်သူများအတွက် ပြည်နယ်ဝန်ကြီးချုပ်ထံမှတဆင့် အလှူငွေ ဒေါ်လာ ၅၀၀၀ ပေးအပ်ခဲ့ကြောင်းသိရသည်။

အလားတူ အခြားသော ချင်းအရပ်ဖက်အဖွဲ့အစည်းများကလည်း မီဇိုရမ်ပြည်နယ်အတွက် အလှူငွေများ အသီးသီး ပေးအပ်လှူဒါန်းမှုများလည်းရှိခဲ့သည်။

မြန်မာစစ်ဘေးရှောင် ၃ သောင်းကျော်ခိုလုံကြသော မီဇိုရမ်ပြည်နယ်တွင် မေလ ၂၇ ရက်က တိုက်ခတ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း Remal ကြောင့် လူဦးရေစုစုပေါင်း ၃၄ ဦးသေဆုံးခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

သင်္ချိုင်းအုတ်ဂူမှာ မီဇိုးဘာသာစကား မသုံးလိုသူများအတွက် သင်္ဂြိုဟ်ခွင့်မရှိကြောင်း Zokhawthar YMA က အသိပေး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.