Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»သိုင်ငဲင်းကို ရွာလုံးကျွတ်နီးပါး စစ်ကောင်စီမီးတင်ရှို့၊ စစ်ရေးအခြေအနေတင်းမာနေဆဲ

သိုင်ငဲင်းကို ရွာလုံးကျွတ်နီးပါး စစ်ကောင်စီမီးတင်ရှို့၊ စစ်ရေးအခြေအနေတင်းမာနေဆဲ

0
By Editor on June 24, 2024 Khonumthung

(004SS)

ချင်းပြည်နယ် မြောက်ပိုင်း တီးတိန်မြို့နယ်၊ ကလေး – တီးတိန် ကားလမ်းမပေါ်ရှိ သိုင်ငဲင်းကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က ရွာလုံးကျွတ်နီးပါး နေအိမ်များ မီးရှို့ခဲ့ပြီး ချင်းကာကွယ်ရေးတပ်ဖွဲများနှင့်လည်း တိုက်ပွဲများဆက်လက်ဖြစ်ပွားကာ စစ်ရေးအခြေအနေ တင်းမာနေဆဲဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် သိုင်ငဲင်းတပ်စခန်းကို ပြန်လည်ထိန်းချုပ်ရန်အတွက် ကလေးမြို့နှင့် တီးတိန်မြို့တို့မှ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ကြပြီးနောက် ဇွန်လ ၂၀ ရက်နေ့ ညနေပိုင်းကစ၍ ဒေသကာကွယ်ရေးတပ်ဖွဲ့ CDF CDM- Siyin တပ်ဖွဲ့နှင့် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဘက်က ထိခိုက်သေဆုံးမှုရှိကာ အထိနာသောကြောင့် ပြည်သူနေအိမ်များ မီးရှို့ဖျက်ဆီးခဲ့သည်ဟု CDF CDM-Siyin မှ ပြောရေးဆိုခွင့်ရှိ လျန်ဘွေကပြောသည်။

“စကစ တွေက သိုင်ငဲင်းကို မီးရှို့တယ်၊ ကျွန်တော်တို့ကတော့ အနီးကပ်သွားကြည့်ဖို့တော့ သိပ်အဆင် မပြေဘူး ပေါ့နော်၊ မြူတွေဆိုင်း၊ မိုးရွာလိုက်နဲ့ ဒရုန်းလွှတ်ပြီးကြည့်ဖို့လဲ အဆင်မပြေဘူးပေါ့၊ ဒါပေမဲ့ သိရသလောက် တော့ နေအိမ် ၃ လုံးလောက်ပဲ ကျန်တော့တယ်လို့ သိရတယ်၊ သူတို့ စစ်ကြောင်းထိုးလာတော့ သိုင်ငဲင်းအနီးမှာ ပစ်ခတ်မှုဖြစ်တယ် သူတို့အထိနာသွားတယ်၊ ပြီးရင် သိုင်ငဲင်းစခန်းကို ကျွန်တော်တို့ မိုင်းတွေ၊ ဗုံးတွေထောင်ထား ပြီးထားခဲ့တာ၊ အဲမှာလဲ သူတို့ဘက် ထိခိုက်သေဆုံးမှုရှိတယ် ဒါပေမဲ့အတိအကျတော့ ပြောဖို့ခက်တယ်ပေါ့နော် ဆိုတော့ အဲမှာ အထိနာတော့ ၂၀ ရက်နေ့မှာ ကျွန်တော်တို့ နားလေ့ရှိတဲ့ ဆောက်လုပ်ရေးအဆောက်အအုံကို မီးစရှို့တယ်၊ ၂၁ ရက်နေ့မှာ ပြည်သူနေအိမ်ကို ထပ်ရှို့တာပေါ့နော်” ဟု လျန်ဘွေကပြောသည်။

ကလေးမြို့မှ စစ်ကား ၃ စီးဖြင့်တက်လာသော စစ်ကောင်စီတပ်ဖွဲ့နှင့် တီးတိန်မြို့မှ ဆင်းလာသော စစ်ကောင်စီ တပ်ဖွဲ့တို့သည့် သိုင်ငဲင်းကျေးရွာတွင် ပူးပေါင်းပြီး အင်အား ၈၀ ကျော်ခန့်ရှိသည်ဟု သိရသည်။

