Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»လာမည့် ၂၀၂၇ မှာ ချင်းအပါအဝင် နိုင်ငံတဝန်း မြို့ပေါင်း ၁၀၀ ကျော်မှာ အတုအယောင် ကြားဖြတ်ရွေးကောက်ပွဲ ထပ်မံကျင်းပမည်

လာမည့် ၂၀၂၇ မှာ ချင်းအပါအဝင် နိုင်ငံတဝန်း မြို့ပေါင်း ၁၀၀ ကျော်မှာ အတုအယောင် ကြားဖြတ်ရွေးကောက်ပွဲ ထပ်မံကျင်းပမည်

0
By Editor on July 31, 2026 Headline

(006SV)

လာမည့် ၂၀၂၇ ခုနှစ်မှာ ချင်းအပါအဝင် နိုင်ငံတဝန်းတွင် လစ်လပ်သွားသော လွှတ်တော်ကိုယ်စားလှယ် နေရာများနှင့် ရွေးကောက်ပွဲ မကျင်းပဖြစ်ခဲ့သော နေရာများအတွက် မြို့နယ်ပေါင်း ၁၀၀ ကျော်တွင် အတုအယောင် ကြားဖြတ်ရွေးကောက်ပွဲကို ထပ်မံကျင်းပမည်ဟု သိရသည်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သမ္မတရာထူး ရယူပြီး ရက် ၁၀၀ ပြည့်အဖြစ် ယနေ့ ဇူလိုင်လ ၃၁ ရက်မှာ အတုအယောင် ပြည်ထောင်စုလွှတ်တော်တွင် မိန့်ခွန်းပြောကြားရာ ကြားဖြတ်ရွေးကောက်ပွဲအကြောင်း ထည့်သွင်းအသိပေးလာခြင်းဖြစ်ပါသည်။

“အဖွဲ့တွေ ဖွဲ့စည်းရာမှာ လစ်လပ်သွားတဲ့ လွှတ်တော်ကိုယ်စားလှယ်နေရာများနဲ့ ရွေးကောက်ပွဲ မကျင်းပဖြစ်ခဲ့တဲ့ မဲဆန္ဒနယ်တွေရဲ့ လွှတ်တော်ကိုယ်စားလှယ် နေရာများအတွက် မဲအများဆုံးယူ အနိုင်ယူစနစ် FPTP နဲ့ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးရမယ့် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၈၉ နယ်၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၁၅ နယ်၊ တိုင်းသို့မဟုတ် ပြည်နယ် လွှတ်တော်မဲဆန္ဒနယ် ၆၈ နယ် စုစုပေါင်း မဲဆန္ဒနယ် ၁၇၂ နယ်၊ မြို့နယ် ၁၀၂ မြို့နယ်တို့မှာ သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲများကို ၂၀၂၇ ခုနှစ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲများ ပြုလုပ်နိုင်ဖို့အတွက်လည်း မဲဆန္ဒရှင်စာရင်းတွေ ပြုစုခြင်း၊ မဲပေးစက်များ ဖြန့်ခွဲခြင်းအပါအဝင် အစရှိတဲ့ ရွေးကောက်ပွဲ အကြိုလုပ်ငန်းစဉ်တွေကိုလည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ကြိုတင်ပြင်ဆင် ဆောင်ရွက်နေတယ်” ဟု စစ်တပ်အစိုးရ သမ္မတ မင်းအောင်လှိုင်က ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် ၂၀၂၅ ခုနှစ် နှောင်းပိုင်း နှင့် ၂၀၂၆ ခုနှစ်ဆန်းပိုင်းက ၃ ကြိမ်ခွဲ၍ ကျင်းပခဲ့သော စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၆၈၈ နယ်မှာ ရွေးကောက်ပွဲများကို အောင်မြင်စွာ ကျင်းပခဲ့ကာ လွှတ်တော် အသီးသီးအတွက် ကိုယ်စားလှယ် ၁၀၂၅ ဦးကို တင်မြှောက်ထားပြီဟု သိရသည်။

