Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ချင်းပြည်နယ်မြို့နယ်တစ်ချို့တွင် PSI စလောင်းများ အာဏာသိမ်းစစ်ကောင်စီက ဖြုတ်ခိုင်းနေ

ချင်းပြည်နယ်မြို့နယ်တစ်ချို့တွင် PSI စလောင်းများ အာဏာသိမ်းစစ်ကောင်စီက ဖြုတ်ခိုင်းနေ

0
By Editor on April 10, 2021 Khonumthung
#Unicode
ချင်းပြည်နယ် ဟားခါး၊ မတူပီနှင့် ပလက်ဝမြို့တို့တွင် အာဏာသိမ်းစစ်ကောင်စီက PSI စလောင်းများကိုဖြုတ်သိမ်းခိုင်းပြီး တစ်အိမ်တက်ဆင်းရှာဖွေမှုများပြုလုပ်နေသည်ဟုသိရသည်။
မတူပီမြို့တွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းက PSI စလောင်းများတပ်ဆင်ခြင်းရှိမရှိ တစ်အိမ် တက်ဆင်းလိုက်လံရှာဖွေမှုများပြုလုပ်ခဲ့သည်ဟု မတူပီဒေသခံတစ်ဦးကပြောသည်။
“ ဒီနေ့မနက်က ရဲ နဲ့ စစ်သားတွေက PSI စလောင်းတွေရှိမရှိ တစ်အိမ်တက်ဆင်းပုံစံမျိူးလိုက်ရှာကြတယ်၊ ဒါပေမယ့် PSI စလောင်းရှိတဲ့သူတွေကလည်း ကြိုတင်သတင်းရရှိထားတော့ ပြုတ်ပြီးသိမ်းထားကြတော့ ခုထိအသိမ်းခံရတော့မကြားမိ သေးဘူး’’ ဟု မတူပီဒေသခံကပြောသည်။
ချင်းပြည်နယ်၏မြို့တော်ဟားခါးမြို့တွင်လည်း ဧပြီလ ၈ ရက်နေ့က PSI/TATA စလောင်းများကို စစ်ကောင်စီတပ်ဖွဲ့များက သိမ်းယူမှုရှိနေပြီး ပိုင်ရှင်များ၏နာမည်စာရင်းများမှတ်ထားကာ ပြန်လည်ပေးအပ်မည်ဟုပြောဆိုကြောင်း ဟားခါးမြို့ခံများ ထံမှသိရသည်။
အလားတူ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့ပေါ်တွင်လည်း PSI စလောင်းများတပ်ဆင်သည့် ပြည်သူများအနေအား ဧပြီလ ၈ ရက်နေ့ ကတည်းက စစ်ကောင်စီကဖြုတ်သိမ်းခိုင်းနေသည်ဟု ပလက်ဝဒေသခံတစ်ဦးကပြောသည်။
PSI ဂြိုလ်တုစလောင်းသည် အာဏာသိမ်းစစ်ကောင်စီမှထုတ်လွှင့်ခွင့်ပိတ်ထားသည့် Mizzima နှင့် DVB သတင်းများကို ကြည့်ရှုနိုင်သည့်အတွက် မြန်မာနိုင်ငံတွင်လက်ရှိဖြစ်ပေါ်နေသော သတင်းအမှန်များကို ပြည်သူလူထုအား သတင်း အမှောင်ချလိုသည့်ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ပြုတ်သိမ်းခိုင်းခြင်းဖြစ်နိုင်သည်ဟုဒေသခံများကပြောသည်။
#Zawgyi
