Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»အာဏာသိမ်း ၃ နှစ်ကျော်ကာလအတွင်း စစ်ကောင်စီတပ်သားအယောက် ၄၀ ခန့် CDF-Hakha ထံ အလင်းဝင်

အာဏာသိမ်း ၃ နှစ်ကျော်ကာလအတွင်း စစ်ကောင်စီတပ်သားအယောက် ၄၀ ခန့် CDF-Hakha ထံ အလင်းဝင်

0
By Editor on March 5, 2024 Khonumthung

(004SS)

စစ်အာဏာသိမ်းမှု ၃ နှစ်ကျော်ကာလအတွင်း ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်နှင့် ဟားခါးမြို့နယ်အတွင်းမှ စစ်ကောင်စီ လက်အောက်ခံ စစ်သားနှင့် ရဲ အယောက် ၄၀ ခန့်သည် ၎င်းတို့ထံသို့ အလင်းဝင်ရောက်လာကြောင်း CDF-Hakha မှ တာဝန်ရှိသူကပြောသည်။

CDF- Hakha မှ တာဝန်ရှိသူတစ်ဦးက “အာဏာသိမ်းခါစကတော့ CDM ပြုလုပ်တဲ့ စစ်သားနဲ့ရဲ တော်တော်များတယ် အဲဒီနောက် ကျွန်တော်တို့ဆီ တစ်ယောက်စ နှစ်ယောက်စနဲ့ အလင်းဝင်လာတဲ့သူကတော့ ဒီနေ့အထိ ၄၀ ဝန်းကျင် ရှိတယ်ဗျ” ဟု ပြောသည်။

ပြီးခဲ့သည့်မတ်လ ၂ ရက်နေ့ကလည်း ချင်းပြည်နယ် ဟားခါးမြို့ပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားတစ်ဦးသည် CDF-Hakha ထံလက်နက်အပြည့်အစုံဖြင့် အလင်းဝင်လာခဲ့သည်ဟုသိရသည်။

အဆိုပါရဲတပ်သားသည် သေနတ် ၁ လက်၊ ကျည်ဆံ ၃၀၀ ကျော်၊ ‌ကျည်ဘောက်စ် ၂ ခု၊ လက်ပစ်ဗုံး ၂ လုံး၊ ကျည်ကာ ၁ ထည်နှင့်အတူ CDF-Hakha ထံအလင်းဝင်လာခြင်းဖြစ်ပြီး ၎င်းအား ဆုငွေလက်ဆောင် ငွေသား ကျပ်သိန်း ၅၀ ချီးမြှင့်ကာ လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးကြောင်း သိရသည်။

၃ နှစ်တာကာလအတွင်း CDF-Hakha တပ်ဖွဲ့ထံ အလင်း၀◌င်ကြသူအယောက် ၄၀ ခန့်တွင် စစ်သားထက် ရဲတပ်သားများ ပိုများပြီး လက်နက်အပြည့်အစုံဖြင့်၀◌င်လာသူများကို ဆုငွေများချီးမြှင့်ပေးလေ့ရှိသည်ဟု သိရသည်။

“ကျွန်တော်တို့ဆီ အလင်းဝင်ကြတဲ့သူ‌ထဲမှာ တချို့က လက်နက်မပါဘဲ ကိုယ်လွတ်ရုန်းလာကြသူတွေရှိတာပေါ့နော်၊ ထက်ဝက်လောက်ကတော့ လက်နက်တွေနဲ့အလင်းဝင်ကြတာပေါ့။ သူတို့ကိုကျတော့ ဆုငွေ သိန်း ၅၀ လက်ဆောင်ပေးတယ်၊ သူတို့အတွက် လုံခြုံတဲ့နေရာရောက်တဲ့အထိ တာဝန်ယူပေးတယ်” ဟု CDF- Hakha တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီလက်အောက်တွင် တာ၀◌န်ထမ်းဆောင်နေကြသော စစ်သားနဲ့ ရဲတပ်သားများအနေဖြင့် စစ်ကောင်စီအား ကျောခိုင်းပြီး အမြန်ဆုံး တော်လှန်ရေးထဲပါဝင်လာကြရန်နှင့် CDF-Hakha ထံ အချိန်မရွေးဆက်သွယ်နိုင်ကြောင်း CDF- Hakha က ထုတ်ပြန်ထားပါသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

မြန်မာလိဂ်မှာ ကစားနေသော Chinland FC မှ ချင်းကစားသမား တစ်ပတ်နီးပါးကြာ ပျောက်ဆုံးနေ

ကလေး- တီးတိန်- ဖလမ်း ကားလမ်းပိုင်း ဂိတ်ကြေးပေးဆောင်မှုများသောကြောင့် ကားခမြင့်တက်နေဆဲ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

August 28, 2026

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.