Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ေ၀ဖန္မႈမ်ားသည့္ သန္း (၆၀) ေက်ာ္တန္ လြတ္လပ္ေရးေက်ာက္တိုင္ ဟားခါးမွာ ဖြင့္လွစ္

ေ၀ဖန္မႈမ်ားသည့္ သန္း (၆၀) ေက်ာ္တန္ လြတ္လပ္ေရးေက်ာက္တိုင္ ဟားခါးမွာ ဖြင့္လွစ္

0
By Editor on January 5, 2021 Khonumthung

#Unicode

ကျပ်ငွေသန်း (၆၀) ကျော်အကုန်ကျခံပြီး ချင်းပြည်နယ် ဟားခါးမြို့ မြို့သစ်ရပ်ကွက် ခုစီလိုဘိုပန်းခြံတွင် အမြင့်ပေ (၇၅) ရှိသော လွတ်လပ်ရေးကျောက်တိုင်ကို ဇန်နဝါရီလ ၄ ရက်နေ့ ၇၃ နှစ်မြောက်လွတ်လပ်ရေးနေ့မှာ ဖွင့်လှစ်ခဲ့ကြသည်။

အမြင့် (၇၅) ပေ၊ အချင်း (၁၄) ပေရှိသည့် အဆိုပါလွတ်လပ်ရေးကျောက်တိုင်ကို ချင်းကာလီလီကုမ္ပဏီမှ ပြီးခဲ့သည့် ဇူလိုင်လကစ၍ တာဝန်ယူတည်ဆောက်ကာ ၇၃ နှစ်မြောက်လွတ်လပ်ရေးနေ့မှာ ချင်းပြည်နယ်ဝန်ကြီးချူပ် ဆလိုင်း လျန်လွယ်က ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ချင်းပြည်နယ်အစိုးရအနေဖြင့် ယခုကဲ့သို့ လွတ်လပ်ရေးကျောက်တိုင်ကို ငွေကျပ်သန်းပေါင်းများစွာ အကုန်အကျခံ တည်ဆောက်မည့်အစား အကူအညီလိုအပ်နေသူများနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ပညာရေး၊ ကျန်းမာရေးပိုင်းတွင် အသုံးပြုသင့်သည်ဟု ဝေဖန်ထောက်ပြမှုများရှိခဲ့သည်။

Tedim Youth Fellowship မှ ဦးဆောင်သူ ကိုမုန်းနိုးက “ ချင်းပြည်နယ် ဟားခါးမြို့တော်မှာသန်း (၆၀) ကုန်ပြီးတော့ တော်တော်လေးကို ဘဏ္ဍငွေကိုအလဟသ သုံးတယ်လို့ ကျနော်မြင်တယ် ဒုတိယချက်က ဒီလောက်ထိချင်းပြည်နယ်မှာ ဖွံ့ဖြိုးတိုးတက်မှုနောက်ကျနေတဲ့အချိန်မှာ ဒီသန်း (၆၀) လုံးသုံးပြီးတော့မှ ဘာမှမဟုတ်တဲ့လွတ်လပ်ရေး ကျောက်တိုုင်ကို စိုက်ထူတာက လုံးဝမသင့်တော်တဲ့လုပ်ရပ်လို့ ကျတော်မြင်တယ် တတိယအနေနဲ့ အခုလက်ရှိ ချင်းပြည်နယ်မှာ ကိုဗစ်နိုင် ၁၉ ကြောင့် ဒီလောက်ထိပြည်သူလူထုတွေ အခက်အခဲရောက်နေတယ် ကျန်းမာရေးဝန်ထမ်းတွေ အခက်အခဲရောက် နေတဲ့အချိန်မှာ ဒီသန်း (၆၀) လုံးကို အဲဒီလွတ်လပ်ရေးကျောက်တိုင်စိုက်ထူတဲ့နေရာမှာ အသုံးပြုထားတာထက် ဒီကိုဗစ် ၁၉ ကိစ္စမှာသုံးရင်တော့ ပိုပြီးတော့မှ ပြည်သူလူထုအတွက် အကျိုးရှိတဲ့ ဘဏ္ဍာငွေအသုံးပြုမှုများ ဖြစ်မလားပေါ့” ဟု ထောက်ပြထားသည်။

အဆိုပါလွတ်လပ်ရေးကျောက်တိုင်ကို ချင်းပြည်နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း (GRF) ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၅၀၊ ၂၀၁၉-၂၀၂ဝ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ ကျပ် ၁၁.၆ သန်း၊ စုစုပေါင်းကျပ် ၆၁.၆ သန်းဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။

#Zawgyi

က်ပ္ေငြသန္း (၆၀) ေက်ာ္အကုန္က်ခံၿပီး ခ်င္းျပည္နယ္ ဟားခါးၿမိဳ႕ ၿမိဳ႕သစ္ရပ္ကြက္ ခုစီလိုဘိုပန္းျခံတြင္ အျမင့္ေပ (၇၅) ရွိေသာ လြတ္လပ္ေရးေက်ာက္တိုင္ကို ဇန္နဝါရီလ ၄ ရက္ေန႔ ၇၃ ႏွစ္ေျမာက္လြတ္လပ္ေရးေန႔မွာ ဖြင့္လွစ္ခဲ့ၾကသည္။ 

