Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»“အိန္ဒိယဟာ ဘယ်တုန်းကမှ ဒုက္ခသည်တွေကို လက်မခံတဲ့ နိုင်ငံပါ”

“အိန္ဒိယဟာ ဘယ်တုန်းကမှ ဒုက္ခသည်တွေကို လက်မခံတဲ့ နိုင်ငံပါ”

0
By Editor on April 16, 2021 Headline

#Unicode

မီဇိုရမ်အခြေစိုက် NGO United for Democratic Myanmar အဖွဲ့ဥက္ကဌ ပူးလောမ်မာနှင့် မေးမြန်းခြင်း

Benezer – မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့နိုင်ငံရေးအခြေအနေကြောင့် အိန္ဒိယနိ်ုင်ငံအရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ်ကို CDM ဝင်တဲ့ အစိုးရဝန်ထမ်းတွေအပါအဝင် မြန်မာနိုင်ငံသားအထူးသဖြင့် ချင်းလူမျိူး ၁၀၀၀ ကျော်ခန့် ထွက်ပြေးတိမ်းရှောင်နေ ကြရပါပြီ။ အိန္ဒိယနိုင်ငံသို့ ခုလိုထွက်ပြေးတိမ်းရှောင်နေကြတဲ့ မြန်မာနိုင်ငံသားတွေအပေါ် အိန္ဒိယအစိုးရရဲ့ သဘောထားက ဘယ်လိုရှိပါသလဲ။ ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ဘေးရှောင်ပြည်သူတွေကိုကူညီပေးနေတဲ့ မီဇိုရမ်အခြေစိုက် NGO United for Democratic Myanmar အဖွဲ့ဥက္ကဌ ပူးလောမ်မာကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ ပထမဆုံးအနေနဲ့ ဆရာတို့အဖွဲ့အစည်းကို ဘယ်လိုရည်ရွယ်ချက်နဲ့စတင်ဖွဲ့စည်းဖြစ်သွားတာပါလဲ။

ဖြေ။ ။ ကျနော်တို့ စဖွဲ့စည်းတာကတော့ စစ်အာဏာရှင်ကိုမကြိုက်လို့ ဆန့်ကျင်တဲ့အနေနဲ့ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့မှာ ဒေသတွင်းအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး Seat in Demonstration လုပ်ကြတယ်၊ ဆန္ဒပြခြေ တက်လမ်းလျှောက်ပွဲတွေလုပ်ဖြစ်ခဲ့ကြတယ်၊ အဲဒီကနေပြီးမှ ကျနော်တို့က ဒီအဖွဲ့ကို ဖွဲ့စည်းတာဖြစ်တယ် ဆိုလိုတာကတော့ ကျနော်တို့က အာဏာရှင်စနစ်ကိုဆန့်ကျင်တယ်၊ ဒီမိုကရေစီကိုလိုလားတယ် အဲဒီအတွက်ဖွဲ့ထားတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ဒုက္ခသည်တွေကူညီတယ်ဆိုတာကတော့ ဒီ CDM ကြောင့်ပြေးလာတဲ့သူတွေကတော့ ဒီမိုကရေစီဘက်တော်သားအနေနဲ့ ကျနော်တို့က ကူညီတာဖြစ်ပါတယ် ဒုက္ခသည်အတွက် သီးသန့်ဖွဲ့စည်းထားတာ တော့မဟုတ်ပါဘူး ဒီမိုကရေစီအောင်မြင်ဖို့အတွက်ဖွဲ့စည်းတာဖြစ်ပါတယ်။

မေး။ ။ ခုဆိုရင် လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေကြောင့် မီဇိုရမ်ပြည်နယ်ကို အမြောက်အများ ထွက်ပြေး လာကြ တာတွေ့ရပါတယ်၊ သူတို့တွေကို ဆရာတို့အဖွဲ့အနေနဲ့လည်း ကူညီပံ့ပိုးတာတွေလုပ်ကြတယ်၊ ဘယ်လိုပုံစံနဲ့ ကူညီကြ တာလဲ။

ဖြေ။ ။ ကျနော်တို့ကူညီတဲ့ပုံစံကတော့ နယ်စပ်တွေမှာလည်း ကျနော်တို့မိတ်ဆွေကနေ စပြီးလုပ်ခဲ့တယ် မိတ်ဆွေတွေကို ဖုန်းဆက်ပြီးတော့ CDM ကြောင့်ပြေးလာတဲ့သူတွေရှိရင် ကူညီပါ အာသန် ရိုင်ဖယ်ကတားမြစ်တဲ့အတွက်ကြောင့် အာသန်ရိုင်ဖယ်ကို သူတို့ ရှောင်ကွင်းပြီးတော့ သူတို့ဝင်လာခဲ့တယ် Champhai မှာလည်း ကျနော်တို့ အဖွဲ့အစည်းရှိတယ် နယ်စပ်မြို့အတော်တော်များများမှာပေါ့ သူတို့ကလက်ခံနိုင်ရင် လက်ခံတယ် သူတို့လက်ခံလို့ မရတော့တဲ့ ပမာဏဖြစ်လာရင်တော့ ကျနော်တို့ Aizawl ကို ပို့ခိုင်းလိုက်တယ် အဲဒီတော့ ကျနော်တို့မိတ်ဆွေတစ်ဦးရဲ့ အဆောက်အအုံတစ်ခု ခြံတကွက်တစ်ခုမှာ သူတို့စခန်းအနေနဲ့ ယာယီထားပေးလိုက်တယ် ပြီးတော့ ကျနော်တို့ သက်ဆိုင်ရာပုဂ္ဂိုလ်တွေ ဗမာပြည်ကနေ ဒီဘက်ကို ပြောင်းရွှေ့လာတဲ့သူတွေ ဒီမှာ အလုပ်လုပ်တဲ့သူတွေ အဖွဲ့အစည်းအသီးသီးတွေရှိကြတယ် အဲဒီအဖွဲ့လေးတွေထဲမှာ ကျနော်တို့ကလည်း အလှူငွေတွေလိုက်တောင်းတယ် သူတို့လည်း ကောင်းကောင်းမွန်မွန်ပေးလို့ ကျနော်တို့က အခုလက်ရှိအထိပေါ့ သူတို့ကိုကူညီနိုင်သေးတယ် ကောင်းကောင်းမွန်မွန်စောင့်ရှောက်နိုင်တဲ့ အနေအထားမှာရှိပါတယ် ကောင်းကောင်းမွန်မွန်ဆိုတာက သိပ်ကောင်းကြီးတော့မဟုတ်ဘူး။

