Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»အိႏိၵယတြင္ ေသာင္တင္ေနသည့္ ျမန္မာေက်ာင္းသားမ်ား ျပန္လာ

အိႏိၵယတြင္ ေသာင္တင္ေနသည့္ ျမန္မာေက်ာင္းသားမ်ား ျပန္လာ

0
By Editor on May 22, 2020 Khonumthung

#Zawgyi

အိႏိၵယႏုိင္ငံတြင္ ဓမၼက်မ္းစာေက်ာင္းတက္ေရာက္သင္ၾကားရင္း ကိုဗစ္ႏုိင္တင္းေၾကာင့္ ေသာင္တင္ေနၾကေသာ ျမန္မာႏုိင္ငံမွ က်မ္းစာေက်ာင္းသား ၁၆ ေယာက္သည္ ျမန္မာႏိုင္ငံသို႔ ေမလ ၂၁ ရက္ေန႔က ျပန္လည္ ေရာက္ရွိ ၾကသည္ဟုသိရသည္။

မီဇိုရမ္ျပည္နယ္ အိုင္ေဇာလ္ၿမိဳ႕ႏွင့္ အာသံျပည္နယ္ ဂိုဟာတီးၿမိဳ႕တြင္ ေသာင္တင္ေနၾကသည့္ ျမန္မာက်မ္းစာေက်ာင္းသား ၃၂ ဦးအနက္ အိုင္ေဇာလ္ၿမိဳ႕မွ ၁၆ ေယာက္သည္ ခ်င္းျပည္နယ္ ႏွင့္ မီဇိုရမ္ျပည္နယ္အစိုးရတို႔၏ အစီစဥ္ျဖင့္ ေမလ ၂၁ ရက္ေန႔ညေနပိုင္းက ရိ-ဇိုေခါထာရ္နယ္စပ္ဂိတ္သို႔ ျပန္လည္ေရာက္ရွိလာၾကျခင္းျဖစ္သည္။

၎တို႔အားလံုးကို ရိေခါဒါရ္ၿမိဳ႕တြင္ Facility Quarantine အျဖစ္ထားရွိရန္ အစကနဦးက စီစဥ္ထားခဲ့ၾကေသာ္လည္း တီးတိန္ၿမိဳ႕တြင္ျပန္လည္ထားရွိရန္ စီစဥ္သည့္အတြက္ ယေန႔နံနက္ပိုင္းက တီးတိန္ၿမိဳ႕ကို ပို႔ေဆာင္လိုက္ၿပီဟု ရိေခါဒါရ္ၿမိဳ႕ ျပန္ၾကားေရးႏွင့္ ျပည္သူ႔ဆက္ဆံေရးဦးစီးဌာနမွ ဦးစီးမွဴးဦးလားပက္ေလာမ္မာကေျပာသည္။

“သူတုိ႕ ဒီမနက္  ၉း၃၀ မွာ တီးတိန္မွာ Quarantine ထားဖုိ႔ ကြ်န္ေတာ္တုိ႕ပုိ႔လိုက္ျပီ ၊ ၁၆ေယာက္ျပန္လာၾကတယ္ ၊ ရိဒ္မွာမထားေတာ့ဘူး ၊ တီးတိန္ျမဳိ႕မွာထားမယ္ ’’ ဟု ျပန္ဆက္ဦးစီးမွဴးကေျပာသည္။ 

ယခုျပန္လာသည့္က်မ္းစာေက်ာင္းသားမ်ားသည္ စစ္ကိုင္းတိုင္းေဒသႀကီး ကေလးၿမိဳ႕နယ္၊ ခ်င္းျပည္နယ္ တီးတိန္၊ က်ီခါး၊ မင္းတပ္၊ ဟားခါး ႏွင့္ ရန္ကုန္ၿမိဳ႕တို႔တြင္ ေနထိုင္သူမ်ားျဖစ္ၾကၿပီး တီးတိန္ၿမိဳ႕ FBBC က်မ္းစာေက်ာင္းတြင္ Facility Quarantine ၂၁ ရက္ထားရွိၿပီးေနာက္ ၎တို႔၏ေနရပ္အသီးသီးသို႔ျပန္လည္ေစလႊတ္မည္ဟုသိရသည္။

အာသံျပည္နယ္ ဂိုဟာတီးၿမိဳ႕တြင္ ေသာင္တင္ေနၾကေသာ ျမန္မာေက်ာင္းသားမ်ားကို မည္သည့္အခ်ိန္တြင္ ျပန္လည္ပို႔ေဆာင္မည္ကိုမူ မသိရေသးေပ။ 

