Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မတူပီမြို့တွင် အသက်မပြည့်သေးသော လူငယ်တစ်ဦးကို အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီး

မတူပီမြို့တွင် အသက်မပြည့်သေးသော လူငယ်တစ်ဦးကို အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီး

0
By Editor on May 14, 2021 Khonumthung
#Unicode
မာဂရက် – ချင်းပြည်နယ်၊ မတူပီမြို့တွင် မေလ ၁၃ ရက်နေ့ ညနေ ၅ နာရီအချိန်က အသက်မပြည့်သေးသော တက္ကသိုလ်ကျောင်းသား လူငယ်တစ်ဦးကို စန်ဘောင်ရပ်ကွက်၊ ဟားခါး လမ်းဖက်တွင် အာဏာသိမ်း စစ် ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသည်ဟုသိရသည်။
“ညနေ ၅ နာရီလောက်မှာ အဖမ်းခံရတာ၊ ဟားခါးလမ်းသွားတဲ့ဖက်နားမှာ၊ သူက ၁၈ နှစ်မပြည့် သေးဘူး၊ တက္ကသိုလ်တက်တာက ပထမနှစ်မပြီးသေးဘူး၊ အခုသူ့ကို ရဲစခန်းမှာပဲထားတယ်၊ မနေ့ည အချုပ်ထဲမှာထည့်ပြီးတော့ ဒီနေ့မနက်ကြတော့ အသက်မပြည့်သေးလို့ဆိုပြီးမှ အပြင်ပြန်ထုတ်တယ် ရဲစခန်းဝန်းမှာပဲရှိတယ် ဒီနေ့ ၁၂ နာရီ ၁ နာရီလောက်ကြရင် သူတို့ စစ်သားတွေက ပြန်ပြီးတော့ အမှုစစ်မယ်လို့ပြောတယ်” ဟု မတူပီမြို့ခံတစ်ဦးက ပြောသည်။
အဆိုပါအဖမ်းခံရသူမှာ ဆလိုင်းဟေဇကီဆန်းဖြစ်ပြီး မည်သည့်ကိစ္စကြောင့် ဖမ်းဆီးသည်ကိုမသိရှိရေ သးကြောင်း၊ ဖမ်းဆီးချိန်တွင် ရိုက်နှက်ခံရပြီး လက်ရှိတွင် မတူပီမြို့ ရဲစခန်းတွင်ထားရှိကြောင်း သိရသည်။
အလားတူ မတူပီမြို့တွင် ဧပြီလ ၇ ရက် ၈ ရက်နေ့က အာဏာသိမ်းစစ်ကောင်စီများ၏ ဖမ်းဆီးမှုခံခဲ့ ရသော လူငယ် ၅ ဦးကိုလည်း (၃) ကြိမ်တိုင်တိုင် ရုံးထုတ်ခဲ့သော်လည်း ဘာမှထူးခြားမှုမရှိသည့်အပြင် မေလ ၁၉ ရက်နေ့တွင် ထပ်မံရုံးပြန်ချိန်းလိုက်သည်ဟု သိရသည်။
#Zawgyi
မာဂရက္ – ခ်င္းျပည္နယ္၊ မတူပီျမဳိ႕တြင္ ေမလ ၁၃ ရက္ေန႔ ညေန ၅ နာရီအခ်ိန္က အသက္မျပည့္ေသးေသာ တကၠသုိလ္ေက်ာင္းသား လူငယ္တစ္ဦးကုိ စန္ေဘာင္ရပ္ကြက္၊ ဟားခါး လမ္းဖက္တြင္ အာဏာသိမ္း စစ္ ေကာင္စီတပ္ဖြဲ႔က ဖမ္းဆီးသည္ဟုသိရသည္။
“ညေန ၅ နာရီေလာက္မွာ အဖမ္းခံရတာ၊ ဟားခါးလမ္းသြားတဲ့ဖက္နားမွာ၊ သူက ၁၈ ႏွစ္မျပည့္ ေသးဘူး၊ တကၠသုိလ္တက္တာက ပထမႏွစ္မျပီးေသးဘူး၊ အခုသူ႔ကုိ ရဲစခန္းမွာပဲထားတယ္၊ မေန႔ည အခ်ဳပ္ထဲမွာထည့္ျပီးေတာ့ ဒီေန႔မနက္ၾကေတာ့ အသက္မျပည့္ေသးလုိ႔ဆုိျပီးမွ အျပင္ျပန္ထုတ္တယ္ ရဲစခန္းဝန္းမွာပဲရွိတယ္ ဒီေန႔ ၁၂ နာရီ ၁ နာရီေလာက္ၾကရင္ သူတုိ႔ စစ္သားေတြက ျပန္ျပီးေတာ့ အမႈစစ္မယ္လုိ႔ေျပာတယ္” ဟု မတူပီျမဳိ႕ခံတစ္ဦးက ေျပာသည္။
အဆုိပါအဖမ္းခံရသူမွာ ဆလုိင္းေဟဇကီဆန္းျဖစ္ျပီး မည္သည့္ကိစၥေၾကာင့္ ဖမ္းဆီးသည္ကုိမသိရွိရေ သးေၾကာင္း၊ ဖမ္းဆီးခ်ိန္တြင္ ရုိက္ႏွက္ခံရျပီး လက္ရွိတြင္ မတူပီျမဳိ႕ ရဲစခန္းတြင္ထားရွိေၾကာင္း သိရ သည္။
အလားတူ မတူပီျမဳိ႕တြင္ ဧျပီလ ၇ ရက္ ၈ ရက္ေန႔က အာဏာသိမ္းစစ္ေကာင္စီမ်ား၏ ဖမ္းဆီးမႈခံခဲ့ ရေသာ လူငယ္ ၅ ဦးကုိလည္း (၃) ၾကိမ္တုိင္တုိင္ ရုံးထုတ္ခဲ့ေသာ္လည္း ဘာမွထူးျခားမႈမရွိသည့္အျပင္ ေမလ ၁၉ ရက္ေန႔တြင္ ထပ္မံရုံးျပန္ခ်ိန္းလုိက္သည္ဟု သိရသည္။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မီဇိုရမ်လွှတ်တော်ကအတည်ပြုလိုက်သည့် မီဇိုးလက်ထပ်ထိမ်းမြားခြင်းနှင့် အမွေဆက်ခံခြင်းဆိုင်ရာဥပဒေကို ပြန်ရုပ်သိမ်းရန် မီဇိုးအမျိုးသမီးများအသင်း (MHIP) တောင်းဆို

လောင်တလိုင်နှင့် ချင်းပြည်နယ်ဆက်သွယ်သည့်နယ်စပ်လမ်းကြောင်းပြန်ဖွင့်

နွေရာသီရောက်ရှိတော့မည်ဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန် တော်လှန်ရေးအဖွဲ့များ အသိပေးနှိုးဆော်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.