Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုရမ်မှာ CC နှင့် ICNCC တို့ CNC အဖြစ် ပေါင်းစည်းနိုင်ရေး ထပ်မံဆွေးနွေး

မီဇိုရမ်မှာ CC နှင့် ICNCC တို့ CNC အဖြစ် ပေါင်းစည်းနိုင်ရေး ထပ်မံဆွေးနွေး

0
By Editor on October 19, 2026 Khonumthung

အဆိုပါဆွေးနွေးမှုကို CC ဒုဥက္ကဌ ဆလိုင်းမင်းညိုနှင့် ICNCC ဥက္ကဌ ထန်ချွမ်းဖေတို့ ဦးဆောင်တက်ရောက်

(006SV)

ချင်းလဲန်းကောင်စီ (CC) နှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) တို့၏ ထိပ်ပိုင်း ခေါင်းဆောင် များသည် အိုင်ဇောလ်မြို့တွင် ချင်းအမျိုးသားကောင်စီ (CNC) အဖြစ် ပေါင်းစည်းနိုင်ရေးအတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

အောက်တိုဘာလ ၁၆ ရက်နှင့် ၁၇ ရက်မှာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့တွင် CC နှင့် ICNCC တို့ တွေ့ဆုံခြင်းဖြစ်ပြီး ဘုံရန်သူ အာဏာသိမ်းစစ်တပ်ကို စည်းလုံးညီညွတ်စွာ တွန်းလှန်နိုင်ရေးနှင့် ချင်းပြည် ပြန်လည်တည်ဆောက်နိုင်ရေးအတွက် CNC အဖြစ် စုစည်းနိုင်ရေး ဆက်လက်ဆောင်ရွက်နေခြင်းဖြစ်သည်ဟု ချင်းအင်အားစုများနှင့် Times of India ထံမှ သိရသည်။

“လောလောဆယ်တော့ ကျနော်တို့ တွေ့ဆုံရုံပါ၊၊ ထူးထူးခြားခြား မဟုတ်ပါဘူး။ ကျနော်တို့ ဒီ Advocacy Group ရဲ့ ဦးဆောင်မှုနဲ့ ICNCC နဲ့ ချင်းလန်းကောင်စီတို့ ပြန်လည် ပေါင်းစည်းဖို့ ချင်းအမျိုးသားကောင်စီ အဖြစ်နဲ့ စုစည်းဖို့ ဆိုတာ လုပ်နေတာတော့ တစ်နှစ်ကျော် နှစ်နှစ် ကြာလာခဲ့ပြီ ပေါ့နော်။ ဒါ လုပ်ရိုးလုပ်စဉ် တွေ့နေကြ ကျနော်တို့ ဖြစ်စဉ်ပါပဲ။ ဘာမှတော့ ထူးထူးခြားခြားတော့ မရှိသေးပါဘူး။ အခု ကျနော်တို့ ဆက်ပြီးတော့မှ တွေ့ဆုံနိုင်ဖို့ကိုပဲ ပြောဆိုကြတာ ပေါ့နော်၊၊ နှစ်ဖက်အဖွဲ့တွေ တွေ့ဆုံကြတာပေါ့ အဲ့လောက်ပါပဲ။ ဆက်ပြီးတော့မှ သယ်ဆောင်ပြီး CNC ဖြစ်မြောက်ရေး ကို လုပ်ကိုင်ဆောင်ရွက်ဖို့ အဲ့လောက်ပဲ ရှိပါတယ်။ ဒါကို ချင်း နှစ်ဖွဲ့ ကွဲပြားခြင်းက မကောင်းဘူး၊ ဒါကြောင့် ဘာပဲဖြစ်ဖြစ် အမြန်ဆုံး စုစည်းပြီး နိုင်ငံရေး ဦးဆောင်မှု တစ်ခုအောက်မှာ သွားဖို့ ဆိုတာပါပဲ” ဟု အဆိုပါတွေ့ဆုံဆွေး နွေးမှုမှာ ပါဝင်သူတစ်ဦးက ပြောသည်။

ချင်းအမျိုးသားကောင်စီ (CNC) အဖြစ် ပေါင်းစည်းနိုင်ရေးအတွက် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်မှာ CC နှင့် ICNCC တို့သည် လက်မှတ်ရေးထိုးနိုင်ခဲ့ပြီးနောက် တစ်နှစ်ကျော်ကာလအတွင်း အကြိမ်ရေ အများအပြား တွေ့ဆုံ ဆွေးနွေးထားသည်။