မေး။ ။ ဆရာတို့က အလှူခံတာမျိုးတွေရှိတယ် အဲဒါဘယ်လိုပုံစံမျိုးနဲ့ အလှူခံပြီးတော့ အဓိက ဘယ်နေရာတွေမှာ အလှူရရှိတဲ့ငွေတွေကိုအသုံးပြုတာလဲ။

ဖြေ။ ။ ကျနော်တို့ Aizawl မြို့ပေါ်မှာ Charity Concert လုပ်တာတော့ပြီးသွားပါပြီ အလှူငွေလည်း အတိအကျပြောမယ်ဆိုရင်တော့ ရူပီငွေနဲ့ (၅၁၉၀၀၉) အဲဒီငွေတွေကတော့ အဖွဲ့အစည်း (၅) ဖွဲ့ကနေပြီးတော့မှ ပေါင်းပြီးမှလှူတာဖြစ်တဲ့အတွက် အဲဒီအဖွဲ့အစည်းရဲ့ (၅) ဖွဲ့ရဲ့ခေါင်းဆောင်တွေမစုံသေးလို့ မသုံးသေးပါဘူး ချိတ်ပိတ်ပြီးမှ သိမ်းထားပေးပါတယ် ဘဏ်မှာပေါ့နော် မသုံးသေးပါဘူး အခုလောလောဆယ်တော့ နီးစပ်ရာ နီးစပ်ရာလေးတွေ ဆွဲပြီးမှ အလှူငွေကောက်တယ် အဝတ်အစားတွေ အိပ်ရာခင်းတွေ ကျနော်တို့လိုက်ပြီးမှတောင်းဆိုခဲ့တယ် အဲဒါနဲ့ ပြုစုနေတာပဲဖြစ်ပါသေးတယ်။

မေး။ ။ အခုလက်ရှိအချိန်ထိ ဒီဘက်ထွက်ပြေးလာတဲ့သူတွေ CDM ပဲဖြစ်ဖြစ် ကျန်တဲ့သူတွေပဲဖြစ်ဖြစ် သူတို့ထွက်ပြေးလာတဲ့အနေအထားကဘယ်လိုရှိလဲ ပြီးတော့အခု နေရတဲ့ထိုင်ရတဲ့ ကြုံတွေ့ရတဲ့ အခက်အခဲလိုဟာမျိုး ဖိအားပေးခံရတဲ့အခက်အခဲလိုဟာမျိုး ရှိလား။

ဖြေ – သူတို့အကြောက်တရားပါပဲ သူတို့မှာ အခက်အခဲက ပြီးတော့ စားသောက်ဖို့နဲ့ နေထိုင်ဖို့ကတော့ တော်တော်လေးခက်ခဲတယ် စားသောက်ဖို့ကတော့ နှစ်ရက် သုံးရက်စာရှိတယ် လှူတဲ့သူက ဆန်တစ်အိတ်လာလှူလိုက် ပဲတစ်အိတ်လာလှူလိုက်နဲ့ အဲလိုမျိုးစုပေါင်းစားလာတဲ့အနေအထားမှာလည်း တွေ့ရတယ် တော်တော်များများကတော့ နီးစပ်ရာ ဆွေမျိုးအိမ်မှာလည်း သူတို့သွားနေတာလည်းရှိတယ် အဲဒီတော့ သူတို့က ထွက်ပြေးလာရတဲ့ အကြောင်းဆိုတာကတော့ ကျနော်တို့ပြောထားတဲ့အတိုင်း CDM ကြောင့်ထွက်ပြေးလာတယ်ဆိုရင်တော့ ကျနော်တို့ ကောင်းကောင်းပြုစုဖို့ ကြိုးစားပါတယ်။

မေး။ ။ ထိုင်းနိုင်ငံလိုမျိုူး စစ်ဘေးရှောင်စခန်းကို အိန္ဒိယနိုင်ငံအစိုုးရဖြစ်ဖြစ် ဆရာတို့လူတွေကပဲဖြစ်ဖြစ် အဲလိုမျိုးကြိုတင်ပြင်ဆင်ထားတာမျိုးရှိလား။

