Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»အာဏာသိမ်း ၃ နှစ်ကျော်ကာလအတွင်း စစ်ကောင်စီတပ်သားအယောက် ၄၀ ခန့် CDF-Hakha ထံ အလင်းဝင်

အာဏာသိမ်း ၃ နှစ်ကျော်ကာလအတွင်း စစ်ကောင်စီတပ်သားအယောက် ၄၀ ခန့် CDF-Hakha ထံ အလင်းဝင်

0
By Editor on March 5, 2024 Khonumthung

(004SS)

စစ်အာဏာသိမ်းမှု ၃ နှစ်ကျော်ကာလအတွင်း ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်နှင့် ဟားခါးမြို့နယ်အတွင်းမှ စစ်ကောင်စီ လက်အောက်ခံ စစ်သားနှင့် ရဲ အယောက် ၄၀ ခန့်သည် ၎င်းတို့ထံသို့ အလင်းဝင်ရောက်လာကြောင်း CDF-Hakha မှ တာဝန်ရှိသူကပြောသည်။

CDF- Hakha မှ တာဝန်ရှိသူတစ်ဦးက “အာဏာသိမ်းခါစကတော့ CDM ပြုလုပ်တဲ့ စစ်သားနဲ့ရဲ တော်တော်များတယ် အဲဒီနောက် ကျွန်တော်တို့ဆီ တစ်ယောက်စ နှစ်ယောက်စနဲ့ အလင်းဝင်လာတဲ့သူကတော့ ဒီနေ့အထိ ၄၀ ဝန်းကျင် ရှိတယ်ဗျ” ဟု ပြောသည်။

ပြီးခဲ့သည့်မတ်လ ၂ ရက်နေ့ကလည်း ချင်းပြည်နယ် ဟားခါးမြို့ပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားတစ်ဦးသည် CDF-Hakha ထံလက်နက်အပြည့်အစုံဖြင့် အလင်းဝင်လာခဲ့သည်ဟုသိရသည်။

အဆိုပါရဲတပ်သားသည် သေနတ် ၁ လက်၊ ကျည်ဆံ ၃၀၀ ကျော်၊ ‌ကျည်ဘောက်စ် ၂ ခု၊ လက်ပစ်ဗုံး ၂ လုံး၊ ကျည်ကာ ၁ ထည်နှင့်အတူ CDF-Hakha ထံအလင်းဝင်လာခြင်းဖြစ်ပြီး ၎င်းအား ဆုငွေလက်ဆောင် ငွေသား ကျပ်သိန်း ၅၀ ချီးမြှင့်ကာ လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးကြောင်း သိရသည်။

၃ နှစ်တာကာလအတွင်း CDF-Hakha တပ်ဖွဲ့ထံ အလင်း၀◌င်ကြသူအယောက် ၄၀ ခန့်တွင် စစ်သားထက် ရဲတပ်သားများ ပိုများပြီး လက်နက်အပြည့်အစုံဖြင့်၀◌င်လာသူများကို ဆုငွေများချီးမြှင့်ပေးလေ့ရှိသည်ဟု သိရသည်။

“ကျွန်တော်တို့ဆီ အလင်းဝင်ကြတဲ့သူ‌ထဲမှာ တချို့က လက်နက်မပါဘဲ ကိုယ်လွတ်ရုန်းလာကြသူတွေရှိတာပေါ့နော်၊ ထက်ဝက်လောက်ကတော့ လက်နက်တွေနဲ့အလင်းဝင်ကြတာပေါ့။ သူတို့ကိုကျတော့ ဆုငွေ သိန်း ၅၀ လက်ဆောင်ပေးတယ်၊ သူတို့အတွက် လုံခြုံတဲ့နေရာရောက်တဲ့အထိ တာဝန်ယူပေးတယ်” ဟု CDF- Hakha တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီလက်အောက်တွင် တာ၀◌န်ထမ်းဆောင်နေကြသော စစ်သားနဲ့ ရဲတပ်သားများအနေဖြင့် စစ်ကောင်စီအား ကျောခိုင်းပြီး အမြန်ဆုံး တော်လှန်ရေးထဲပါဝင်လာကြရန်နှင့် CDF-Hakha ထံ အချိန်မရွေးဆက်သွယ်နိုင်ကြောင်း CDF- Hakha က ထုတ်ပြန်ထားပါသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.