နောက်ဆုံးဖြစ်ပေါ် တိုးတက်မှုအခြေအနေကို လတ်တလောမှာ ဖြေဆိုရန် မရှိသေးကြောင်း အဆိုပါတွေ့ဆုံဆွေး နွေးမှုမှာ ပါဝင်သူတစ်ဦးက ပြောသည်။

CNC အဖြစ် ပေါင်းစည်းရေး လမ်းပြမြေပုံကို မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Pu Lalduhoma ဖွဲ့စည်းပေးထားသော ငြိမ်းချမ်း ရေးအကျိုးဆောင်အဖွဲ့၏ ဦးဆောင်ကူညီမှုဖြင့် CC နှင့် ICNCC တို့ သဘောတူညီမှု ရရှိထားပြီဖြစ်သည်ဟု Times of India သတင်းက ရေးသားသည်။

ချင်းအမျိုးသားကောင်စီအဖြစ် စုစည်းနိုင်ရေးသည် ဦးဆောင်နေသော ခေါင်းဆောင်အသီးသီး၏ ခံယူချက်နှင့် ကြိုးစား ဆောင်ရွက်မှုအပေါ် မူတည်နေပြီး CNC ကို ချင်းပေါင်းစည်းရေး နောက်ဆုံးအခွင့်အရေးတစ်ခုအဖြစ် ခံယူ၍ ဆောင်ရွက် ကြရမည်ဟု အဆိုပါ တွေ့ဆုံဆွေးနွေးမှု ပါဝင်သူတစ်ဦးက ပြောသည်။

“အခုချိန်မှာ ကျနော်တို့မှာ အချိန်သိပ်မရှိတော့ဘူး။ ချင်းတွေအတွက် စုစည်းဖို့ အချိန် နည်းနည်းလေးပဲ ကျန်တယ်။ နိုင်ငံရေး အရရော စိန်ခေါ်မှု ထိုးနှက်ချက်တွေ ရှိတယ်။ နောက် စစ်ရေးအရ ဆိုရင်လည်း သိတဲ့အတိုင်းပဲ၊ သိမ်းပိုက် ပြီးသား စခန်းတွေက တစ်ခုပြီး တစ်ခု နဲ့ နောက်ဆုံး စစ်ရေးအရ ဆိုရင်လည်း စိန်ခေါ်မှု ကြီးကြီးမားမား ရင်ဆိုင် နေရတယ်။ ထို့အတူပဲ ဘယ်သူမှ ဒီအချိန်မှာ တစ်စုတစ်ဖွဲ့ အနေနဲ့ မာနထောင်လွှားလို့ ရတဲ့ ကာလ မဟုတ်ဘူး။ ဘယ်အဖွဲ့ ဖြစ်ဖြစ် အောင်မြင်အောင်ပဲ ကျနော်တို့ လုပ်ကြရလိမ့်မယ်။ မျှော်လင့်ချက် မရှိဘူး ဆိုရင်တောင်မှ ဒီလမ်းကြောင်းက လွဲလို့ ရွေးချယ်စရာ မရှိဘူး။ CNC လမ်းကြောင်း ဖြစ်ပေါ်ရေးဟာ ကျနော်တို့ အားလုံး CC မှာ ရှိတဲ့ ခေါင်းဆောင်တွေ ဖြစ်ဖြစ်၊ ICNCC မှာ ရှိတဲ့ ခေါင်းဆောင်တွေ ဖြစ်ဖြစ် ဒါဟာ မဖြစ်မနေ လျှောက်လှမ်းရမယ့်၊ ရအောင် လုပ်ရမယ့် တာဝန်တစ်ရပ် ဖြစ်တယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သွားမှ သာလျှင် ဒီဟာက အောင်မြင်မယ်ပေါ့နော်” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သော ရက်ပိုင်းက တွေ့ဆုံဆွေးနွေးမှုတွင် CC ဘက်မှ ကိုယ်စားလှယ် ၉ ဦး တက်ရောက်ခဲ့ပြီး CC ဒုဥက္ကဌ Salai Men Nyo၊ Pu Thang Ning Kee နှင့် Jacob V Zawma တို့လည်း ပါဝင်ကြောင်း၊ ICNCC ဘက်မှ ကိုယ်စားလှယ် ၁၅ ဦး တက်ရောက်ခဲ့ပြီး ICNCC ဥက္ကဌ Thang Chawn Pe၊ ချင်းပြည်နယ်ဝန်ကြီးချုပ်ဟောင်း Salai Lian Luai နှင့် CNO အတွင်းရေးမှူး Steven Pa Bia တို့လည်း ပါဝင်ကြောင်း သိရသည်။

