Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»အရှိုချင်းဒေသ ဗျူဟာမြောက်စစ်ရှိန်မြှင့်နိုင်ရေး “တော်လှန်စစ်ချီ အရှိုချင်း ဒေသများဆီ” ကမ်ပိန်းပြုလုပ်နေ

အရှိုချင်းဒေသ ဗျူဟာမြောက်စစ်ရှိန်မြှင့်နိုင်ရေး “တော်လှန်စစ်ချီ အရှိုချင်း ဒေသများဆီ” ကမ်ပိန်းပြုလုပ်နေ

0
By Editor on December 3, 2024 Khonumthung

(006SV)

မကွေးတိုင်း၊ ဧရာဝတီအနောက်ဘက်ခြမ်းက အရှိုချင်းဒေသများရှိ ACDF ချင်းကာကွယ်ရေးတပ်များ၏ စစ်ရေးအရှိန် မြှင့်နိုင်ရေး ဗျူဟာမြောက်လုပ်ငန်းစဉ်များအတွက် “တော်လှန်စစ်ချီ အရှိုချင်း ဒေသများဆီ” ကျပ်သိန်း ၂၀၀၀ ကမ်ပိန်းကို ပြုလုပ်နေကြောင်း သိရသည်။

အရှိုချင်းဒေသတွင်း စစ်ရေးအရှိန်အဟုန်မြှင့်တင်နိုင်ရေးအတွက် ဆက်သွယ်ရေးနှင့် တိုက်ခိုက်ရေးပစ္စည်းများ ဖြစ်သည့် စတား လင့်စက်၊ တိုက်ခိုက်ရေး ဒရုန်း၊ ကျည်ဆန်အတောင့် ၁၀၀၀၀ တို့ကို ဝယ်ယူတပ်ဆင်နိုင်ရေး လုပ်ဆောင်ခြင်းဖြစ်သည်ဟု အရှို ချင်းကာကွယ်ရေးတပ်ဖွဲ့ – ACDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းခနီလေဗွေက ပြောသည်။

“စစ်ကောင်စီက တိုက်ပွဲတွေ ဖြစ်ပြီးဆိုရင် ဖုန်းလိုင်းဖြတ်တောက်တာတွေ ရှိတယ်။ အဲဒီအတွက် ဆက်သွယ်ရေးအင်တာနက် လိုတယ်။ မဟာဗျူဟာမြှောက်တိုက်ခိုက်ဖို့အတွက် ဒရုန်းနဲ့ တိုက်ခိုက်ရေး လုပ်ဖို့ ရှိတယ်။ ကျနော်တို့မှာ ဒရုန်းသင်တန်းဆင်းတဲ့ ရဲဘော်တွေ အများအပြား ရှိနေပြီ။ ERA/ EAO တခုမှာ သင်ထားတာ ရှိတယ်။ လက်နက်ရှိပြီးတော့ ကျည်မရှိရင်လည်း အဆင်မပြေဘူး။ အဲဒါတွေ အကုန်လုံးကိုပြန် ခြုံငုံလိုက်ရင် စစ်ရေးအရှိန် မြှင့်ဖို့အတွက် ဒီကမ်ပိန်းကို လုပ်ရတာပါ” ဟု ဆလိုင်းခနီလေဗွေက ပြောသည်။

ကမ်ပိန်းက ရရှိသော ငွေကြေးများကို အရှိုဒေသတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်ရာတွင်လည်း အသုံးပြုမည်ဟု သိရသည်။

အရှိုချင်းဒေသများတွင် အရှိုချင်းလူထုနှင့်ဖြစ်စေ၊ သက်ဆိုင်ရာအဖွဲ့စည်းများ နှင့်ဖြစ်စေ ပူးပေါင်း၍ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး စသည့် ကဏ္ဏများကို ဖော်ဆောင်လျက်ရှိသည်ဟု သိရသည်။

“တော်လှန်စစ်ချီ အရှိုချင်း ဒေသများဆီ” ကမ်ပိန်းသည် ၂၀၂၄၊ ဒီဇင်ဘာလ ၁ ရက်မှ ၂၀၂၅ ၊ မတ်လ ၁ ရက်အထိ ပြုလုပ်သွားမည်ဟု သိရသည်။

ဥရောပနိုင်ငံများအပါအဝင် အမေရိကန်၊ ဩစတေးလျ၊ ဂျပန်၊ ကိုးရီယား၊ မလေးရှား၊ စင်ကာပူ၊ ထိုင်း စသည့် နိုင်ငံတို့ရှိ တာဝန်ခံများထံသို့လည်း ဆက်သွယ်ထောက်ပံ့နိုင်ကြောင်း၊ @maitaungzalat၊ @salaiknlp77၊ @victory_mai2 ၊ @EJxxxKingsmaker ၊ @Tulipmai ၊ @Annthymai စသည့် တယ်လီဂရန်အကောင့်များကိုလည်း ပြည်တွင်းပြည်ပ ပြည်သူများအနေဖြင့် အရှိုးချင်းတော်လှန်ရေးကို ထောက်ပံ့နိုင်ကြောင်း သိရသည်။

“ACDF ကတော့ နေရာဒေသမရွေး တိုက်ပွဲ ဝင်နေသလို စစ်အာဏာရှင်ကိုတော်လှန်နေတဲ့ အဖွဲ့အစည်းတွေနဲ့ ဟန်ချက်ညီညီ လက်တွဲတိုက်ပွဲဝင်နေပါတယ်။ ဒါကြောင့် ပြည်သူလူထုအနေနဲ့ ကျတော် တို့ Campaign မှာ ပါဝင်အားဖြည့်ပေးဘို့ ပြောချင် ပါတယ်” ဟု ACDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

အရှိချင်းကာကွယ်ရေးတပ်ဖွဲ့သည် မကွေးတိုင်းထဲတွင် ဒေသ ၄ ခုခန့်မှာ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်လျက်ရှိပြီး EAOs တော်လှန်ရေးအဖွဲ့တချို့နှင့် ပူးပေါင်းတိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

ACDF သည် တော်လှန်ရေး ၃ နှစ်တာအတွင်း ဒေသအစုံက မဟာမိတ်အဖွဲ့များနှင့် ပူးပေါင်း တိုက်ပွဲအပါအဝင် တိုက်ပွဲပေါင်း ၂၅ ကြိမ်ထက်မနည်း ဆင်နွှဲထားကြောင်း သိရသည်။

အရှိုချင်းလူထု၏ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် နယ်မြေရရှိရေးအတွက် သက်ဆိုင်ရာ လူထုနှင့် ပူးပေါင်း လုပ်ဆောင် သွားမည်ဟု အရှိုချင်းကာကွယ်ရေးတပ်ထံမှ သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

UFC ချန်ပီယံ Joshua Van သွေးချင်းဌာနေ မီဇိုရမ်ပြည်နယ်သို့ ရောက်ရှိ

UFC ကမ္ဘာ့ ချန်ပီယံ Joshua Van ကို မီဇိုရမ်ဝန်ကြီးချုပ်က တွေ့ဆုံဂုဏ်ပြု၊ Joshua Van ၏ အောင်မြင်မှုကြောင့် မီဇိုးလူငယ်များအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေဟုဆို

ဖလမ်းမှာ ပြည်သူ ၂ ဦးနှင့် ချင်းရဲဘော် ၂ ဦးတို့ကို စစ်တပ်က သတ်ဖြတ်ထားသည့် ရုပ်အလောင်းများ တွေ့ရှိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.