ဖြေ။ ။ “အိန္ဒိယဟာ ဘယ်တုန်းကမှ ဒုက္ခသည်တွေကို လက်မခံတဲ့ နိုင်ငံပါ ပြီးတော့ ကုလသမ္မကရဲ့ ဒုက္ခသည် ပဋိညာဉ်စာချုပ်မှာလည်း လက်မှတ်မထိုးထားတဲ့နိုင်ငံဖြစ်တယ် သူဘယ်တုန်းကမှ တရားဝင် သူ့နိုင်ငံမှာ ဒုက္ခသည်လက်ခံတယ်ဆိုတာမရှိဘူး နောက်တခုကွကျတာကလည်း အခက်အခဲကြုံနေရတာက ဒီနိုင်ငံတကာ နယ်နိမိတ်ကိုကျော်ပြီးဝင်လာတဲ့ ဒုက္ခသည်ဟာ အိန္ဒိယဗဟိုအစိုးရရဲ့ အာဏာလုပ်ပိုင်ခွင့်အောက်မှှာရှိတယ် ပြည်နယ်အစိုးရဘာမှလုပ်ပိုင်ခွင့်မရှိဘူး ဒါပေမဲ့အခုဝင်လာတဲ့ လူအများစုက ကျနော်တို့ညီအစ်ကိုတွေ Mizo နဲ့ ချင်းကတော့ အတူတူပါပဲ ဟိုနိုင်ငံ ဒီနိ်ုင်ငံမှာနေလို့ နာမည်သာကွဲတယ်သာရှိတဲ့အတွက်ကြောင့် ဝင်လာတဲ့သူလည်း သူတို့အမျိုးရှိရင် အမျိုးအိမ်မှာဝင်တယ် အမျိုးမရှိရင်လည်း ကျနော်တို့က ကူညီပေးတယ် အဲဒါကို ကျနော်တို့လည်းဒီမှာ လော်ဘီတွေဝင်ပါတယ် ပါတီရုံးအားလုံး ကျနော်တို့ ဝင်ပြီးပြီ NGO သိသလောက် ကျနော်တို့ ဝင်ပြီးသွားပြီ အားလုံးရဲ့ထောက်ခံမှုကို ရတယ် ပြည်နယ်ဝန်ကြီးချုပ်ကလည်း ကူညီမယ်လို့တော့ ပြောထားတယ် ဒါပေမဲ့ ဒီနေ့ထိတော့ In case နဲ့ In kind အစိုးရကနေ ဘာမှမရသေးပါဘူး အဲဒီတော့ ကျနော်တို့လည်း ဒါကို ကြုံခဲ့ပြီးပါပြီ (၈၈) ကျောင်းသားအရေးခင်းမှာ Generation X အဖွဲ့တွေ အဲဒီလူတွေကလည်း လာတုန်းက ဒီလိုပဲခံရတာပဲ အာသန်ရိုင်ဖယ်ကလည်း သူတို့ကဖမ်းပြီးမှ ပြန်ထုတ်ဖို့ ကြိုးစားခဲ့တယ် ကျနော်တို့ တော်တော်လေးဒုက္ခရောက်ခဲ့တယ် အဲဒီတော့ (၈၈) ကျောင်းသားကိစ္စတုန်းကတော့ ကျနော်တို့က Rajiv Gandhi ပေါ့နော် အိန္ဒိယက Congress Party ဝန်ကြီးချုပ်က Rajiv Gandhi ကို ကျနော်တို့က ကမ်းလှမ်းတယ် ကမ်းလှမ်းတယ်ဆိုတာ Rajiv Gandhi ကလည်း အိန္ဒိယပေါ်လစီတော့မဟုတ်ပေမယ့် လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ ဒီ Mizoram Govenor နဲ့ Chif minister တွေကို သူက သက်ညှာစွာနဲ့ ပြုစုဖို့ relief camp အနေနဲ့ လုပ်ပေးဖို့ သူတို့ဆွေးနွေးပေးမှ သူတို့ဆုံးဖြတ်လိုက်တယ် အဲဒါနဲ့ Champhai မှာ ယာယီစခန်းလေးဆောက်ပေးလိုက်တယ် အဲဒါနဲ့ ဖြစ်သလိုတော့အဆင်ပြေသွားပါတယ် အခုအဲဒီအနေအထားမျိုးကို ကျနော်တို့က မရရှိဘူး ဘာမှကိုမရရှိသေးတာ ဝင်လာရင်လည်း ခိုုးဝင်ရတယ် ဒီမှာနေလည်း ခိုးနေရတယ် ဒုက္ခသည်တွေကလည်း ဟိုလူကြောက် ဒီလူကြောက်နေကြတယ် အဲဒါကြောင့် ဒီပြည်နယ်အစိုးရနဲ့ ပလိပ်တွေ ဒါတွေကတော့ သက်ဆိုင်ရာ အာဏာရှိတွေ ပြည်နယ်လုပ်ပိုင်ခွင့်အတွင်းမှာတော့ အစိုးရဘက်ကတော့ သူတို့က ဖမ်းပြီး Push back မလုပ်ဖို့ သူတို့အချင်းချင်း အကြောင်းကြားထားတာပေါ့”

မေး။ ။ အိန္ဒိယအစိုးရက ဒုက္ခသည်တွေကို တရားဝင်လက်မခံခဲ့တဲ့နိုင်ငံဆိုတော့ ရှေ့ဆက်ပြီး ဘယ်လိုမျိုးတွေဖြစ်လာနိုင်လဲ။

ဖြေ။ ။ အိန္ဒိယကတော့ သူတို့ ပေါ်လစီကို ပြောင်းမယ်လို့တော့မထင်ဘူး ဒါပေမယ့်ပေါ်လစီမပြောင်းပေမယ့်လည်း ညှင်သာစွာ ကိုင်တွယ်မယ့် အနေအထားတော့ အစိုးရမှာရှိပါတယ် မူကတော့ မူပေါ့နော် ကိုင်တွယ်ပုံနည်းမှာ သက်သက်ညှာညှာလေးကိုင်တွေပေးရင်တော့ ကျနော်တို့ကတော့ အသက်ရှုခြောင်မှာပေါ့ အရင်တုန်းကလည်း Rajiv Gandhi ကလုပ်ပေးခဲ့တာပဲ၊ Rajiv Gandhi လုပ်ပေးနိုင်တာကို Narendra Modi မလုပ်ပေးနိုင်ဘူးလားပေါ့နော် ဘယ်သူ့မှာ အကျင်နာတရားရှိသလဲဆိုတာ အချိန်ကဆုံးဖြတ်ပေးမှာပေါ့။

မေး။ ။ တကယ်လို့ အိန္ဒိယဗဟိုအစိုးရကလက်မခံရင် ပြည်နယ်အစိုးရအနေနဲ့ ဘယ်လောက်ထိကိုင်တွယ်နိုင်မလဲ။

