Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ဟားခါးမြို့‌ပေါ်တွင် သုံးလကျော်ကြာ ညမထွက်ရအမိန့် CDF – ဟားခါး ထုတ်ပြန်

ဟားခါးမြို့‌ပေါ်တွင် သုံးလကျော်ကြာ ညမထွက်ရအမိန့် CDF – ဟားခါး ထုတ်ပြန်

0
By Editor on October 28, 2025 Khonumthung

(004SS)

စစ်ကော်မရှင်စစ်တပ်၏ နေ့စဉ်ဗုံးကြဲ၊ သတ်ဖြတ်မှုများနှင့် လာမည့်ရွေးကောက်ပွဲအတွက် စစ်အင်အားဖြည့်တင်းမှုများကြောင့် ဟားခါးမြို့ပေါ်တွင် သုံးလကျော်ကြာ ညမထွက်ရအမိန့် (Night Curfew) ကို CDF- ဟားခါး ဗဟိုကောင်စီက ယနေ့ အောက်တိုဘာလ ၂၈ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။

အဆိုပါ ညမထွက်ရအမိန့်ကို မနက်ဖြန် အောက်တိုဘာ ၂၉ ရက်နေ့မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်အထိ သတ်မှတ်ထားပြီး ည ၇:၀၀ နာရီမှ နံနက် ၅:၀၀ နာရီအကြား အပြင်မထွက်ရန် လုံးဝ (လုံးဝ) တားမြစ်ထားသည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ညမထွက်ရအမိန့် ထုတ်ပြန်ရခြင်းမှာ ရွေးကောက်ပွဲကို အကြောင်းပြကာ အကြမ်းဖက်စစ်တပ်သည် အချိန်မရွေး ညသန်းခေါင်အချိန်များတွင်ပါ လူနေအိမ်များ ဝင်ရောက်စစ်ဆေးကာ ဖမ်းဆီးခြင်း၊ ချင်းပြည်အနှံ့သာမက ချင်းပြည်နယ် မြို့တော် ဟားခါးကိုပါ လေယာဉ်၊ ရဟတ်ယာဉ်ဖြင့် စစ်အင်အား ဖြည့်တင်းနေခြင်းများကြောင့် ပြည်သူ့လုံခြုံရေးအတွက် အမိန့် ထုတ်ပြန်ရခြင်းဟု CDF- ဟားခါး ဗဟိုကောင်စီက ဆိုသည်။

ထို့ကြောင့် မိဘပြည်သူများအနေဖြင့် စိတ်ရှည်သည်းခံစွာ ပူးပေါင်းပါဝင်ပေးရန် အမိန့်ကို လိုက်နာရန် ပျက်ကွက်သူများကို ထိရောက်စွာ အရေးယူမည်ဖြစ်ပြီး ပစ်ခတ်တိုက်ခိုက်ခံရပါက တာဝန်ယူဖြေရှင်းမည်မဟုတ်ဟုလည်း CDF-ဟားခါး ဗဟိုကောင်စီက သတိပေးထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့ Carmel တောင်တက်သည့် လူငယ်များ ဓားခုတ်ခံရမှုဖြစ်ပွား၊ နှစ်ဖက်စလုံးဒဏ်ရာရရှိ

ဟားခါးလူထုသပိတ်ခေါင်းဆောင် ဆလိုင်းငွန်ဆန်းအောင် ကွယ်လွန်

ခွင့်လွန်၊ ခွင့်မဲ့ဖြစ်နေသာ ရဲဘော်များ ဖေဖော်ဝါရီလကုန်မှာ ပြန်တာဝန်ထမ်းဆောင်ရန် CDF – KKG ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.