Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»သိုင်းငင်-ကလေးကြား စစ်ကောင်စီယာဉ်တိုက်ခိုက်ခံရမှု လူသားဒိုင်အဖြစ် အဖမ်းခံရသူတချိူ့ ဒဏ်ရာရဟုဆို

သိုင်းငင်-ကလေးကြား စစ်ကောင်စီယာဉ်တိုက်ခိုက်ခံရမှု လူသားဒိုင်အဖြစ် အဖမ်းခံရသူတချိူ့ ဒဏ်ရာရဟုဆို

0
By Editor on October 17, 2022 Khonumthung

အပြစ်မဲ့ပြည်သူများကို လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်ပြီး ချင်းပြည်နယ် တီးတိန်မြို့နယ် သိုင်းငင်မှ ကလေးမြို့ဆင်းသွားသော စစ်ကောင်စီယာဉ်ကို အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့က တိုက်ခိုက်ခဲ့သည့်အတွက် ကားပေါ်ပါလာသော လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရသူများ ထိခိုက်ဒဏ်ရာရရှိခဲ့သည် CDF Civic Defense Militia Siyin က ယနေ့ထုတ်ပြန်သည်။

စစ်ကောင်စီတပ်ဖွဲ့သည် သိုင်းငင်မှ ကလေးမြို့သို့ ပြန်လှည့်သည့်အချိန်တွင် ရွာခံအရပ်သားပြည်သူတချိူ့အား လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး မွှလ်ပီးနှင့် ကလေးမြို့အကြား ရှုခင်းသာတွင် အမည်မသိ လက်နက်ကိုင်အဖွဲ့တဖွဲ့က ပစ်ခတ်ခဲ့သည်ဟု CDF CDM-Siyin တပ်ဖွဲ့ဆိုသည်။

ထိုပစ်ခတ်မှုကြောင့် လူသားဒိုင်းကာ အဖြစ်ခေါ်ခံရသော အပြစ်မဲ့ပြည်သူများ ဒဏ်ရာများရရှိခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့က ဒေသခံပြည်သူ အနည်းဆုံး ၅ ယောက်ခန့်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားသည်ဟု သိရသည်။

CDF CDM Siyin ဒေသအတွင်း ဒေသခံကာကွယ်ရေးအဖွဲ့ထံသို့ ကြိုတင်အသိမပေးပဲ စစ်ဆင်ရေးမျိုးများကို နောက်နောင်မပြုလုပ်ကြရန်နှင့် ယခုကဲ့သို့ အသိမပေးပဲ ဝင်ရောက်စစ်ဆင်းရခြင်းသည် ပြည်သူ့ကာကွယ်ရေးတစ်ဖွဲ့နှင့်တစ်ဖွဲ့အကြား ဆိုးရွားစွာ နားလည်မှုကွဲလွဲစေနိူင်ပါသည်ဟု CDF CDM- Siyin က ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

နောက်နောင် ယခုကဲ့သို့ ဖြစ်လာပါက မည်သည့်အဖွဲ့ကိုမဆို သည်းခံနားလည်ပေးမည်မဟုတ်ကြောင်း ဤကဲ့သို့ အပြစ်မဲ့ပြည်သူများ လူသားဒိုင်းကာအဖြစ် အသုံးချခံပါလာကြောင်းသိလျက်ပင် စစ်ဆင်ရေးကို တဇွတ်ထိုး ပြုလုပ်သည်ကိုလည်း ပြင်းထန်စွာ ရှုတ်ချပါသည်ဟု CDF CDM-Siyin က ဆိုပါသည်။

ယမန်နေ့အောက်တိုဘာလ ၁၃ ရက်နေ့မနက်ပိုင်းက တီးတိန်မြို့နယ် ကလေး-သိုင်းငင်လမ်းမပေါ်တွင် အထိုင်ချသော စစ်ကောင်စီစခန်းကို CDF CDM-Siyin တပ်ဖွဲ့က သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ယင်းပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက် ပြည်သူပိုင်အိမ်များအား ရမ်းသမ်းပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူတစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

မြန်မာလိဂ်မှာ ကစားနေသော Chinland FC မှ ချင်းကစားသမား တစ်ပတ်နီးပါးကြာ ပျောက်ဆုံးနေ

ကလေး- တီးတိန်- ဖလမ်း ကားလမ်းပိုင်း ဂိတ်ကြေးပေးဆောင်မှုများသောကြောင့် ကားခမြင့်တက်နေဆဲ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

August 28, 2026

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.