ဖြေ။ ။ သူတို့ရဲ့ ဥပဒေကိုကြည့်လိုက်မယ်ဆိုရင် အာဏာခွဲဝေတဲ့နေရာမှာ Refugee ကိစ္စနိုင်ငံတကာ နယ်နိမိတ်ကိုကျော်ပြီး ဝင်လာတဲ့ Refugee ကိစ္စဟာ လုံးဝ ပြည်နယ်လုပ်ပိုင်ခွင့်မရှိဘူး ဗဟိုရဲ့ တစ်ဖက်သက်လုပ်ပိုင်ခွင့်သာဖြစ်ပါတယ် အဲဒါကြောင့် ဒီကြားထဲမှာတော့ ဘယ်လိုဖြစ်လာမလဲဆိုတာကတော့ ပြောလို့မရတော့ပါဘူး ဗဟိုကတော့ သူတို့ရဲ့ အမိန့်ကတော့ ပြတ်သားတယ် နှစ်ခါတောင်ပြန်ထုတ်တယ် မြန်မာနိုင်ငံနဲ့ ထိစပ်တဲ့ပြည်နယ်အားလုံး ဗမာပြည်ကနေပြီးမှ ဒုက္ခသည်တွေ လုံးဝနယ်စပ်မကျော်ရ ကျော်ရင်ဖမ်းပြီးပြန်ပို့ရမယ်ဆိုပြီး နှစ်ကြိမ်ပြည်ထဲရေးဝန်ကြီးကနေပြီးမှထုတ်ပြန်ထားတာဖြစ်ပါတယ်။

မေး။ ။ ဒီကိစ္စအပေါ် မီဇိုရမ်အစိုးရဖြစ်ဖြစ် ပြည်သူတွေလူထုသဘောထားဘယ်လိုရှိလဲ။

ဖြေ။ ။ မီဇိုရမ် ပြည်သူလူထုကတော့ ရှင်းပါတယ် ငါတို့ညီအစ်ကိုပဲ ငါတို့တော့လက်ခံမယ် ဒါကတော့ သူတို့ပြတ်ပြတ်သားသား ကြေညာနေပြီ ကျောင်းသားသမဂ္ဂအဖွဲ့တွေ ကျနော်တို့ရဲ့ မဟာမိတ်အဖွဲ့ကလည်း ဝန်ကြီးချုပ်ကို ကိုယ်တိုင်ကိုယ်ကျ သွားတွေ့ပြီး ရှင်းပြဖို့အတွက် Delhi ကိုဆင်းနေတာ အခုဆွေးနွေးနေတယ် ပြန်မလာသေးဘူး သူတို့ဆွေးနွေးလို့ ပြန်လာတဲ့အချိန်ကြရင်တော့ ဘယ်လိုအဖြေရမလဲဆိုတာကို ကျနော်တို့မျှော်လင့်နေတယ်။

မေး။ ။ အခုချိန်ထိ မီဇိုရမ်ပြည်နယ်မှာ မြန်မာစစ်ဘေးရှောင်တွေဘယ်လောက်ဝင်လာပြီလဲ။ နောက်ထပ်ဝင်လာနိုင်ခြေ တွေကော ရှိလား။

ဖြေ – လက်ရှိအချိန်မှာတော့ ကျနော်တို့လည်းအတိအကျတော့ မသိဘူး (၁၀၀၀) ကျော်ရှိသွားပါပြီ။ CDM ကြီးပဲဆိုရင်တော့ များများဝင်မယ်လို့တော့မထင်ဘူး ဒါပေမဲ့အခုဟာက CDM ဝင်တာလည်းမဟုတ်ပဲနဲ့ ဟိုအရင်တုန်းက (၈၈) နောက်ပိုင်းကလို Refugee status တွေဘာတွေရလို့ နိုင်ငံခြားကိုနေချင်လို့ ဝင်လာမယ့်သူဆိုရင်တော့ တပြုံကြီးဝင်လာမယ်လို့တော့ခန့်မှန်းပါတယ် ဒါပေမဲ့ အဲလိုမဟုတ်တဲ့သူကတော့ များမယ်လို့တော့မထင်ပါဘူး။

#Zawgyi

မီဇိုရမ္အေျခစိုက္ NGO United for Democratic Myanmar အဖြဲ႔ဥကၠဌ ပူးေလာမ္မာႏွင့္ ေမးျမန္းျခင္း

Benezer – ျမန္မာႏိုင္ငံမွာ လက္ရွိျဖစ္ပြားေနတဲ့ႏိုင္ငံေရးအေျခအေနေၾကာင့္ အိႏိၵယႏိ္ုင္ငံအေရွ႕ေျမာက္ေဒသ မီဇိုရမ္ျပည္နယ္ကို CDM ၀င္တဲ့ အစိုးရ၀န္ထမ္းေတြအပါအ၀င္ ျမန္မာႏိုင္ငံသားအထူးသျဖင့္ ခ်င္းလူမ်ဴိး ၁၀၀၀ ေက်ာ္ခန္႔ ထြက္ေျပးတိမ္းေရွာင္ေန ၾကရပါၿပီ။ အိႏိၵယႏိုင္ငံသို႔ ခုလိုထြက္ေျပးတိမ္းေရွာင္ေနၾကတဲ့ ျမန္မာႏိုင္ငံသားေတြအေပၚ အိႏၵိယအစိုးရရဲ႕ သေဘာထားက ဘယ္လိုရွိပါသလဲ။ ဒီကိစၥနဲ႔ပတ္သက္ၿပီး စစ္ေဘးေရွာင္ျပည္သူေတြကိုကူညီေပးေနတဲ့ မီဇိုရမ္အေျခစိုက္ NGO United for Democratic Myanmar အဖြဲ႔ဥကၠဌ ပူးေလာမ္မာကို ဆက္သြယ္ေမးျမန္းထားပါတယ္။