“ အခု အခြေအနေမှာတော့ တကယ်တမ်း ချဉ်းကပ်တဲ့ နေရာမှာ တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှု တည်ဆောက်နိုင်ဖို့က တစ်စိုက်မတ်မတ်တော့ ကြိုးစားနေတယ်။ ဟိုအရင်ကတော့ ခေါင်းဆောင်တွေ တွေ့ဆုံမှုအပိုင်းတွေမှာ Top Leader (ထိပ်ပိုင်းခေါင်းဆောင်) တွေ မပါဝင်တဲ့ အခြေအနေမျိုးမှာ ရှိတယ်။ အခုကတော့ Top Leader တွေ ပါဝင်လာတဲ့ အခြေအနေမျိုးမှာတော့ လမ်းစတစ်ခုတော့ ဒီကနေ စပြီးတော့ ပွင့်လာမလား ဆိုတဲ့ အခြေအနေမျိုးတော့ ရှိမှာပေါ့နော်” ဟု အဆိုပါ တွေ့ဆုံမှုမှာ ပါဝင်သူတစ်ဦးက ပြောသည်။

CNC ပေါင်းစည်းရေး လမ်းပြမြေပုံအရ အဓိက ရည်မှန်းချက်များတွင် ချင်းပြည်သူများ၏ နိုင်ငံရေးမျှော်မှန်းချက်များကို အကောင်အထည်အဖော် နိုင်ရေး၊ ငြိမ်းချမ်ရေး တည်ဆောက်နိုင်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ ဖွဲ့စည်းပုံတစ်ရပ် တည်ဆောက် သွားရေးတို့လည်း ပါဝင်ကြောင်း Times of India သတင်းအရ သိရသည်။

ချင်းအင်အားစုများသည် ဒေသတွင်း၊ ပြည်နယ်အဆင့်နှင့် နိုင်ငံအဆင့်တို့တွင် ငြိမ်းချမ်းရေးနှင့် ဆွေးနွေးညှိနှိုင်းရေး လုပ်ငန်းစဉ်များကို ဆက်လက်လုပ်ဆောင်သွားရန်လည်း သဘောတူထားပြီး ယခင်က သဘောထား ကွဲလွဲမှုများကို ကျော်လွှာနိုင်ရေး၊ ပြန်လည်သင့်မြတ်ရေးနှင့် အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရေးတို့ကိုလည်း ဆက်လက်မြှင့် တင်သွားရန် သဘောတူကြကြောင်း သိရသည်။

CNC အဖြစ် ပေါင်းစည်းရေးမှာ အပြန်အလှန်ချိတ်ထားသော လုပ်ငန်းစဉ် ၂ ရပ် ရှိပြီး ပထမအဆင့်မှာ နှစ်ဖက်အင်အားစု များအကြား ယုံကြည်မှု တည်ဆောက်ရေး၊ တိုက်ခိုက်မှုများ ရပ်တန့်ရေးနှင့် အဖွဲ့ အသီးသီး၏ အုပ်ချုပ်ရေးနယ်မြေများ ကို အပြန်အလှန်လေးစားရေးတို့ကို အဓိက ဆောင်ရွက်သွားမည်ဟု သိရသည်။

ဒုတိယအဆင့်မှာ CC နှင့် ICNCC တို့ ကိုယ်စားလှယ်များ ပါဝင်သော ဦးဆောင်ကော်မတီတစ်ရပ်ဖွဲ့စည်းပြီး မီဇိုရမ် ဝန်ကြီးချုပ်ဖွဲ့စည်းပေးထားသော ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့နှင့်အတူ ပူးတွဲ အစည်းအဝေးနှင့် သီးခြားအစည်း အဝေးများ ပြုလုပ်ပြီး CNC ဖွဲ့စည်းနိုင်ရေးကို ဆောင်ရွက်မည်ဖြစ်သည်။

