Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ေမလအတြင္း Lockdown ျဖည္ေလွ်ာ့မႈမရွိလွ်င္ ကပ္တဲလ္ေက်းရြာ၏ ေတာင္ယာလုပ္ငန္းမ်ားထိခိုက္ႏုိင္

ေမလအတြင္း Lockdown ျဖည္ေလွ်ာ့မႈမရွိလွ်င္ ကပ္တဲလ္ေက်းရြာ၏ ေတာင္ယာလုပ္ငန္းမ်ားထိခိုက္ႏုိင္

0
By Editor on May 13, 2020 Khonumthung

#Zawgyi

ျမန္မာႏုိင္ငံတြင္ ကိုရိုနာဗိုင္းရပ္စ္ (COVID-19) ေရာဂါ ပထမဦးဆံုး ကူးစက္ခံရသူေတြ႔ရွိသည့္ ခ်င္းျပည္နယ္ တီးတိန္ၿမိဳ႕နယ္ ကပ္တဲလ္ေက်းရြာအား Lockdown ခ်ထားမႈကို ယခုေမလအတြင္း ျဖည္ေလွ်ာ့ေပးျခင္းမရွိပါက ေဒသခံ ျပည္သူမ်ားအဓိကအားထားရသည့္ ေတာင္ယာလုပ္ငန္းမ်ား ထိခိုက္မႈရွိလာႏုိင္သည္ဟု ကပ္တဲလ္ ေက်းရြာအုပ္ခ်ဴပ္ေရးမွဴး ဦးဒိုဇေတြာင္ကေျပာသည္။

“ ေတာင္ယာလုပ္ျခင္းအားျဖင့္ ၀မ္းစာဖူလံုမႈက ၁၀၀ ရာခိုင္ႏႈန္းမျဖစ္ရင္ေတာင္ သံုးပံုႏွစ္ပံုေလာက္က ဖူလံုႏုိင္တယ္၊ ဆိုေတာ့ ေတာင္ယာမလုပ္ျဖစ္ဘူးဆိုရင္ျပသာနာရွိလာႏုိ္င္တယ္၊ ဒီအပတ္ထဲျဖည္ေပးမယ္ဆိုရင္ေတာ့ ပံုမွန္လိုေတာ့ျဖစ္ႏိုင္တယ္၊ Lockdown က ေနာက္တစ္ပတ္ ႏွစ္ပတ္တိုးလာရင္ေတာ့ ေပါင္းရွင္းဖို႔ ေပါင္းႏုတ္ဖို႔က အဆင္မေျပေလာက္ေတာ့ဘူး၊ အထြက္အတိုးႏႈန္းေတာ္ေတာ္ေလ်ာ့ႏိုင္တယ္၊ ေပါင္းရွင္းတာ ေပါင္းႏႈတ္တာက သူ႔အခ်ိန္နဲ႔ သူရိွတာ မလုပ္ဘူးဆိုရင္ က်ေနာ္တို႔ စိုက္တဲ့အပင္ေတြက မထြားႏိုင္ေတာ့ဘူးျဖစ္ေနမယ္၊ အမ်ားေသာအားျဖင့္ ဒီကာလေလးမွာ ေပါင္းႏႈတ္တာအဆင္အေျပဆံုးပဲ မဟုတ္ဘူးဆိုရင္ ဒီမိုးဦးနဲ႔ တုိက္တိုက္ဆိုင္ဆိုင္ ျဖစ္သြားလိုက္ရင္ က်ေနာ္တို႔က ေပါင္းရွင္းတာမႏိုင္ေတာ့ဘူး” ဟု ဦးဒိုဇေတြာင္ကေျပာသည္။

ခ်င္းျပည္နယ္တြင္ မိုးရာသီမေရာက္ခင္ ေဖေဖာ္၀ါရီႏွင့္ မတ္လမ်ားတြင္ ေျပာင္းဖူးစိုက္ျခင္း၊ ပ်ိဳးက်ဲျခင္းမ်ား ျပဳလုပ္ေလ့ရွိၾကၿပီး ေမလ လကုန္ပိုင္းတြင္ ေပါင္းရွင္းျခင္းမ်ားျပဳလုပ္ေလ့ရွိၾကသည္။