ေမး။      ။ ပထမဆံုးအေနနဲ႔ ဆရာတို႔အဖြဲ႔အစည္းကို ဘယ္လိုရည္ရြယ္ခ်က္နဲ႔စတင္ဖြဲ႔စည္းျဖစ္သြားတာပါလဲ။

ေျဖ။       ။ က်ေနာ္တို႔ စဖြဲ႔စည္းတာကေတာ့ စစ္အာဏာရွင္ကိုမႀကိဳက္လို႔ ဆန္႔က်င္တဲ့အေနနဲ႔ မီဇိုရမ္ျပည္နယ္ အိုင္ေဇာလ္ၿမိဳ႕မွာ ေဒသတြင္းအဖြဲ႔အစည္းေတြနဲ႔ပူးေပါင္းၿပီး Seat in Demonstration လုပ္ၾကတယ္၊ ဆႏၵျပေျခ တက္လမ္းေလွ်ာက္ပြဲေတြလုပ္ျဖစ္ခဲ့ၾကတယ္၊ အဲဒီကေနၿပီးမွ က်ေနာ္တို႔က ဒီအဖြဲ႔ကို ဖြဲ႕စည္းတာျဖစ္တယ္ ဆိုလိုတာကေတာ့ က်ေနာ္တို႔က အာဏာရွင္စနစ္ကိုဆန္႔က်င္တယ္၊ ဒီမိုကေရစီကိုလိုလားတယ္ အဲဒီအတြက္ဖြဲ႔ထားတဲ့ အဖြဲ႔အစည္းျဖစ္ပါတယ္။ ဒုကၡသည္ေတြကူညီတယ္ဆိုတာကေတာ့ ဒီ CDM ေၾကာင့္ေျပးလာတဲ့သူေတြကေတာ့ ဒီမိုကေရစီဘက္ေတာ္သားအေနနဲ႔ က်ေနာ္တို႔က ကူညီတာျဖစ္ပါတယ္ ဒုကၡသည္အတြက္ သီးသန္႔ဖြဲ႔စည္းထားတာ ေတာ့မဟုတ္ပါဘူး ဒီမိုကေရစီေအာင္ျမင္ဖို႔အတြက္ဖြဲ႔စည္းတာျဖစ္ပါတယ္။

ေမး။      ။ ခုဆိုရင္ လက္ရွိျမန္မာ့ႏုိင္ငံေရးအေျခအေနေၾကာင့္ မီဇိုရမ္ျပည္နယ္ကို အေျမာက္အမ်ား ထြက္ေျပး လာၾက တာေတြ႔ရပါတယ္၊ သူတို႔ေတြကို ဆရာတို႔အဖြဲ႔အေနနဲ႔လည္း ကူညီပံ့ပိုးတာေတြလုပ္ၾကတယ္၊ ဘယ္လိုပံုစံနဲ႔ ကူညီၾက တာလဲ။

ေျဖ။       ။ က်ေနာ္တို႔ကူညီတဲ့ပံုစံကေတာ့ နယ္စပ္ေတြမွာလည္း က်ေနာ္တို႔မိတ္ေဆြကေန စၿပီးလုပ္ခဲ့တယ္ မိတ္ေဆြေတြကို ဖုန္းဆက္ၿပီးေတာ့ CDM ေၾကာင့္ေျပးလာတဲ့သူေတြရွိရင္ ကူညီပါ အာသန္ ႐ိုင္ဖယ္ကတားျမစ္တဲ့အတြက္ေၾကာင့္ အာသန္႐ိုင္ဖယ္ကို သူတို႔ ေရွာင္ကြင္းၿပီးေတာ့ သူတို႔၀င္လာခဲ့တယ္ Champhai မွာလည္း က်ေနာ္တို႔ အဖြဲ႕အစည္းရွိတယ္ နယ္စပ္ၿမိဳ႕အေတာ္ေတာ္မ်ားမ်ားမွာေပါ့ သူတို႔ကလက္ခံႏိုင္ရင္ လက္ခံတယ္ သူတို႔လက္ခံလို႔ မရေတာ့တဲ့ ပမာဏျဖစ္လာရင္ေတာ့ က်ေနာ္တို႔ Aizawl ကို ပို႔ခိုင္းလိုက္တယ္ အဲဒီေတာ့ က်ေနာ္တို႔မိတ္ေဆြတစ္ဦးရဲ႕ အေဆာက္အအံုတစ္ခု ျခံတကြက္တစ္ခုမွာ သူတို႔စခန္းအေနနဲ႔ ယာယီထားေပးလိုက္တယ္ ၿပီးေတာ့ က်ေနာ္တို႔ သက္ဆိုင္ရာပုဂၢိဳလ္ေတြ ဗမာျပည္ကေန ဒီဘက္ကို ေျပာင္းေရႊ႕လာတဲ့သူေတြ ဒီမွာ အလုပ္လုပ္တဲ့သူေတြ အဖြဲ႔အစည္းအသီးသီးေတြရွိၾကတယ္ အဲဒီအဖြဲ႔ေလးေတြထဲမွာ က်ေနာ္တို႔ကလည္း အလွဴေငြေတြလိုက္ေတာင္းတယ္ သူတို႔လည္း ေကာင္းေကာင္းမြန္မြန္ေပးလို႔ က်ေနာ္တို႔က အခုလက္ရွိအထိေပါ့ သူတို႔ကိုကူညီႏိုင္ေသးတယ္ ေကာင္းေကာင္းမြန္မြန္ေစာင့္ေရွာက္ႏိုင္တဲ့ အေနအထားမွာရွိပါတယ္ ေကာင္းေကာင္းမြန္မြန္ဆိုတာက သိပ္ေကာင္းႀကီးေတာ့မဟုတ္ဘူး။