ပြီးခဲ့သည့် အတုအယောင် ရွေးကောက်ပွဲများတွင် ချင်းပြည်နယ်မှာ ၉ မြို့နယ် ရှိသည့်အနက်မှ ဟားခါးနှင့် တီတိန်းမြို့နယ်တို့တွင်သာ စစ်အုပ်စုက ရွေးကောက်ပွဲမျာကို ကျင်းပနိုင်ခဲ့ပြီး ကျန်မြို့နယ်များတွင် ကျင်းပနိုင်ခဲ့ခြင်း မရှိပေ။

လက်ရှိကာလတွင် ချင်းပြည်နယ်အတွင်းရှိ ဟားခါး၊ တီးတိန်အပြင် ဖလမ်း၊ တွန်းဇံ၊ ထန်တလန်မြို့တို့ကို အာဏာသိမ်းစစ်တပ်က ပြန်သိမ်းပိုက်ပြီး ချင်းတောင်ပိုင်း မြို့များကိုလည်း အင်အားထောင်ချီဖြင့် ပိတ်ဆို့ကာ ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း သိရသည်။

အသွင်းပြောင်းစစ်အစိုးရ၏ ရက် ၁၀၀ ပြည့် မိန့်ခွန်းတွင် အာဏာသိမ်းစစ်တပ်ကို တိုက်စွမ်းအား ရှိဖို့ရန် လိုအပ်သော အရင်းအမြစ်များ ရရှိနိုင်ရေးအတွက် မူဝါဒများ ချမှတ်ပြီး ဆောင်ရွက်မှာဖြစ်သကဲ့သို့ စစ်မှုထမ်း ဥပဒေကို ဆက်လက်အကောင်အထည်ဖော် ကျင့်သုံးသွားမည်ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။

မြန်မာနိုင်ငံသည် အာဆီယံအတွင်း ငါးနှစ်ကြာ ခွဲခြားဆက်ဆံခံနေရကြောင်း မင်းအောင်လှိုင်က မိန့်ခွန့်မှာ ထည့်သွင်းပြောဆိုခဲ့သလို အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက်ကိုလည်း တရားဝင် ဆုံးဖြတ်ချက်အဖြစ် မသတ်မှတ်ကြောင်း ပြောသည်။

ရက် ၁၀၀ ကာလအတွင်း နိုင်ငံရေးအရ သဘောထားကွဲလွဲမှုကြောင့် လက်နက်ကိုင်လမ်းစဉ်ပေါ် ရောက်ရှိနေသူများကို နိုင်ငံရေးလမ်းကြောင်းမှတစ်ဆင့် ငြိမ်းချမ်းစွာ အဖြေရှာရန် ငြိမ်းချမ်းရေး တံခါးကို ထာဝရဖွင့်လှစ်ထားရှိသည်ဟူသော ခံယူချက်ဖြင့် ငြိမ်းချမ်းရေးဆွေးနွေးရေကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခဲ့သည်ဟု မင်းအောင်လှိုင်က ဝါဒဖြန့် ပြောကြားခဲ့သည်။

NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားအဖွဲ့များနှင့် လက်မှတ်မရေးထိုးရသေးသော အဖွဲ့များကို ကြိုတင်ကန့်သတ်ချက် မထားဘဲ တွေ့ဆုံ ဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ရာ ရက် ၁၀၀ အတွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၃ ဖွဲ့နှင့် တွေ့ဆုံဆွေးနွေးနိုင်ခဲ့သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

လက်ရှိတော်လှန်ရေးအတွင်း ချင်းပြည်သူ ၁၃၀၀ ကျော် သေဆုံးဟု ICA ထုတ်ပြန်

ပရော်ဖက်ရှင်နယ်တပ်မတော်အဖြစ် ချင်းပြည်အစိုးရတပ်ဖွဲ့ (CGF) ဖွဲ့စည်းနိုင်ရေး ပြင်ဆင်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 16, 2026

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

September 16, 2026

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

September 16, 2026

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.