သို႔ေသာ္လည္း အေမရိကန္ႏိုင္ငံမွ ဇာတိရြာ ကပ္တဲလ္သို႔ ျပန္လာခဲ့သည့္ အသက္(၃၆)ႏွစ္အရြယ္ ဦးေတြာင္ဆြင္းခိုင္သည္ COVID-19 ေရာဂါပိုးကူးစက္ခံထားရေၾကာင္း မတ္လ (၂၃) ရက္ေန႔ကေတြ႔ရွိၿပီးေနာက္ ကပ္တဲလ္ေက်းရြာကို မတ္လ (၂၄) ရက္ေန႔ကစ၍ ယေန႔ခ်ိန္ထိ Lockdown ခ်ထားေသာေၾကာင့္ ေက်းရြာေနျပည္သူမ်ားသည္ ၎တို႔၏ေတာင္ ယာလုပ္ငန္း မ်ားဆက္လက္လုပ္ကိုင္ႏုိင္ျခင္းမရွိၾကေတာ့ဘဲ ေနာက္ႏွစ္၀မ္းစာအတြက္ စိုးရိမ္ပူပန္ေနၾကရျခင္းျဖစ္သည္။

အိမ္ေျခ (၇၀၀) နီးပါးခန္႔ရွိၿပီး လူဦးေရ (၃၆၀၀) ေက်ာ္ရွိသည့္ ကပ္တဲလ္ေက်းရြာသည္ စိုက္ပ်ဴိးေရးႏွင့္ ေမြးျမဴေရးလုပ္ငန္း မ်ားကို အဓိကလုပ္ကိုင္ၾကၿပီး ေက်းရြာလူဦးေရ၏ ၇၅ ရာခိုင္ႏႈန္းသည္ ေတာင္ယာလုပ္ငန္းကို လုပ္ကိုင္ၾကသည္ဟုသိရသည္။
အဓိကစိုက္ပ်ဴိးမႈအေနျဖင့္ စပါး၊ ေျပာင္းဖူး ႏွင့္ ပဲမ်ားကို စိုက္ပ်ဴိးေလ့ရွိၾကၿပီး ႏြား၊ ႏြားေနာက္ႏွင့္ ျမင္းတို႔ကိုလည္း ေမြးျမဴၾကသည္ဟုသိရသည္။

ကပ္တဲလ္ေက်းရြာရိွ ေဒသခံမ်ားသည္ ၿပီးခဲ့သည့္ ေဖေဖာ္၀ါရီလကတည္းက စပါးႏွင့္ေျပာင္းဖူး မ်ိဳးေစ့က်ဲခဲ့ၾကၿပီး Lockdown ေၾကာင့္ မ်ိဳးေစ့က်ဲထားသည္ ေျပာင္းဖူးတို႔မွာလည္း စတင္ေပါက္ေနျပီျဖစ္ေသာ္လည္း ေပါင္းရွင္းျခင္းမလုပ္ေဆာင္ႏိုင္ျခင္းေၾကာင့္ အပင္မ်ားမထြားႏိုင္ေတာ့ဘဲ အထြက္ႏႈန္းက်ဆင္းသြားမွာကို စိုးရိမ္ေနရေၾကာင္း ေက်းရြာအုပ္ခ်ဴပ္ေရးမွဴးကေျပာသည္။

ယခုအခါ ကပ္တဲလ္ေက်းရြာမွ COVID-19 case -1 လူနာသည္ ေရာဂါပိုးမေတြ႔ေတာ့ဘဲ က်န္းမာေရးေကာင္းမြန္သည့္အတြက္ ေဆးရံုမွဆင္းခြင့္ျပဳလုိုက္ျပီျဖစ္သည့္အတြက္ ကပ္တဲလ္ေက်းရြာ Lockdown ခ်ထားမႈကို ျပန္လည္ရုပ္သိမ္းရန္ ျပည္ေထာင္စုအစိုးရသို႔တင္ျပထားေသာ္လည္း အေၾကာင္းျပန္ၾကားမႈမရွိေသးေၾကာင္း ခ်င္းျပည္နယ္ လူမႈေရး၀န္ႀကီးဦးေပါင္လြန္မင္းထန္ကေျပာသည္။