အဆိုပါဦးဆောင်ကော်မတီသည် CNC တရားဝင် ဖွဲ့စည်းနိုင်သည့်အချိန်အထိ အမြင့်ဆုံး ဆုံးဖြတ်ချက် ချနိုင်သော အဖွဲ့အဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပြီး နှစ်ဖက်အင်အားစုများ လိုက်နာရမည့် စည်းမျဉ်းများကို ရေးဆွဲခြင်း၊ ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်နိုင်ရေးနှင့် အဖွဲ့များအကြား ယုံကြည်မှု တည်ဆောက်ရေးအတွက် တိုက်ခိုက်မှု ရပ်တန့်ရေးကို ဦးစားပေးဆောင်ရွက်ခြင်းတို့ကို ပြုလုပ်သွားမည်ဖြစ်သည်။

မီဇိုရမ် ဝန်ကြီးချုပ်ဖွဲ့စည်းပေးထားသော ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့နှင့် CC ၊ ICNCC တို့ ပူးပေါင်းပြီး ပူးတွဲ အပစ်အခတ် ရပ်စဲရေး စောင့်ကြည့်ရေးကော်မတီကိုလည်း ဖွဲ့စည်းရန် သဘောတူထားသည်ဟု သိရသည်။

ဓာတ်ပုံ- ပုံအဟောင်း

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ICJ ၏ မြန်မာအပေါ် စီရင်ဆုံးဖြတ်ချက် လက်မခံဟု ချင်းပြည်သစ်ကွန်ဂရက်ပါတီ ထုတ်ပြန်

နိုင်ငံတဝန်း စစ်တပ်၏ ဒုတိယအကြီးဆုံး ထိုးစစ်ကို ခုခံကာကွယ်ထားနိုင်ကြောင်း CPA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်ပြော

ချင်းနိုင်ငံရေးသမား ဒေါက်တာငိုင်းတမ်မောင်း NUG အစိုးရအဖွဲ့၏ ပြည်ထောင်စုဝန်ကြီးဖြစ်လာ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 23, 2026

“ချင်းပြည်လွတ်မြောက်နိုင်ဖို့ အားလုံးကစုပြီးတော့မှ ခုခံတွန်းလှန်ရမယ်၊ တော်လှန်ရမယ်ဆိုတဲ့ အခြေခံပေါ်မှာ မူတည်ပြီးတော့မှ တွေ့ဆုံကြတာဖြစ်တယ်”

November 4, 2026

“ကျူးလွန်ခံရတဲ့ လူတိုင်းက တရားမျှတမှုကို လိုလားပြီး တောင်းတနေကြတယ်”

September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 24, 2026

ICJ ၏ မြန်မာအပေါ် စီရင်ဆုံးဖြတ်ချက် လက်မခံဟု ချင်းပြည်သစ်ကွန်ဂရက်ပါတီ ထုတ်ပြန်

November 23, 2026

နိုင်ငံတဝန်း စစ်တပ်၏ ဒုတိယအကြီးဆုံး ထိုးစစ်ကို ခုခံကာကွယ်ထားနိုင်ကြောင်း CPA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်ပြော

November 23, 2026

UNHCR ဝန်ဆောင်မှုတချို့ ရပ်ဆိုင်းခြင်းကြောင့် မလေးရောက်ချင်းလူမျိုးများ လုံခြုံရေး သတိပြုနေထိုင်ရန် ACR နှင့် CRC ထုတ်ပြန်

November 23, 2026

ကျွန်ုပ်တို့၏ ရင်သွေးငယ်များ ပျော်ရွှင်စွာ ဆော့ကစားရာ တစ်ချို့ပတ်ဝန်းကျင်တွင် မြေမြုပ်မိုင်းနဲ့ တခြားပေါက်ကွဲစေတတ်သောပစ္စည်းတွေကြောင့် အသက်အန္တရာယ် ခြိမ်းခြောက်မှုများ ရှိနေဆဲဖြစ်ပါသည်။ မိဘများနှင့် ဆရာ/ဆရာမများ ပူးပေါင်း၍ ကလေးများကို အမြဲတမ်း သတိပေးလမ်းညွှန်နေရန် လိုအပ်ပါသည်။

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.