Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»သြစတေးလျအထက်လွှတ်တော်အမတ်နှင့် မီဇိုရမ်ပြည်နယ်အုပ်ချုပ်ရေးမှူးတို့ မြန်မာစစ်ဘေးရှောင်အရေး ဆွေးနွေး

သြစတေးလျအထက်လွှတ်တော်အမတ်နှင့် မီဇိုရမ်ပြည်နယ်အုပ်ချုပ်ရေးမှူးတို့ မြန်မာစစ်ဘေးရှောင်အရေး ဆွေးနွေး

0
By Editor on October 10, 2022 Headline

သြစတေးလျနိုင်ငံ အထက်လွှတ်တော်အမတ် Dean Smith သည် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့သို့ ရောက်ရှိလာပြီး မြန်မာနိုင်ငံက စစ်ဘေးရှောင်အရေးနှင့်ပတ်သက်၍ မီဇိုရမ်ပြည်နယ်အကြီးအကဲအုပ်ချုပ်ရေးမှူး (Governor) နှင့် အောက်တိုဘာလ ၆ ရက်နေ့ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

မီဇိုရမ်ပြည်နယ် အုပ်ချုပ်ရေးမှူး Hari Babu Kambhampati သည် သြစတေးလျအထက်လွှတ်တော်အမတ်ကို Raj Bhavan တွင် လက်ခံတွေ့ဆုံခဲ့ပြီး မြန်မာ့နိုင်ငံရေးအခြေအနေကြောင့် မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်လာကြသော စစ်ဘေးရှောင်ပြည်သူများ၏ အခြေအနေများ ပြောဆိုဆွေးနွေးခဲ့ကြသည်ဟု မီဇိုရမ်ပြည်နယ်အစိုးရပြန်ြကားရေးဌာနက ထုတ်ပြန်သည်။

ယင်းတွေ့ဆုံမှုတွင် Dean Smith က သူ့အနေဖြင့် မီဇိုရမ်ပြည်နယ်သို့ လာရောက်ရသည့်အကြောင်းရင်းတစ်ခုမှာ မြန်မာနိုင်ငံက စစ်ဘေးရှောင်ပြည်သူများအရေးနှင့်ပတ်သက်၍ လာရောက်ခြင်းဖြစ်ကြောင်း စစ်ဘေးရှောင်ပြည်သူများအတွက် ဆောင်ရွက်ထားမှုအခြေအနေများအား မီဇိုရမ်ပြည်နယ် အုပ်ချုပ်ရေးမှူးကို မေးမြန်းခဲ့သည်။

မီဇိုရမ်ပြည်နယ်အုပ်ချုပ်ရေးမှူးကလည်း မြန်မာ့နိုင်ငံရေးအခြေအနေကြောင့် မြန်မာနိုင်ငံသားအမြောက်အများ မီဇိုရမ်ပြည်နယ်သို့ စစ်ဘေးရှောင်လာကြပြီး အများစုမှာ ချင်းပြည်နယ်က ချင်းလူမျိုးများဖြစ်ကြကြောင်း၊ မီဇိုရမ်ပြည်သူများအနေဖြင့်လည်း အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ခဲ့ကြသည့်အပြင် အစိုးရအနေဖြင့်လည်း အရေးကြီးသည့်ကိစ္စရပ်များတွင် လုပ်ဆောင်ပေးလေ့ရှိသည်ဟု ပြန်လည်ဖြေကြားခဲ့သည်။

Dean Smith ကလည်း ချင်းနှင့် မီဇိုးလူမျိုးများသည် ညီအကိုများဖြစ်သည်ဟု သိရှိနားလည်ထားကြောင်း၊ သြစတေးလျနိုင်ငံတွင်လည်း ချင်းလူမျိုးအမြောက်အများနေထိုင်ကြပြီး အစိုးရကလည်း ဂရုစိုက်ပေးကြောင်းပြောဆိုခဲ့သည်။

အိန္ဒိယနိုင်ငံသည် မိတ်ဆွေကောင်းဖြစ်သည့်နည်းတူ မြန်မာနိုင်ငံက စစ်ဘေးရှောင်များအား ကောင်းမွန်စွာ ကြည့်ရှုစောင့်ရှောက်ပေးရန်လည်း သြစတေးလျ အထက်လွှတ်တော်အမတ်က တောင်းဆိုခဲ့သည်။

သြစတေးလျအထက်လွှတ်တော်အမတ်သည် မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် ပူးဇိုးရမ်းထန်းငါးကိုလည်း သူ၏ရုံးခန်းတွင် တွေ့ရှိခဲ့သည်အပြင် မီဇိုရမ်ပြည်နယ်တွင် အင်အားအကြီးဆုံး လူမှုအဖွဲ့အစည်း မီဇိုးလူငယ်များအသင်း (CYMA) ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ပလက်ဝမြို့နယ်၊ ရှင်းလက်ဝ မှာ ကုန်သည်အပါအဝင် ဒေသခံ ၃၀၀ ခန့် ပြင်းထန်ဝမ်းရောဂါ ကူးဆက်မှု ဖြစ်ပွားနေ

ရွေးကောက်ပွဲ အပိုင်း ၃ တွင် ပါဝင်လာနိုင်ချေရှိသည့် ချင်းမြောက်ဒေသကို စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေ

သိုင်းငင်းအနီးတဝိုက် တိုက်ပွဲများကြောင့် ဒေသခံ ၂၀၀၀ ကျော် စစ်ဘေးရှောင်နေရ၍ အရေးပေါ်အကူအညီ လိုအပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.