“တစ္ဖက္မွာလည္း လူနာနံပတ္ ၁ ကလည္း အခု Negative ျဖစ္သြားျပီ အဲဒီရြာက ထိေတြ႕မိတဲ့သူအားလံုးကိုက်ေနာ္တို႔ ဓာတ္ခြဲစမ္းသပ္ျပီးေတာ့ အားလံုးက Negative ျဖစ္သြားျပီ ျပီးေတာ့ ေနာက္ဆံုး Positive ေတြ႕တဲ့အိမ္က ၂၁ ရက္ျပည့္္ သြားျပီ အဲလိုျဖစ္တဲ့အခါက်ေတာ့ ေျဖေလာက္ရေလာက္ျပီထင္တာေပါ့ေနာ္ တစ္ရြာလံုးကို Lockdown ခ်တဲ့ေနရာမွာ အခက္အခဲအမ်ားၾကီးရိွတယ္ အဲဒီ Lockdown ခ်ထားျခင္းအားျဖင့္ သူတို႔အလုပ္အကိုင္ေတြပ်က္တယ္ စားဖို႔ေသာက္ဖို႔ ေတာင္ယာလုပ္ငန္းေတြ ဘာမွလုပ္လို႔မရဘူး အဲလိုျဖစ္တဲ့အခါက်ေတာ့ သူတို႔တင္ျပခ်က္အရ ဒီဟာကို ျပန္ေျဖေပးမွပဲ သူတို႔ေတာင္ယာလုပ္ငန္းဆက္လုပ္ႏုိင္မယ္ ဒါေၾကာင့္ အထက္ကိုစာတင္ထားတယ္ က်န္းမာေရး၀န္ႀကီးဌာနရဲ့ သေဘာထားရမွဘဲ ျပန္ျဖည္လို႔ရမယ္ က်ေနာ္တို႔ေစာင့္ေနတယ္အဲဒါေလးကို ” ဟု ၀န္ၾကီးဦးေပါင္လြန္မင္းထန္ကေျပာသည္။

ျမန္မာႏိုင္ငံ၏ ပထမဆံုး COVID-19 ေရာဂါကူးစက္ခံရသည့္ ကပ္တဲလ္ေက်းရြာမွ လူနာအမွတ္ (၁) ဦးေတြာင္ဆြင္းခိုင္သည္ ေရာဂါပိုးမေတြ႔ရွိေတာ့သည့္အတြက္ ဧၿပီလ ၃၀ ရက္ေန႔က ေဆးရံုမွဆင္းသြားၿပီျဖစ္သည္။
ယခုလက္ရွိ ခ်င္းျပည္နယ္တြင္ COVID-19 ေရာဂါပိုးေတြ႔လူနာ တီးတိန္ျပည္သူ႔ေဆးရံုတြင္ (၄) ဦး ၊ ဟားခါးၿမိဳ႕ျပည္သူ႔ေဆးရံုတြင္ (၁) ဦး ကုသမႈခံယူလ်က္ရွိၾကသည္။

Photo Credit

#Unicode

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါ ပထမဦးဆုံး ကူးစက်ခံရသူတွေ့ရှိသည့် ချင်းပြည်နယ် တီးတိန်မြို့နယ် ကပ်တဲလ်ကျေးရွာအား Lockdown ချထားမှုကို ယခုမေလအတွင်း ဖြည်လျှော့ပေးခြင်းမရှိပါက ဒေသခံ ပြည်သူများအဓိကအားထားရသည့် တောင်ယာလုပ်ငန်းများ ထိခိုက်မှုရှိလာနိုင်သည်ဟု ကပ်တဲလ် ကျေးရွာအုပ်ချူပ်ရေးမှူး ဦးဒိုဇတွောင်ကပြောသည်။

“ တောင်ယာလုပ်ခြင်းအားဖြင့် ဝမ်းစာဖူလုံမှုက ၁၀ဝ ရာခိုင်နှုန်းမဖြစ်ရင်တောင် သုံးပုံနှစ်ပုံလောက်က ဖူလုံနိုင်တယ်၊ ဆိုတော့ တောင်ယာမလုပ်ဖြစ်ဘူးဆိုရင်ပြသာနာရှိလာနိ်ုင်တယ်၊ ဒီအပတ်ထဲဖြည်ပေးမယ်ဆိုရင်တော့ ပုံမှန်လိုတော့ဖြစ်နိုင်တယ်၊ Lockdown က နောက်တစ်ပတ် နှစ်ပတ်တိုးလာရင်တော့ ပေါင်းရှင်းဖို့ ပေါင်းနုတ်ဖို့က အဆင်မပြေလောက်တော့ဘူး၊ အထွက်အတိုးနှုန်းတော်တော်လျော့နိုင်တယ်၊ ပေါင်းရှင်းတာ ပေါင်းနှုတ်တာက သူ့အချိန်နဲ့ သူရှိတာ မလုပ်ဘူးဆိုရင် ကျနော်တို့ စိုက်တဲ့အပင်တွေက မထွားနိုင်တော့ဘူးဖြစ်နေမယ်၊ အများသောအားဖြင့် ဒီကာလလေးမှာ ပေါင်းနှုတ်တာအဆင်အပြေဆုံးပဲ မဟုတ်ဘူးဆိုရင် ဒီမိုးဦးနဲ့ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်သွားလိုက်ရင် ကျနော်တို့က ပေါင်းရှင်းတာမနိုင်တော့ဘူး” ဟု ဦးဒိုဇတွောင်ကပြောသည်။