ကမၻာ့ကပ္ေရာဂါ COVID-19 ကယက္ေၾကာင့္ အိႏိၵယတစ္ႏုိင္ငံလံုး Lockdown ခ်ထားသည့္အတြက္ အိႏိၵယႏိုင္ငံရွိ ျပည္နယ္အသီးသီးတြင္ က်မ္းစာေက်ာင္းတက္ေရာက္ေနၾကသည့္ ျမန္မာႏိုင္ငံမွ ေက်ာင္းသားမ်ားသည္ ေနရပ္ျပန္ႏုိင္ေရးႏွင့္ စား၀တ္ေနေရးအတြက္ အခက္ၾကံေတြ႔လ်က္ရွိၾကသည္ဟု သိရသည္။

#Unicode

#Zawgyi

အိန္ဒိယနိုင်ငံတွင် ဓမ္မကျမ်းစာကျောင်းတက်ရောက်သင်ကြားရင်း ကိုဗစ်နိုင်တင်းကြောင့် သောင်တင်နေကြသော မြန်မာနိုင်ငံမှ ကျမ်းစာကျောင်းသား ၁၆ ယောက်သည် မြန်မာနိုင်ငံသို့ မေလ ၂၁ ရက်နေ့က ပြန်လည် ရောက်ရှိ ကြသည်ဟုသိရသည်။

မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့နှင့် အာသံပြည်နယ် ဂိုဟာတီးမြို့တွင် သောင်တင်နေကြသည့် မြန်မာကျမ်းစာကျောင်းသား ၃၂ ဦးအနက် အိုင်ဇောလ်မြို့မှ ၁၆ ယောက်သည် ချင်းပြည်နယ် နှင့် မီဇိုရမ်ပြည်နယ်အစိုးရတို့၏ အစီစဉ်ဖြင့် မေလ ၂၁ ရက်နေ့ညနေပိုင်းက ရိ-ဇိုခေါထာရ်နယ်စပ်ဂိတ်သို့ ပြန်လည်ရောက်ရှိလာကြခြင်းဖြစ်သည်။

၎င်းတို့အားလုံးကို ရိခေါဒါရ်မြို့တွင် Facility Quarantine အဖြစ်ထားရှိရန် အစကနဦးက စီစဉ်ထားခဲ့ကြသော်လည်း တီးတိန်မြို့တွင်ပြန်လည်ထားရှိရန် စီစဉ်သည့်အတွက် ယနေ့နံနက်ပိုင်းက တီးတိန်မြို့ကို ပို့ဆောင်လိုက်ပြီဟု ရိခေါဒါရ်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးဦးလားပက်လောမ်မာကပြောသည်။

“သူတို့ ဒီမနက်  ၉း၃၀ မှာ တီးတိန်မှာ Quarantine ထားဖို့ ကျွန်တော်တို့ပို့လိုက်ပြီ ၊ ၁၆ယောက်ပြန်လာကြတယ် ၊ ရိဒ်မှာမထားတော့ဘူး ၊ တီးတိန်မြို့မှာထားမယ် ’’ ဟု ပြန်ဆက်ဦးစီးမှူးကပြောသည်။ 

ယခုပြန်လာသည့်ကျမ်းစာကျောင်းသားများသည် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်၊ ချင်းပြည်နယ် တီးတိန်၊ ကျီခါး၊ မင်းတပ်၊ ဟားခါး နှင့် ရန်ကုန်မြို့တို့တွင် နေထိုင်သူများဖြစ်ကြပြီး တီးတိန်မြို့ FBBC ကျမ်းစာကျောင်းတွင် Facility Quarantine ၂၁ ရက်ထားရှိပြီးနောက် ၎င်းတို့၏နေရပ်အသီးသီးသို့ပြန်လည်စေလွှတ်မည်ဟုသိရသည်။

အာသံပြည်နယ် ဂိုဟာတီးမြို့တွင် သောင်တင်နေကြသော မြန်မာကျောင်းသားများကို မည်သည့်အချိန်တွင် ပြန်လည်ပို့ဆောင်မည်ကိုမူ မသိရသေးပေ။ 

ကမ္ဘာ့ကပ်ရောဂါ COVID-19 ကယက်ကြောင့် အိန္ဒိယတစ်နိုင်ငံလုံး Lockdown ချထားသည့်အတွက် အိန္ဒိယနိုင်ငံရှိ ပြည်နယ်အသီးသီးတွင် ကျမ်းစာကျောင်းတက်ရောက်နေကြသည့် မြန်မာနိုင်ငံမှ ကျောင်းသားများသည် နေရပ်ပြန်နိုင်ရေးနှင့် စားဝတ်နေရေးအတွက် အခက်ကြံတွေ့လျက်ရှိကြသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

အိန္ဒိယ- မြန်မာနယ်စပ်က မရာလူငယ်အဖွဲ့၏စစ်ဆေးရေးဂိတ်ကို မီးရှို့သည့် ရခိုင်ကုန်သည်တချို့ကို အရေးယူပေးရန် ULA/AA ထံ IFM တောင်းဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 16, 2026

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

September 16, 2026

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

September 16, 2026

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.