လက်ရှိ စစ်ကောင်စီတပ်ဖွဲ့များသည် သိုင်ငဲင်းရွာ ဆုတောင်းတောင်နှင့် ကျောင်းဆောင်အထက်ရှိ နေအိမ်တွင် တပ်ဆွဲပြီး အခြားနေရာများတွင်လည်းတပ်ဆွဲနေကြောင်း သိရသည်။

ဇွန်လ ၂၂ ရက်နေ့ သောကြာနေ့၊ နေ့လယ်ပိုင်းအချိန်တွင် သိုင်ငဲင်း- တီးတိန်- ဖလမ်း လမ်းခွဲတွင်နေရာယူ တပ်ဆွဲ နေသော စစ်ကောင်စီတပ်ဖွဲ့များကို CDF CDM- Siyin တပ်ဖွဲ့မှ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိခဲ့ကာ ဆွလိမ်ရွာဘက်သို့ ထွက်ခွာလာပြီး ၂ နာရီကျော်ကြာ နှစ်ဘက် ပစ်ခတ်မှုထပ်မံဖြစ်ပွားခဲ့ ကြောင်း CDF CDM- Siyin မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“ကျွန်တော်တို့ စကစတွေကို ဒီမှာ စခန်းချခွင့်ပြုမှာမဟုတ်ဘူး၊ အဆုံးထိ တိုက်ခိုက်သွားမှာဖြစ်တယ်၊ ပြည်သူ တွေအနေနဲ့လဲ နေအိမ်မီးရှူခံရတဲ့အတွက် အပစ်မတင်ဘဲနားလည်ပေးကြဖို့ကိုတောင်းဆိုချင်ပါတယ်၊ ကျွန်တော် တို့လဲ တတ်နိုင်သလောက် ကြိုးစားနေပါတယ်၊ အခုက မိုးရွာလိုက်နဲ့ လူငယ်တွေကလဲ ညတောင်ကောင်းကောင်း မအိပ်ရဘဲ စစ်ကောင်စီတွေဝင်လာနိုင်တဲ့ နေရာတွေမှာ အသင့်စောင့်ကြည့်နေတာပါ။ ပြည်တွင်းပြည်ပက ပြည်သူတွေအနေနဲ့ အမြန်ဆုံးအောင်နိုင်ဖို့ ငွေကြေးအားဖြင့်သော်လည်းကောင်း၊ ဆုတောင်းခြင်းဖြင့် ကူညီပေး ကြပါလို့ ပြောချင်ပါတယ်” ဟု CDF CDM- Siyin ပြောရေးဆိုခွင့်ရှိသူကပြောသည်။

လက်ရှိ သိုင်ငဲင်းရွာအနီးတဝိုက်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား စစ်ရေး တင်းမာလျက်ရှိနေပြီး အချိန်မရွေးပစ်ခတ်မှုရှိနိုင်သောကြောင့် ပြည်သူများအနေဖြင့် ကလေး-သိုင်ငဲင်းလမ်းမ အား ဖြတ်သန်းသွားလာခြင်းမပြုရန် ကြိုတင်အသိပေးချက်ကို ယမန်နေ့ ဇွန်လ ၂၃ ရက်နေ့တွင် CDF CDM- Siyin ကထုတ်ပြန်ထားသည်။

သိုင်ငဲင်းကျေးရွာသည် စစ်ကိုင်းတိုင်း ကလေးမြို့မှ ချင်းပြည်နယ်မြောက်ပိုင်းနှင့် အိန္ဒိယ-မြန်မာနယ်စပ်ကို ဆက်သွယ်သည့် လမ်းကြောင်းပေါ် တွင်တည်ရှိသည့် စစ်ရေးနှင့် စီးပွားရေးအရ အရေးပါသောနေရာဖြစ်သည်။

ယခုနှစ်ဇန်နဝါရီလ ၁၆ ရက်နေ့က သိုင်ငဲင်းကျေးရွာက စစ်ကောင်စီတပ်စခန်းကို ချင်းလဲန်ကောင်စီအဖွဲ့ဝင် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ခဲ့ပြီးနောက် ၅ လကျော်အကြာတွင် စစ်ကောင်စီက သိုင်ငဲင်းကို ပြန်လည်သိမ်းပိုက်ရန် ထိုးစစ်ဆင်တိုက်ခိုက်လာခြင်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

သင်္ချိုင်းအုတ်ဂူမှာ မီဇိုးဘာသာစကား မသုံးလိုသူများအတွက် သင်္ဂြိုဟ်ခွင့်မရှိကြောင်း Zokhawthar YMA က အသိပေး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.