ချင်းပြည်နယ်တွင် မိုးရာသီမရောက်ခင် ဖေဖော်ဝါရီနှင့် မတ်လများတွင် ပြောင်းဖူးစိုက်ခြင်း၊ ပျိုးကျဲခြင်းများ ပြုလုပ်လေ့ရှိကြပြီး မေလ လကုန်ပိုင်းတွင် ပေါင်းရှင်းခြင်းများပြုလုပ်လေ့ရှိကြသည်။

သို့သော်လည်း အမေရိကန်နိုင်ငံမှ ဇာတိရွာ ကပ်တဲလ်သို့ ပြန်လာခဲ့သည့် အသက်(၃၆)နှစ်အရွယ် ဦးတွောင်ဆွင်းခိုင်သည် COVID-19 ရောဂါပိုးကူးစက်ခံထားရကြောင်း မတ်လ (၂၃) ရက်နေ့ကတွေ့ရှိပြီးနောက် ကပ်တဲလ်ကျေးရွာကို မတ်လ (၂၄) ရက်နေ့ကစ၍ ယနေ့ချိန်ထိ Lockdown ချထားသောကြောင့် ကျေးရွာနေပြည်သူများသည် ၎င်းတို့၏တောင် ယာလုပ်ငန်း များဆက်လက်လုပ်ကိုင်နိုင်ခြင်းမရှိကြတော့ဘဲ နောက်နှစ်ဝမ်းစာအတွက် စိုးရိမ်ပူပန်နေကြရခြင်းဖြစ်သည်။

အိမ်ခြေ (၇၀ဝ) နီးပါးခန့်ရှိပြီး လူဦးရေ (၃၆၀ဝ) ကျော်ရှိသည့် ကပ်တဲလ်ကျေးရွာသည် စိုက်ပျိူးရေးနှင့် မွေးမြူရေးလုပ်ငန်း များကို အဓိကလုပ်ကိုင်ကြပြီး ကျေးရွာလူဦးရေ၏ ၇၅ ရာခိုင်နှုန်းသည် တောင်ယာလုပ်ငန်းကို လုပ်ကိုင်ကြသည်ဟုသိရသည်။
အဓိကစိုက်ပျိူးမှုအနေဖြင့် စပါး၊ ပြောင်းဖူး နှင့် ပဲများကို စိုက်ပျိူးလေ့ရှိကြပြီး နွား၊ နွားနောက်နှင့် မြင်းတို့ကိုလည်း မွေးမြူကြသည်ဟုသိရသည်။

ကပ်တဲလ်ကျေးရွာရှိ ဒေသခံများသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလကတည်းက စပါးနှင့်ပြောင်းဖူး မျိုးစေ့ကျဲခဲ့ကြပြီး Lockdown ကြောင့် မျိုးစေ့ကျဲထားသည် ပြောင်းဖူးတို့မှာလည်း စတင်ပေါက်နေပြီဖြစ်သော်လည်း ပေါင်းရှင်းခြင်းမလုပ်ဆောင်နိုင်ခြင်းကြောင့် အပင်များမထွားနိုင်တော့ဘဲ အထွက်နှုန်းကျဆင်းသွားမှာကို စိုးရိမ်နေရကြောင်း ကျေးရွာအုပ်ချူပ်ရေးမှူးကပြောသည်။

ယခုအခါ ကပ်တဲလ်ကျေးရွာမှ COVID-19 case -1 လူနာသည် ရောဂါပိုးမတွေ့တော့ဘဲ ကျန်းမာရေးကောင်းမွန်သည့်အတွက် ဆေးရုံမှဆင်းခွင့်ပြုလိုုက်ပြီဖြစ်သည့်အတွက် ကပ်တဲလ်ကျေးရွာ Lockdown ချထားမှုကို ပြန်လည်ရုပ်သိမ်းရန် ပြည်ထောင်စုအစိုးရသို့တင်ပြထားသော်လည်း အကြောင်းပြန်ကြားမှုမရှိသေးကြောင်း ချင်းပြည်နယ် လူမှုရေးဝန်ကြီးဦးပေါင်လွန်မင်းထန်ကပြောသည်။