ေမး။      ။ ဆရာတို႔က အလွဴခံတာမ်ိဳးေတြရွိတယ္ အဲဒါဘယ္လိုပံုစံမ်ိဳးနဲ႔ အလွဴခံၿပီးေတာ့ အဓိက ဘယ္ေနရာေတြမွာ အလွဴရရွိတဲ့ေငြေတြကိုအသံုးျပဳတာလဲ။

ေျဖ။       ။ က်ေနာ္တို႔ Aizawl ၿမိဳ႕ေပၚမွာ Charity Concert လုပ္တာေတာ့ၿပီးသြားပါၿပီ အလွဴေငြလည္း အတိအက်ေျပာမယ္ဆိုရင္ေတာ့ ႐ူပီေငြနဲ႔ (၅၁၉၀၀၉)  အဲဒီေငြေတြကေတာ့ အဖြဲ႕အစည္း (၅) ဖြဲ႕ကေနၿပီးေတာ့မွ ေပါင္းၿပီးမွလွဴတာျဖစ္တဲ့အတြက္ အဲဒီအဖြဲ႔အစည္းရဲ႕ (၅) ဖြဲ႔ရဲ႕ေခါင္းေဆာင္ေတြမစံုေသးလို႔ မသံုးေသးပါဘူး ခ်ိတ္ပိတ္ၿပီးမွ သိမ္းထားေပးပါတယ္ ဘဏ္မွာေပါ့ေနာ္ မသံုးေသးပါဘူး အခုေလာေလာဆယ္ေတာ့ နီးစပ္ရာ နီးစပ္ရာေလးေတြ ဆြဲၿပီးမွ အလွဴေငြေကာက္တယ္ အ၀တ္အစားေတြ အိပ္ရာခင္းေတြ က်ေနာ္တို႔လိုက္ၿပီးမွေတာင္းဆိုခဲ့တယ္ အဲဒါနဲ႔ ျပဳစုေနတာပဲျဖစ္ပါေသးတယ္။

ေမး။      ။ အခုလက္ရွိအခိ်န္ထိ ဒီဘက္ထြက္ေျပးလာတဲ့သူေတြ CDM ပဲျဖစ္ျဖစ္ က်န္တဲ့သူေတြပဲျဖစ္ျဖစ္ သူတို႔ထြက္ေျပးလာတဲ့အေနအထားကဘယ္လိုရွိလဲ ၿပီးေတာ့အခု ေနရတဲ့ထိုင္ရတဲ့ ၾကံဳေတြ႕ရတဲ့ အခက္အခဲလိုဟာမ်ိဳး ဖိအားေပးခံရတဲ့အခက္အခဲလိုဟာမ်ိဳး ရွိလား။

ေျဖ – သူတို႔အေၾကာက္တရားပါပဲ သူတို႔မွာ အခက္အခဲက ၿပီးေတာ့ စားေသာက္ဖို႔နဲ႔ ေနထိုင္ဖို႔ကေတာ့ ေတာ္ေတာ္ေလးခက္ခဲတယ္ စားေသာက္ဖို႔ကေတာ့ ႏွစ္ရက္ သံုးရက္စာရွိတယ္ လွဴတဲ့သူက ဆန္တစ္အိတ္လာလွဴလိုက္ ပဲတစ္အိတ္လာလွဴလိုက္နဲ႔ အဲလိုမ်ိဳးစုေပါင္းစားလာတဲ့အေနအထားမွာလည္း ေတြ႕ရတယ္ ေတာ္ေတာ္မ်ားမ်ားကေတာ့ နီးစပ္ရာ ေဆြမ်ိဳးအိမ္မွာလည္း သူတို႔သြားေနတာလည္းရွိတယ္ အဲဒီေတာ့ သူတို႔က ထြက္ေျပးလာရတဲ့ အေၾကာင္းဆိုတာကေတာ့ က်ေနာ္တို႔ေျပာထားတဲ့အတိုင္း CDM ေၾကာင့္ထြက္ေျပးလာတယ္ဆိုရင္ေတာ့ က်ေနာ္တို႔ ေကာင္းေကာင္းျပဳစုဖို႔ ႀကိဳးစားပါတယ္။

ေမး။      ။ ထိုင္းႏိုင္ငံလိုမ်ိဳူး စစ္ေဘးေရွာင္စခန္းကို အိႏိၵယႏိုင္ငံအစိုုးရျဖစ္ျဖစ္ ဆရာတို႔လူေတြကပဲျဖစ္ျဖစ္ အဲလိုမ်ိဳးႀကိဳတင္ျပင္ဆင္ထားတာမ်ိဳးရွိလား။