အျမင့္ (၇၅) ေပ၊ အခ်င္း (၁၄) ေပရွိသည့္ အဆိုပါလြတ္လပ္ေရးေက်ာက္တိုင္ကို ခ်င္းကာလီလီကုမၸဏီမွ  ၿပီးခဲ့သည့္ ဇူလိုင္လကစ၍ တာ၀န္ယူတည္ေဆာက္ကာ  ၇၃ ႏွစ္ေျမာက္လြတ္လပ္ေရးေန႔မွာ ခ်င္းျပည္နယ္၀န္ႀကီးခ်ဴပ္ ဆလိုင္း လ်န္လြယ္က ဖြင့္လွစ္ခဲ့ျခင္းျဖစ္သည္။ 

ခ်င္းျပည္နယ္အစိုးရအေနျဖင့္ ယခုကဲ့သို႔ လြတ္လပ္ေရးေက်ာက္တိုင္ကို ေငြက်ပ္သန္းေပါင္းမ်ားစြာ အကုန္အက်ခံ တည္ေဆာက္မည့္အစား အကူအညီလိုအပ္ေနသူမ်ားႏွင့္ ေဒသဖြံ႕ၿဖိဳးေရးအတြက္ ပညာေရး၊ က်န္းမာေရးပိုင္းတြင္ အသံုးျပဳသင့္သည္ဟု ေ၀ဖန္ေထာက္ျပမႈမ်ားရွိခဲ့သည္။ 

Tedim Youth Fellowship မွ ဦးေဆာင္သူ ကိုမုန္းႏိုးက “ ခ်င္းျပည္နယ္ ဟားခါးၿမိဳ႕ေတာ္မွာသန္း (၆၀) ကုန္ၿပီးေတာ့ ေတာ္ေတာ္ေလးကို ဘ႑ေငြကိုအလဟသ သံုးတယ္လို႔ က်ေနာ္ျမင္တယ္ ဒုတိယခ်က္က ဒီေလာက္ထိခ်င္းျပည္နယ္မွာ ဖြံ႕ၿဖိဳးတိုးတက္မႈေနာက္က်ေနတဲ့အခ်ိန္မွာ ဒီသန္း (၆၀) လံုးသံုးၿပီးေတာ့မွ ဘာမွမဟုတ္တဲ့လြတ္လပ္ေရး ေက်ာက္တိုုင္ကို စိုက္ထူတာက လံုး၀မသင့္ေတာ္တဲ့လုပ္ရပ္လို႔ က်ေတာ္ျမင္တယ္ တတိယအေနနဲ႔ အခုလက္ရွိ ခ်င္းျပည္နယ္မွာ ကိုဗစ္ႏိုင္ ၁၉ ေၾကာင့္ ဒီေလာက္ထိျပည္သူလူထုေတြ အခက္အခဲေရာက္ေနတယ္ က်န္းမာေရး၀န္ထမ္းေတြ အခက္အခဲေရာက္ ေနတဲ့အခ်ိန္မွာ ဒီသန္း (၆၀) လံုးကို အဲဒီလြတ္လပ္ေရးေက်ာက္တိုင္စိုက္ထူတဲ့ေနရာမွာအသံုးျပဳထားတာထက္ ဒီကိုဗစ္ ၁၉ ကိစၥမွာသံုးရင္ေတာ့ပိုၿပီးေတာ့မွ ျပည္သူလူထုအတြက္ အက်ိဳးရွိတဲ့ ဘ႑ာေငြအသံုးျပဳမႈမ်ားျဖစ္မလားေပါ့” ဟု ေထာက္ျပထားသည္။ 

အဆိုပါလြတ္လပ္ေရးေက်ာက္တိုင္ကို ခ်င္းျပည္နယ္ စည္ပင္သာယာေရးအဖြဲ႕၏ ၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္ ေငြလံုးေငြရင္း (GRF) ခြင့္ျပဳရန္ပံုေငြ က်ပ္သန္း ၅၀၊ ၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္ ေငြလုံးေငြရင္း ခြင့္ျပဳရန္ပုံေငြ က်ပ္ ၁၁.၆ သန္း၊ စုစုေပါင္းက်ပ္ ၆၁.၆ သန္းျဖင့္ တည္ေဆာက္ထားျခင္းျဖစ္သည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

အိန္ဒိယ- မြန်မာနယ်စပ်က မရာလူငယ်အဖွဲ့၏စစ်ဆေးရေးဂိတ်ကို မီးရှို့သည့် ရခိုင်ကုန်သည်တချို့ကို အရေးယူပေးရန် ULA/AA ထံ IFM တောင်းဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 16, 2026

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

September 16, 2026

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

September 16, 2026

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.