ခ်င္းျပည္နယ္ ဟားခါး၊ မတူပီႏွင့္ ပလက္၀ၿမိဳ႕တို႔တြင္ အာဏာသိမ္းစစ္ေကာင္စီက PSI စေလာင္းမ်ားကိုျဖဳတ္သိမ္းခိုင္းၿပီး တစ္အိမ္တက္ဆင္းရွာေဖြမႈမ်ားျပဳလုပ္ေနသည္ဟုသိရသည္။
မတူပီၿမိဳ႕တြင္ အာဏာသိမ္းစစ္ေကာင္စီတပ္ဖြဲ႔၀င္မ်ားက ယေန႔နံနက္ပိုင္းက PSI စေလာင္းမ်ားတပ္ဆင္ျခင္းရွိမရွိ တစ္အိမ္ တက္ဆင္းလိုက္လံရွာေဖြမႈမ်ားျပဳလုပ္ခဲ့သည္ဟု မတူပီေဒသခံတစ္ဦးကေျပာသည္။
“ ဒီေန႔မနက္က ရဲ နဲ႔ စစ္သားေတြက PSI စေလာင္းေတြရွိမရွိ တစ္အိမ္တက္ဆင္းပံုစံမ်ဴိးလိုက္ရွာၾကတယ္၊ ဒါေပမယ့္ PSI စေလာင္းရွိတဲ့သူေတြကလည္း ႀကိဳတင္သတင္းရရွိထားေတာ့ ျပဳတ္ၿပီးသိမ္းထားၾကေတာ့ ခုထိအသိမ္းခံရေတာ့မၾကားမိ ေသးဘူး’’ ဟု မတူပီေဒသခံကေျပာသည္။
ခ်င္းျပည္နယ္၏ၿမိဳ႕ေတာ္ဟားခါးၿမိဳ႕တြင္လည္း ဧၿပီလ ၈ ရက္ေန႔က PSI/TATA စေလာင္းမ်ားကို စစ္ေကာင္စီတပ္ဖြဲ႔မ်ားက သိမ္းယူမႈရွိေနၿပီး ပိုင္ရွင္မ်ား၏နာမည္စာရင္းမ်ားမွတ္ထားကာ ျပန္လည္ေပးအပ္မည္ဟုေျပာဆိုေၾကာင္း ဟားခါးၿမိဳ႕ခံမ်ား ထံမွသိရသည္။
အလားတူ ခ်င္းျပည္နယ္ေတာင္ပိုင္း ပလက္၀ၿမိဳ႕ေပၚတြင္လည္း PSI စေလာင္းမ်ားတပ္ဆင္သည့္ ျပည္သူမ်ားအေနအား ဧၿပီလ ၈ ရက္ေန႔ ကတည္းက စစ္ေကာင္စီကျဖဳတ္သိမ္းခိုင္းေနသည္ဟု ပလက္၀ေဒသခံတစ္ဦးကေျပာသည္။
PSI ၿဂိဳလ္တုစေလာင္းသည္ အာဏာသိမ္းစစ္ေကာင္စီမွထုတ္လႊင့္ခြင့္ပိတ္ထားသည့္ Mizzima ႏွင့္ DVB သတင္းမ်ားကို ၾကည့္ရႈႏိုင္သည့္အတြက္ ျမန္မာႏိုင္ငံတြင္လက္ရွိျဖစ္ေပၚေနေသာ သတင္းအမွန္မ်ားကို ျပည္သူလူထုအား သတင္း အေမွာင္ခ်လိုသည့္ရည္ရြယ္ခ်က္ျဖင့္ ယခုကဲ့သို႔ျပဳတ္သိမ္းခိုင္းျခင္းျဖစ္ႏိုင္သည္ဟုေဒသခံမ်ားကေျပာသည္။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မလေးရှားရောက် ဒုက္ခသည်များ ကိုရီးယားတွင် Master ဘွဲ့တက်ရောက်ရန် GKS ပညာတော်သင်ဆု အခွင့်အလမ်းစတင်

ကလေး-ဖလမ်းကြားတိုက်ပွဲအတွင်း CDF-Zophei ရဲဘော် တစ်ဦးကျဆုံး

ချင်းပြည် (Chinland) အစိုးရ ပညာရေးနှင့် ကျန်းမာရေးဌာနက ဝန်ထမ်းသစ်များ ခေါ်ယူနေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.