(005MK)
မီဇိုရမ်ပြည်နယ်ရှိ မြန်မာစစ်ဘေးရှောင်များ၏ ဇီဝအချက်အလက်ကောက်ယူမှုသည် ၉၀ ရာခိုင်နှုန်းကျော် ပြီးစီးသွားပြီဟု ပြည်ထဲရေးဝန်ကြီးဌာနစာရင်းကို ကိုးကား၍ All India Radio News ကဖော်ပြသည်။
မီဇိုရမ်ပြည်ထဲရေးဝန်ကြီးဌာန၏ စာရင်းအရ ယခုလက်ရှိ မီဇိုရမ်ပြည်နယ်တွင် မြန်မာစစ်ဘေးရှောင် ၂၈၃၅၅ ဦးရှိသည့် အနက် ၂၆၃၈၁ ဦး၏ ဇီဝအချက်အလက် (biometric enrolment) ကို ကောက်ယူပြီးစီးပြီဖြစ်ကာ ယင်းသည် ၉၃.၄ ရာခိုင်နှုန်းရှိသည်ဟု ဖော်ပြသည်။
Aizawl၊ Lunglei၊ Champhai နှင့် Serchhip စသည့် ခရိုင် ၄ ခုစလုံးတွင် ဇီဝအချက်အလက်ကောက်ယူမှုအားလုံးပြီးစီးသွားပြီဟု ဆိုသည်။
ချင်းပြည်နယ် ဖလမ်းမြို့နယ်ဘက်တွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ဇန်နဝါရီ နှင့် ဖေဖော်ဝါရီ ပထမပတ်အတွင်း မြန်မာစစ်ဘေးရှောင် ၄၀၀ နီးပါး Champhai ခရိုင်ထဲဝင်ရောက်လာကြပြီး ၎င်းတို့ကိုလည်း အချက်အလက်များကောက်ယူပြီးစီးပြီဟု သတင်းစာကဖော်ပြသည်။
တချိန်တည်းမှာပဲ Siaha၊ Kolasib၊ Saitual၊ Mamit ၊ Khawzawl နှင့် Lawng tlai ခရိုင်ဘက်မှာတော့ လမ်းပန်းဆက်သွယ်ရေးအခက်အခဲတချို့ကြောင့် ဇီဝအချက်အလက်ကောက်ယူမှု မပြီးမြောက်နိုင်သေးဘဲ အနည်းငယ်ကျန်နေသေးကြောင်း ဖော်ပြထားသည်။

