Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»အာသံရိုင်ဖယ်တပ်က မြန်မာနိုင်ငံသား ၄ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိ

အာသံရိုင်ဖယ်တပ်က မြန်မာနိုင်ငံသား ၄ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိ

0
By Editor on December 5, 2022 Khonumthung

အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်တောင်ပိုင်း ရှာဟာခရိုင်တွင် မြန်မာနိုင်ငံသား ၄ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ အာသံရိုင်ဖယ်တပ်ဖွဲ့က ဒီဇင်ဘာလ ၃ ရက်နေ့က ဖမ်းဆီးခဲ့သည်ဟု သိရသည်။

ရှာဟာခရိုင် တွီပန်းကျေးရွာဘက်တွင် တရားမဝင်ပစ္စည်းများ သယ်ဆောင်မည်ဟု တိကျသောသတင်းအချက်အလက် ရရှိမှုအပေါ်အခြေခံ၍ အာသံရိုင်ဖယ်နှင့် တွီပန်းရဲတပ်ဖွဲ့တို့သည် ဒီဇင်ဘာလ ၃ ရက်နေ့က စစ်ဆင်ရေးတရပ်ဆောင်ရွက်ရာတွင် ထိုကဲ့သို့ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု အာသံရိုင်ဖယ်တပ်ဖွဲ့က ထုတ်ပြန်သည်။

တွီပန်းစစ်ဆေးဂိတ်ကို ကင်ဘိုဆိုင်ကယ် ၃ စီးဖြင့် ရှောင်ကွင်းရန်ကြိုးစား၍ မောင်းနှင်လာသော အဆိုပါမြန်မာနိုင်ငံသား ၄ ဦးကို ရပ်တန့်စစ်ဆေးရာတွင် လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများကို ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု အာသံ ရိုင်ဖယ်တပ်ဖွဲ့ကဆိုသည်။

မြန်မာနိုင်ငံသား ၄ ဦးနှင့်အတူ ပွိုင့် ၂၂ ရိုင်ဖယ်သေနတ် ၂ လက်၊ ကျည်ဆံ၊ ပြောက်ကျားဝတ်စုံ၊ စစ်ဖိနပ်၊ အိုင်ကွန်နှင့် ယမ်းမှုန်တို့ ဖမ်းဆီးရမိခဲ့သည်ဟု အာသံရိုင်ဖယ်တပ်က ထုတ်ပြန်သည်။

၎င်းတို့ ၄ ဦးကို တွီပန်းရဲစခန်းသို့ လွဲပြောင်းခဲ့သည်ဟု သိရသည်။

အာသံရိုင်ဖယ်တပ်ဖွဲ့သည် မီဇိုရမ်ပြည်နယ်နှင့် ချင်းပြည်နယ်နယ်စပ်တွင် စစ်ဆေးရေးဂိတ်များထားရှိကာ လုံခြုံရေးစစ်ဆေးမှုများ တင်းတင်းကျပ်ကျပ်ဖြင့် ဆောင်ရွက်လျှက်ရှိပြီး ယခင်ကလည်း လက်နက်ခဲယမ်းများ မကြာခဏ ဖမ်းဆီးလေ့ရှိသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ပြည်သူများကို လိမ်လည်လှည့်ဖြားသည်ဟုဆိုကာ မြန်မာစစ်ဘေးရှောင် ၈ ဦးကို မီဇိုရမ်ပြည်နယ်ကနေ ထွက်ခွာဖို့ YMA ညွှန်ကြား

တမူးဘက် စစ်ဘေးရှောင်နေသည့် ကလေးမြို့၊ ပြည်တော်သာရွာမှ ချင်းလင်မယား သတ်ဖြတ်ခံရ

ခမ်းပတ်မြို့နှင့် ကနန်ရွာကို လေကြောင်းတိုက်ခိုက်မှုအတွင်း ဒေသခံ ၁ ဦး သေဆုံး၊ နေအိမ်အဆောက်အဦးများ ထိခိုက်ပျက်စီး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.