Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဟားခါးမြို့တွင် အမျိုးသမီးငယ်တစ်ဦးကို စစ်ကောင်စီတပ်ကဖမ်းဆီး

ဟားခါးမြို့တွင် အမျိုးသမီးငယ်တစ်ဦးကို စစ်ကောင်စီတပ်ကဖမ်းဆီး

0
By Editor on September 20, 2022 Headline

ချင်းပြည်နယ် ဟားခါးမြို့တွင် ချင်းအမျိူးသမီးငယ် Mercy Ngun Tha Cin ကို စစ်ကောင်စီတပ်ဖွဲ့က ယမန်နေ့ နံနက်ပိုင်း ၉ နာရီခန့်က PDF နှင့် ပတ်သက်ဆက်နွယ်သည်ဟုဆိုကာ ဖမ်းဆီးလိုက်သည်ဟု သိရသည်။

Mercy Ngun Tha Cin သည် လူမှုကွန်ယက်စာမျက်နှာပေါ်တွင် အများပြည်သူများ ထိတ်လန့်စေရန်နှင့် ရပ်ရွာအေးချမ်းသာယာမှုပျက်ပြားစေရန် မဟုတ်မမှန်သတင်းများအား ရေးသားဖြန့်ဝေခဲ့ပြီး PDF များအား ထောက်ပံ့ခဲ့သော စာသားများ လုံခြုံရေးအဖွဲ့များမှ စစ်ဆေးတွေ့ရှိသဖြင့် ၎င်းပိုင်ဆိုင်သော Cengkerh Collection ချင်းရိုးရာအထည်ဆိုင်တွင် ရောက်ရှိစဉ် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု စစ်ကောင်စီဝါဒဖြန့် Fifty Two News တွင် ဖော်ပြထားသည်။

Mercy Ngun Tha Cin သည် ချင်းအဆိုတော်တစ်ဦးဖြစ်ပြီး အသင်းတော်ပိုင်းတွင်လည်း တက်တက်ကြွကြွလှုပ်ရှားနေသည့် လူငယ်တစ်ဦးဖြစ်သည်ဟု သိရသည်။

ယခုကဲ့သို့ ၎င်းအား PDF နှင့် ပတ်သက်ဆက်နွယ်သည်ဟု စွပ်စွဲမှုသည် စစ်ကောင်စီအနေဖြင့် ယခင်လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ကြံအမှုဆင်ဖန်တီးခြင်းသာဖြစ်နိုင်ပြီး ဟားခါးမြို့တွင် ယခုကဲ့သို့ အဖမ်းခံရသူအမြောက်အများရှိနေပြီဟု ဟားခါးမြို့ခံတစ်ဦးက ပြောသည်။

“မြို့ပေါ်မှာ အဲလိုမျိူးစွပ်စွဲပြီး ဖမ်းခံရသူတွေ တော်တော်များများနေပြီ အခုအကျဉ်းထောင်ထဲမှာ မိန်းကလေးကော ယောကျာ်းလေးကော တော်တော်လူများတယ် အဖမ်းခံရတဲ့တော်တော်များများက ကျနော်သိသလောက်ဆိုရင် လုံးဝကို အဖမ်းမခံသင့်တဲ့သူတွေပေါ့နော် လုံးဝမဟုတ်ဘဲနဲ့အဖမ်းခံတဲ့သူတွေတော်တော်များတယ်” ဟု ဟားခါးမြို့ခံကပြောသည်။

ချင်းပြည်နယ်၏ မြို့တော်ဟားခါးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့သည် လုံးဆုံလမ်းခွများတွင် နေ့စဉ်နေ့တိုင်း လုံခြုံရေးစစ်ဆေးမှုများ တင်းတင်းကြပ်ကြပ်ပြုလုပ်လေ့ရှိပြီး လမ်းသွားလမ်းလာများအား ရပ်တန့်စေ၍ ဆိုင်ကယ်၊ လက်ကိုင်ဖုန်းများ ကို စစ်ဆေးကာ မသင်္ကာသူများအား ဖမ်းဆီးခေါ်ဆောင်လေ့ရှိသည်ဟု သိရသည်။

ပြီးခဲ့သည့်အပတ်ကလည်း ထိုကဲ့သို့အဖမ်းခံရသူ အမြောက်အများရှိခဲ့ပြီး ဟားခါးအကျဉ်းထောင်ထဲတွင်လည်း ပြည့်ကြပ်နေပြီဟု စုံစမ်းသိရှိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.