“တစ်ဖက်မှာလည်း လူနာနံပတ် ၁ ကလည်း အခု Negative ဖြစ်သွားပြီ အဲဒီရွာက ထိတွေ့မိတဲ့သူအားလုံးကိုကျနော်တို့ ဓာတ်ခွဲစမ်းသပ်ပြီးတော့ အားလုံးက Negative ဖြစ်သွားပြီ ပြီးတော့ နောက်ဆုံး Positive တွေ့တဲ့အိမ်က ၂၁ ရက်ပြည့် သွားပြီ အဲလိုဖြစ်တဲ့အခါကျတော့ ဖြေလောက်ရလောက်ပြီထင်တာပေါ့နော် တစ်ရွာလုံးကို Lockdown ချတဲ့နေရာမှာ အခက်အခဲအများကြီးရှိတယ် အဲဒီ Lockdown ချထားခြင်းအားဖြင့် သူတို့အလုပ်အကိုင်တွေပျက်တယ် စားဖို့သောက်ဖို့ တောင်ယာလုပ်ငန်းတွေ ဘာမှလုပ်လို့မရဘူး အဲလိုဖြစ်တဲ့အခါကျတော့ သူတို့တင်ပြချက်အရ ဒီဟာကို ပြန်ဖြေပေးမှပဲ သူတို့တောင်ယာလုပ်ငန်းဆက်လုပ်နိုင်မယ် ဒါကြောင့် အထက်ကိုစာတင်ထားတယ် ကျန်းမာရေးဝန်ကြီးဌာနရဲ့ သဘောထားရမှဘဲ ပြန်ဖြည်လို့ရမယ် ကျနော်တို့စောင့်နေတယ်အဲဒါလေးကို ” ဟု ဝန်ကြီးဦးပေါင်လွန်မင်းထန်ကပြောသည်။

မြန်မာနိုင်ငံ၏ ပထမဆုံး COVID-19 ရောဂါကူးစက်ခံရသည့် ကပ်တဲလ်ကျေးရွာမှ လူနာအမှတ် (၁) ဦးတွောင်ဆွင်းခိုင်သည် ရောဂါပိုးမတွေ့ရှိတော့သည့်အတွက် ဧပြီလ ၃၀ ရက်နေ့က ဆေးရုံမှဆင်းသွားပြီဖြစ်သည်။
ယခုလက်ရှိ ချင်းပြည်နယ်တွင် COVID-19 ရောဂါပိုးတွေ့လူနာ တီးတိန်ပြည်သူ့ဆေးရုံတွင် (၄) ဦး ၊ ဟားခါးမြို့ပြည်သူ့ဆေးရုံတွင် (၁) ဦး ကုသမှုခံယူလျက်ရှိကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မင်းတပ်မြို့ကို စစ်တပ်ကအပြင်းအထန် ဗုံးကြဲ၊ နေအိမ် ၁၀ လုံးကျော် ထပ်မံပျက်စီး

စစ်တပ်အတွက် လော်ဘီလုပ်ပေးနေသော ဝါရှင်တန်ဒီစီအခြေစိုက် လော်ဘီလုပ်ငန်းကုမ္ပဏီကို အမေရိကန်အထက်လွှတ်တော် အမတ်ဟောင်း ဝေဖန်

တိုက်ပွဲများ ပြင်းထန်နေသာ ချင်းပြည်တောင်ပိုင်းသို့ ပဥ္စမကြိမ်အဖြစ် စစ်တပ်က အင်အားရာချီ ထပ်မံဖြည့်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
October 30, 2026

CDF – ဟားခါးစခန်းဟောင်းကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်

October 30, 2026

မင်းတပ်မြို့ကို စစ်တပ်ကအပြင်းအထန် ဗုံးကြဲ၊ နေအိမ် ၁၀ လုံးကျော် ထပ်မံပျက်စီး

October 29, 2026

စစ်တပ်အတွက် လော်ဘီလုပ်ပေးနေသော ဝါရှင်တန်ဒီစီအခြေစိုက် လော်ဘီလုပ်ငန်းကုမ္ပဏီကို အမေရိကန်အထက်လွှတ်တော် အမတ်ဟောင်း ဝေဖန်

October 29, 2026

CDF – ဟားခါး၏ စစ်သုံ့ပန်းစခန်း ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ ၊ စစ်အုပ်စုတပ်ဖွဲ့ဝင် စစ်သုံ့ပန်း ၁၀ ဦးအထိ အစုအပြုံလိုက်သေဆုံး၊ ၅ ဦး ထိခိုက်ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.