Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ပလက်ဝမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်း (IDPs Camp) များ မိုးတွင်းကာလအတွင်း ကြီးမားသည့်အခက်အခဲ ကြုံရနိုင်

ပလက်ဝမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်း (IDPs Camp) များ မိုးတွင်းကာလအတွင်း ကြီးမားသည့်အခက်အခဲ ကြုံရနိုင်

0
By Editor on April 19, 2021 Headline
By လားနွန် – ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူ အများဆုံးနေထိုင်ကြသည့် ပလက်ဝမြို့နှင့် ဆမီးမြို့ရှိ စစ်ဘေးရှောင်ယာယီစခန်း (IDPs Camp) များကို အချိန်မီပြုပြင်နိုင်ခြင်းမရှိပါက မိုးတွင်းကာလအတွင်း ကြီးမားသည့် အခက်အခဲကြုံရနိုင်သည်ဟု အရပ်ဘက်အဖွဲ့အစည်းများကပြောသည်။
ပလက်ဝမြို့နယ် ဆမီးမြို့ရှိ စစ်ဘေးရှောင်ပြည်သူများနေထိုင်ကြသည့် ဝါးများဖြင့်ဆောက်လုပ်ထားသော စစ်ရှောင်စခန်း (IDPs Camp) သည် ဝါးပိုးထိုးကာ ဟောင်းနွမ်းဆွေးမြေ့နေပြီဖြစ်သောကြောင့် အချိန်မီပြုပြင်ရန် အရေးတကြီးလိုအပ်နေကြောင်း စစ်ဘေးရှောင်ပြည်သူများ အနီးကပ်ကူညီဆောင်ရွက်ပေးနေသည့် People Hope အဖွဲ့ဒါရိုက်တာ ဦးဇော်လီအောင်ကပြောသည်။
“တကယ်လို့များ ပလက်ဝနဲ့ ဆမီးက တိုက်ပွဲရှောင်ပြည်သူများ ဆက်နေမယ်ဆိုရင်ကျနော်တို့မှှာ ပြီးခဲ့တဲ့ ဧပြီပထမပတ်တွင်းမှာလေပြင်းမုန်တိုင်း တိုက်တဲ့အခါမှာ မနှစ်ကဆောက်တဲ့ဝါးခင်း ၀ါးကာ အမိုးတို့က လုံးဝအဆင်မပြေဘူး အမိုးတွေလန်သွားတယ် ပြီးတော့ ဟောင်းနွမ်းနေပြီ ဝါးဆိုတာက ခုပ်တဲ့အချိန်ရှိတယ် ကျနော်တို့က ခုပ်တဲ့ချိန်မှာမခုပ်တဲ့အတွက် ၀ါးပိုးထိုးတယ် အဲဒါကြောင့် သူတို့နေဖို့လုံးဝလုံးဝ အဆင်မပြေဘူး သူတို့နေဖို့အိမ်ကတော့ ဒီနှစ်မိုးရွာမယ်ဆိုရင်တော့ ကျနော်တို့ တခုခု ဆောင်ရွက်ပြီးစီးမှုမရှိဘူးဆိုရင်တော့ သူတို့အတွက်ကတော့ အကြီးမားဆုံးစိန်ခေါ်မှုတော့ရင်ဆိုင်မယ်ထင်တယ်” ဟု ဦးဇော်လီအောင်ကပြောသည်။
ဆမီးမြို့တွင် စစ်ဘေးရှောင်စခန်း ၅ ခုရှိပြီး အိမ်ခြေ ၈၀၀ ကျော်ရှိကာ စစ်ဘေးဒုက္ခသည်ပြည်သူ ၃၀၀၀ ကျော်ခန့်ရှိသည်။
စစ်ဘေးရှောင်ပြည်သူများအတွက် ကမ္ဘာ့စားနပ်ရိက္ခာအစီစဉ် WFP မှ လစဉ် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန် ဆီ ဆား ထောက်ပံ့မှုရှိနေသော်လည်း ကျန်းမာရေးစောင့်ရှောက်မှုပိုင်းတွင်အားနည်းမှုရှိသည်ဟု ဦးဇော်လီအောင်ကပြောသည်။
ပလက်ဝမြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်း (IDPs Camp) များသည်လည်း အခင်းအကာများအား ဝါးဖြင့်ဆောက်လုပ်ကြသည့်အတွက် ဝါးပိုးထိုးကာ နေထိုင်ရန် အဆင်မပြေတော့ကြောင်း မိုးရာသီတွင်နေထိုင်ရေးအတွက် အခက်ကြုံရနိုင်သည်ဟု ပလက်ဝမြို့ပေါ် စစ်ဘေးရှောင်ကူညီရေးအဖွဲ့မှ ဦးဇာနီကပြောသည်။