ေျဖ။       ။ “အိႏိၵယဟာ ဘယ္တုန္းကမွ ဒုကၡသည္ေတြကို လက္မခံတဲ့ ႏိုင္ငံပါ ၿပီးေတာ့ ကုလသမၼကရဲ႕ ဒုကၡသည္ ပဋိညာဥ္စာခ်ဳပ္မွာလည္း လက္မွတ္မထိုးထားတဲ့ႏိုင္ငံျဖစ္တယ္ သူဘယ္တုန္းကမွ တရား၀င္ သူ႔ႏိုင္ငံမွာ ဒုကၡသည္လက္ခံတယ္ဆိုတာမရွိဘူး ေနာက္တခုကြက်တာကလည္း အခက္အခဲၾကံဳေနရတာက ဒီႏိုင္ငံတကာ နယ္နိမိတ္ကိုေက်ာ္ၿပီး၀င္လာတဲ့ ဒုကၡသည္ဟာ အိႏၵိယဗဟိုအစိုးရရဲ႕ အာဏာလုပ္ပိုင္ခြင့္ေအာက္မွွာရွိတယ္ ျပည္နယ္အစိုးရဘာမွလုပ္ပိုင္ခြင့္မရွိဘူး ဒါေပမဲ့အခု၀င္လာတဲ့ လူအမ်ားစုက က်ေနာ္တို႔ညီအစ္ကိုေတြ Mizo နဲ႔ ခ်င္းကေတာ့ အတူတူပါပဲ ဟိုႏိုင္ငံ ဒီႏိ္ုင္ငံမွာေနလို႔ နာမည္သာကြဲတယ္သာရွိတဲ့အတြက္ေၾကာင့္ ၀င္လာတဲ့သူလည္း သူတို႔အမ်ိဳးရွိရင္ အမ်ိဳးအိမ္မွာ၀င္တယ္ အမ်ိဳးမရွိရင္လည္း က်ေနာ္တို႔က ကူညီေပးတယ္ အဲဒါကို က်ေနာ္တို႔လည္းဒီမွာ ေလာ္ဘီေတြ၀င္ပါတယ္ ပါတီရံုးအားလံုး က်ေနာ္တို႔ ၀င္ၿပီးၿပီ NGO သိသေလာက္ က်ေနာ္တို႔ ၀င္ၿပီးသြားၿပီ အားလံုးရဲ႕ေထာက္ခံမႈကို ရတယ္ ျပည္နယ္၀န္ႀကီးခ်ဳပ္ကလည္း ကူညီမယ္လို႔ေတာ့ ေျပာထားတယ္ ဒါေပမဲ့ ဒီေန႔ထိေတာ့ In case နဲ႔ In kind အစိုးရကေန ဘာမွမရေသးပါဘူး အဲဒီေတာ့ က်ေနာ္တို႔လည္း ဒါကို ၾကံဳခဲ့ၿပီးပါၿပီ (၈၈) ေက်ာင္းသားအေရးခင္းမွာ Generation X အဖြဲ႕ေတြ အဲဒီလူေတြကလည္း လာတုန္းက ဒီလိုပဲခံရတာပဲ အာသန္႐ိုင္ဖယ္ကလည္း သူတို႔ကဖမ္းၿပီးမွ ျပန္ထုတ္ဖို႔ ႀကိဳးစားခဲ့တယ္ က်ေနာ္တို႔ ေတာ္ေတာ္ေလးဒုကၡေရာက္ခဲ့တယ္ အဲဒီေတာ့ (၈၈) ေက်ာင္းသားကိစၥတုန္းကေတာ့ က်ေနာ္တို႔က Rajiv Gandhi ေပါ့ေနာ္ အိႏိၵယက Congress Party  ၀န္ႀကီးခ်ဳပ္က Rajiv Gandhi ကို က်ေနာ္တို႔က ကမ္းလွမ္းတယ္ ကမ္းလွမ္းတယ္ဆိုတာ Rajiv Gandhi ကလည္း အိႏိၵယေပၚလစီေတာ့မဟုတ္ေပမယ့္ လူသားခ်င္းစာနာေထာက္ထားတဲ့အေနနဲ႔ ဒီ Mizoram Govenor နဲ႔ Chif minister ေတြကို သူက သက္ၫွာစြာနဲ႔ ျပဳစုဖို႔ relief camp အေနနဲ႔ လုပ္ေပးဖို႔ သူတို႔ေဆြးေႏြးေပးမွ သူတို႔ဆံုးျဖတ္လိုက္တယ္ အဲဒါနဲ႔ Champhai မွာ ယာယီစခန္းေလးေဆာက္ေပးလိုက္တယ္ အဲဒါနဲ႔ ျဖစ္သလိုေတာ့အဆင္ေျပသြားပါတယ္ အခုအဲဒီအေနအထားမ်ိဳးကို  က်ေနာ္တို႔က မရရွိဘူး ဘာမွကိုမရရွိေသးတာ ၀င္လာရင္လည္း ခိုုး၀င္ရတယ္ ဒီမွာေနလည္း ခိုးေနရတယ္ ဒုကၡသည္ေတြကလည္း ဟိုလူေၾကာက္ ဒီလူေၾကာက္ေနၾကတယ္ အဲဒါေၾကာင့္ ဒီျပည္နယ္အစိုးရနဲ႔ ပလိပ္ေတြ ဒါေတြကေတာ့ သက္ဆိုင္ရာ အာဏာရွိေတြ ျပည္နယ္လုပ္ပိုင္ခြင့္အတြင္းမွာေတာ့ အစိုးရဘက္ကေတာ့ သူတို႔က ဖမ္းၿပီး Push back မလုပ္ဖို႔ သူတို႔အခ်င္းခ်င္း အေၾကာင္းၾကားထားတာေပါ့”

ေမး။      ။  အိႏိၵယအစိုးရက ဒုကၡသည္ေတြကို တရား၀င္လက္မခံခဲ့တဲ့ႏိုင္ငံဆိုေတာ့ ေရွ႕ဆက္ၿပီး ဘယ္လိုမ်ိဳးေတြျဖစ္လာႏိုင္လဲ။

ေျဖ။       ။ အိႏိၵယကေတာ့ သူတို႔ ေပၚလစီကို ေျပာင္းမယ္လို႔ေတာ့မထင္ဘူး ဒါေပမယ့္ေပၚလစီမေျပာင္းေပမယ့္လည္း ၫွင္သာစြာ ကိုင္တြယ္မယ့္ အေနအထားေတာ့ အစိုးရမွာရွိပါတယ္ မူကေတာ့ မူေပါ့ေနာ္ ကိုင္တြယ္ပံုနည္းမွာ သက္သက္ၫွာညွာေလးကိုင္ေတြေပးရင္ေတာ့ က်ေနာ္တို႔ကေတာ့ အသက္ရႈေျခာင္မွာေပါ့ အရင္တုန္းကလည္း Rajiv Gandhi ကလုပ္ေပးခဲ့တာပဲ၊ Rajiv Gandhi လုပ္ေပးႏိုင္တာကို Narendra Modi မလုပ္ေပးႏိုင္ဘူးလားေပါ့ေနာ္ ဘယ္သူ႔မွာ အက်င္နာတရားရွိသလဲဆိုတာ အခ်ိန္ကဆံုးျဖတ္ေပးမွာေပါ့။

