Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ဟားခါးမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် သားအမိ ၃ ဦးသေဆုံး

ဟားခါးမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် သားအမိ ၃ ဦးသေဆုံး

0
By Editor on January 5, 2026 Khonumthung

(004SS)

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းရှိ ဟားလ်တာ (Halta) ကျေးရွာနှင့် ဟိုင်ဖိုင် (Haiphai) ကျေးရွာတို့ကို စစ်ကော်မရှင်တပ်က ယမန်နေ့ ဇန်နဝါရီလ ၄ ရက် ညသန်းခေါင်ယံအချိန်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဟားလ်တာရွာမှ သားအမိ ၃ ဦး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကော်မရှင်တပ်သည် ဇန်နဝါရီ ၄ ရက် ညသန်းခေါင်ယံ ၁၂:၀၀ နာရီမှ နံနက် ၂:၀၀ နာရီ ဝန်းကျင်တွင် ရွာသူရွာ သားများ အိပ်မောကျနေစဉ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဗုံးသီးသည် ဟားလ်တာရွာရှိ သေဆုံးသွားသူ Te Tum တို့၏ နေအိမ်သို့ တည့်တည့်ကျရောက်ပေါက်ကွဲခဲ့သဖြင့် နေအိမ်တွင်းရှိ မိခင်ဖြစ်သူ အသက် ၄၀ အရွယ် Te Tum နှင့် သားဖြစ်သူ ၂ ဦး စုစုပေါင်း ၃ ဦး သေဆုံးခဲ့ပြီး ၎င်း၏ အမျိုးသားဖြစ်သူမှာလည်း ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

နီးစပ်သူအမျိုးသမီးတစ်ဦးက “ဒီည လေယာဉ်လာပြီး ရွာကို ဗုံးကြဲတယ်။ U Tum တို့အိမ်ပေါ်ကျသွားတာ။ သူတို့ သားအမိ ၃ ယောက် သေသွားတယ်။ သူ့အမျိုးသားကလည်း ဒဏ်ရာရထားတယ်၊ ဒဏ်ရာက ပြင်းထန်တယ်လို့ သိရတယ်” ဟု ပြောသည်။

ဟိုင်ဖိုင်ကျေးရွာကိုလည်း စစ်ကော်မရှင်တပ်က ဗုံးကြဲခဲ့ပြီး လူသေဆုံးမှုမရှိသော်လည်း နေအိမ်နှင့် အဆောက် အအုံအချို့ ထိခိုက်ပျက်စီးမှုများ ရှိခဲ့ကြောင်း သိရသည်။

အိမ်ခြေ ၈၀ ဝန်းကျင်ရှိသော ဟားလ်တာကျေးရွာသည် ဟားခါး – မှန်တော ကားလမ်းမကြီးအနီးတွင် တည်ရှိပြီး ဟားခါးမြို့မှ မိုင် ၇၀ ခန့် ကွာဝေးကာ ဆိုင်ကယ်ဖြင့် ၅ နာရီခန့် သွားလာရသည်ဟုသိရသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ မွန်းလွဲပိုင်းကလည်း ဟားလ်တာကျေးရွာကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ပြီး ထိုစဉ်က ဦးတိာလ်အုပ်နှင့် ဦးဒေါသ့်အုပ်တို့၏ နေအိမ်များ ပျက်စီးခဲ့ကာ ဦးဒေါသ့်အုပ် မိသားစုဝင် ၄ ဦး အပါအဝင် ဒေသခံ ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်ကော်မရှင်၏ အတုအယောင်ကျင်းပရမည့် ချင်းအမျိုးသားနေ့သို့ ပြည်သူများ ပါဝင်ခြင်းမပြုရန် CDF-Hakha အသိပေး

BNRA တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်နဂါး အာဏာသိမ်းစစ်ကော်မရှင်ထံ လက်နက်ချပူးပေါင်း

ချင်းဒုက္ခသည်အများစုနေထိုင်သည့် နယူးဒေလီမြို့ရပ်ကွက်တစ်ခုမှာ နေ့ခင်းကြောင်တောင် ကလေးခိုးမှုဖြစ်ပွား

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.