Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုရမ်တွင် Lockdown ဖြေလျော့၊ Covid-19 ပိုးတွေ့လူနာ (၃၈) ဦးသာကျန်ရှိ

မီဇိုရမ်တွင် Lockdown ဖြေလျော့၊ Covid-19 ပိုးတွေ့လူနာ (၃၈) ဦးသာကျန်ရှိ

0
By Editor on July 2, 2020 Khonumthung

#Zawgyi






#Unicode

By ရစ်ချက် – ချင်းပြည်နယ်နှင့်နယ်နိမိတ်ချင်းထိစပ်ပြီး မြန်မာနိုင်ငံသားအများအပြား နေထိုင်အလုပ်လုပ်ကိုင်နေကြသည့် မီဇိုရမ် ပြည်နယ်တွင် ဇူလိုင်လ (၁) ရက်နေ့ကစ၍ တစ်ပြည်နယ်လုံး Lockdown ချထားမှု ဖြေလျော့လိုက်ပြီဖြစ်သည်။ 

Covid-19 ကြောင့် မီဇိုရမ်တွင် Lockdown ရက်ပေါင်း (၁၀၁) ရက် ချထားခဲ့ပြီဖြစ်ပြီး ဇူလိုင်လ (၁) ရက်နေ့ကစ၍ အစိုးရက ယခုလိုဖြေလျော့လိုက်ပြီဟု ဒေသထုတ်သတင်းစာ The Aizawl Post တွင် ဖော်ပြသည်။ 

မီဇိုရမ်တွင် ဇူလိုင်လ (၁) ရက်နေ့ကစ၍ ဇူလိုင်လ (၃၁) ရက်နေ့အထိ ဈေးဆိုင်များ ပုံမှန်ပြန်လည်ဖွင့်လှစ်ခွင့်ပြုခြင်း၊ ဘစ်ကားများပြေးစွဲခြင်း၊ ပြည်နယ်အတွင်းခရီးသွားလာခွင့်များရှိမှာဖြစ်ပြီး နယ်စပ်ဂိတ်များမှာ နဂိုအတိုင်း ဆက်လက်ပိ တ်ထားမည့်အပြင် စာသင်ကျောင်းနှင့် ဘုရားကျောင်း၌ ဝတ်ပြုကိုယ်းကွယ်ခွင့်ကိုလည်း ဆက်ပိတ်ထားမည် ဖြစ်သည်။ 

မီဇိုရမ်ပြည်နယ်တွင် ဇွန်လ (၁) ရက်နေ့က Covid-19 ရောဂါပိုးစတင်တွေ့ရှိခဲ့ပြီး ဇူလိုင်လ (၁) ရက်နေ့အထိ Covid-19 ရောဂါပိုးကူးစက်ခံထားရသူ (၁၆၀) ဦးရှိသည့်အနက် သက်သာပျောက်ကင်းသူ (၁၂၂) ဦးရှိနေပြီဖြစ်ကြောင်း သိရသည်။ 

လက်ရှိတွင် Covid-19 ရောဂါပိုးကူးစက်ခံထားရပြီး ဆေးကုသမှုခံယူနေသူ (၃၈) ဦးရှိပြီး Covid-19 ရောဂါပိုးကြောင့် သေဆုံးသူမရှိသေးကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းနိုင်ငံရေးသမား ဒေါက်တာငိုင်းတမ်မောင်း NUG အစိုးရအဖွဲ့၏ ပြည်ထောင်စုဝန်ကြီးဖြစ်လာ

ဖလမ်း၊ ဟားခါး၊ တီးတိန်တို့မှာ တည်ဆောက်ရေးလုပ်ငန်းများအတွက် ပို့မလောက်ဖြစ်နေဟု လွှတ်တော်မှာ မင်းအောင်လှိုင် ညည်းတွား

ချင်းပြည်သူ့အစည်းအရုံး CPU/CPA နှင့် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့များ တွေ့ဆုံ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 23, 2026

“ချင်းပြည်လွတ်မြောက်နိုင်ဖို့ အားလုံးကစုပြီးတော့မှ ခုခံတွန်းလှန်ရမယ်၊ တော်လှန်ရမယ်ဆိုတဲ့ အခြေခံပေါ်မှာ မူတည်ပြီးတော့မှ တွေ့ဆုံကြတာဖြစ်တယ်”

November 4, 2026

“ကျူးလွန်ခံရတဲ့ လူတိုင်းက တရားမျှတမှုကို လိုလားပြီး တောင်းတနေကြတယ်”

September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 23, 2026

“ချင်းပြည်လွတ်မြောက်နိုင်ဖို့ အားလုံးကစုပြီးတော့မှ ခုခံတွန်းလှန်ရမယ်၊ တော်လှန်ရမယ်ဆိုတဲ့ အခြေခံပေါ်မှာ မူတည်ပြီးတော့မှ တွေ့ဆုံကြတာဖြစ်တယ်”

November 20, 2026

စစ်တပ်၏ ရိုဟင်ဂျာများအပေါ် ဂျီနိုဆိုက် ကျူးလွန်ခဲ့ကြောင်း ICJ စီရင်ချက်ကို ချင်းအပါအဝင် မြန်မာအရပ်ဖက်အဖွဲ့ ၂၀၀ ကျော် ကြိုဆို

November 20, 2026

ချင်းနိုင်ငံရေးသမား ဒေါက်တာငိုင်းတမ်မောင်း NUG အစိုးရအဖွဲ့၏ ပြည်ထောင်စုဝန်ကြီးဖြစ်လာ

November 19, 2026

ဖလမ်း၊ ဟားခါး၊ တီးတိန်တို့မှာ တည်ဆောက်ရေးလုပ်ငန်းများအတွက် ပို့မလောက်ဖြစ်နေဟု လွှတ်တော်မှာ မင်းအောင်လှိုင် ညည်းတွား

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.