“အခုက အရင်နှစ် မိုးရာသိတုန်းကဆောက်ထားတာဆိုတော့ ဝါးအိမ် ဝါးတိုင်း ဝါးခင်း ဝါးကာ အမိုးလောက်ကသွတ်မိုးတွေ တချို့တွေက အဲဒါပဲ ပြီးတော့ ၀ါးဆိုတာ တနှစ်လောက်ပဲခံတယ်လေ တစ်နှစ်ပြည့်ပြီလေ အကယ်၍ သူတို့နေရပ်ကို မပြန်သေးဘူး မပြန်ရဘူးဆိုရင် သူတို့နေအိမ် ပြန်ပြုပြင်ဖို့လိုမယ်’’ ဟု ဦးဇာနီကပြောသည်။
ကမ္ဘာ့စားနပ်ရိက္ခာအစီစဉ် WFP အနေဖြင့် ဆန် ဆီ ဆား များသာ ထောက်ပံ့ပေးနိုင်ပြီး အလှူရှင်များလည်း မရှိသည့်အတွက် အခြားအထောက်အပံ့များ ရရှိနိုင်ခြင်းမရှိတော့ကြောင်း ဦးဇာနီကဆက်ပြောသည်။
“အဓိကတော့ သူတို့ခက်ခဲတာကတော့ ဟင်းဝယ်ဖို့က ကျနော်တို့တိုက်ပွဲရှောင်အနေနဲ့ အလှူငွေ အလှူရှင်တွေလည်းမရှိတော့ဘူးဆိုတော့ မပေးနိုင်ဘူး သူတို့ဟင်းဝယ်ဖို့ ထင်းဝယ်ဖို့ အဲဒါအခက်အခဲတွေပဲ သူတို့မှာခက်ခဲတာတွေကတော့ သူတို့ တောထဲ လွတ်လွတ်လပ်လပ် မရှာနိုင်ဘူးဆိုတော့ ထင်းဝယ်ဖို့တို့လိုတယ်” ဟု ဦးဇာနီကပြောသည်။
ပလက်ဝမြို့ပေါ်တွင် စစ်ဘေးရှောင်စခန်း ၁၀ ခုရှိပြီး အိမ်ခြေစုစုပေါင်း ၁၀၀၀ ကျော်ရှိကာ လူဦးရေ ၅၀၀၀ ခန့်ရှိသည်။
ပြီးခဲ့သည့် ဧပြီလ ၄ ရက်နေ့ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် ပလက်ဝမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများနေထိုင်ကြသည့် အိမ်ခြေ ၄၀၀ နီးပါးခန့် အမိုးလန်ပြိုကျပျက်စီးခဲ့ပြီးဖြစ်သည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့ တပ်မတော်က နိုင်ငံတော်အာဏာသိမ်းယူလိုက်ပြီီီီီီီးနောက်ပိုင်းတွင် ပလက်ဝမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများသည် အာဏာသိမ်းစစ်ကောင်စီထံမှ ကူညီထောက်ပံ့မှုမရှိတော့ပေ။
အစိုးရမဟုတ်သည့် အဖွဲ့အစည်းများကလည်း လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေကြောင့် ယခင်ကကဲ့သို့ ကူညီထောက်ပံ့မှုများ ပုံမှန်မပေးနိုင်တော့ခြင်းဖြစ်သည်။
ပလက်ဝမြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့များနှင့် ရက္ခိုင့်တပ်တော် AA တို့အကြားပြီးခဲ့သည့် ၂၀၂၀ ခုနှစ်နှစ်ဆန်းပိုင်းက တိုက်ပွဲအပြင်းအထန်ဖြစ်ပွားမှုကြောင့် ပလက်ဝမြို့ပေါ်နှင့် ဆမီးမြို့ပေါ်တို့တွင် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင်ပြည်သူ သောင်းဂဏာန်းထိရှိခဲ့သည်။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်ကော်မရှင်ရွေးကောက်ပွဲအပြီး ချင်းပြည်နယ်လွှတ်တော် ပြန်လည်ဖွင့်လှစ်ရန် ဟားခါးမြို့တွင် ပြင်ဆင်နေ

ဖလမ်းတိုက်ပွဲများတွင် စစ်ကော်မရှင်တပ် အထိနာ၊ စစ်အင်အားထပ်မံဖြည့်တင်းကာ ဖလမ်းမြို့မှ ၁၃ မိုင်အကွာမှာ အခိုင်အမာခြေကုတ်ယူ၍စစ်ပြင်ဆင်နေဟု ဆို

ကလေးမြို့နယ်တောင်ပိုင်းက စစ်ဘေးရှောင်ပြည်သူများ စားနပ်ရိက္ခာနှင့် ဆေးဝါးအကူအညီများလိုအပ်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.