ေမး။      ။ တကယ္လို႔ အိႏိၵယဗဟိုအစိုးရကလက္မခံရင္ ျပည္နယ္အစိုးရအေနနဲ႔ ဘယ္ေလာက္ထိကိုင္တြယ္ႏုိင္မလဲ။  

ေျဖ။       ။ သူတို႔ရဲ႕ ဥပေဒကိုၾကည့္လိုက္မယ္ဆိုရင္ အာဏာခြဲေ၀တဲ့ေနရာမွာ Refugee ကိစၥႏိုင္ငံတကာ နယ္နိမိတ္ကိုေက်ာ္ၿပီး ၀င္လာတဲ့ Refugee ကိစၥဟာ လံုး၀ ျပည္နယ္လုပ္ပိုင္ခြင့္မရွိဘူး ဗဟိုရဲ႕ တစ္ဖက္သက္လုပ္ပိုင္ခြင့္သာျဖစ္ပါတယ္ အဲဒါေၾကာင့္ ဒီၾကားထဲမွာေတာ့ ဘယ္လိုျဖစ္လာမလဲဆိုတာကေတာ့ ေျပာလို႔မရေတာ့ပါဘူး ဗဟိုကေတာ့ သူတို႔ရဲ႕ အမိန္႔ကေတာ့ ျပတ္သားတယ္ ႏွစ္ခါေတာင္ျပန္ထုတ္တယ္ ျမန္မာႏိုင္ငံနဲ႔ ထိစပ္တဲ့ျပည္နယ္အားလံုး ဗမာျပည္ကေနၿပီးမွ ဒုကၡသည္ေတြ လံုး၀နယ္စပ္မေက်ာ္ရ ေက်ာ္ရင္ဖမ္းၿပီးျပန္ပို႔ရမယ္ဆိုၿပီး ႏွစ္ႀကိမ္ျပည္ထဲေရး၀န္ႀကီးကေနၿပီးမွထုတ္ျပန္ထားတာျဖစ္ပါတယ္။

ေမး။      ။ ဒီကိစၥအေပၚ မီဇိုရမ္အစိုးရျဖစ္ျဖစ္ ျပည္သူေတြလူထုသေဘာထားဘယ္လိုရွိလဲ။

ေျဖ။       ။ မီဇိုရမ္ ျပည္သူလူထုကေတာ့ ရွင္းပါတယ္ ငါတို႔ညီအစ္ကိုပဲ ငါတို႔ေတာ့လက္ခံမယ္ ဒါကေတာ့ သူတို႔ျပတ္ျပတ္သားသား ေၾကညာေနၿပီ ေက်ာင္းသားသမဂၢအဖြဲ႔ေတြ က်ေနာ္တို႔ရဲ႕ မဟာမိတ္အဖြဲ႕ကလည္း ၀န္ႀကီးခ်ဳပ္ကို ကိုယ္တိုင္ကိုယ္က် သြားေတြ႕ၿပီး ရွင္းျပဖို႔အတြက္ Delhi ကိုဆင္းေနတာ အခုေဆြးေႏြးေနတယ္ ျပန္မလာေသးဘူး သူတို႔ေဆြးေႏြးလို႔ ျပန္လာတဲ့အခ်ိန္ၾကရင္ေတာ့ ဘယ္လိုအေျဖရမလဲဆိုတာကို က်ေနာ္တို႔ေမွ်ာ္လင့္ေနတယ္။

ေမး။      ။ အခုခ်ိန္ထိ မီဇိုရမ္ျပည္နယ္မွာ ျမန္မာစစ္ေဘးေရွာင္ေတြဘယ္ေလာက္၀င္လာၿပီလဲ။ ေနာက္ထပ္၀င္လာႏုိင္ေျခ ေတြေကာ ရွိလား။

ေျဖ – လက္ရွိအခ်ိန္မွာေတာ့ က်ေနာ္တို႔လည္းအတိအက်ေတာ့ မသိဘူး (၁၀၀၀) ေက်ာ္ရွိသြားပါၿပီ။ CDM ႀကီးပဲဆိုရင္ေတာ့ မ်ားမ်ား၀င္မယ္လို႔ေတာ့မထင္ဘူး ဒါေပမဲ့အခုဟာက CDM ၀င္တာလည္းမဟုတ္ပဲနဲ႔ ဟိုအရင္တုန္းက (၈၈) ေနာက္ပိုင္းကလို Refugee status ေတြဘာေတြရလို႔ ႏိုင္ငံျခားကိုေနခ်င္လို႔ ၀င္လာမယ့္သူဆိုရင္ေတာ့ တၿပံဳႀကီး၀င္လာမယ္လို႔ေတာ့ခန္႔မွန္းပါတယ္ ဒါေပမဲ့ အဲလိုမဟုတ္တဲ့သူကေတာ့ မ်ားမယ္လို႔ေတာ့မထင္ပါဘူး။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းတော်လှန်ရေးအင်အားစုများ စုစည်းနိုင်ရေး ချင်းပြည်ကောင်စီတွင် CNF က ကိုယ်စားလှယ်ပါဝင်မှု ထက်ဝက်လျော့ဟုဆို

ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ်၏ ခရိုင်တစ်ခုအဖြစ်ထည့်သွင်းမှုကို GKO က ပြင်းထန်စွာ ရှုတ်ချ

တော်လှန်ရေး ၄ နှစ်ကျော်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၃၆၀ ကျော် ကျဆုံး၊ ယင်းတို့အထဲ ၂၉ ဦးမှာ မြေမြှုပ်မိုင်းကြောင့် ကျဆုံးရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.