Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မတူပီမြို့မှ ပရဟိတကားများကို စစ်တပ်က သိမ်းယူခြင်းကြောင့် အရေးပေါ်လူနာပို့ဆောင်ရန် အခက်ကြုံနေရ

မတူပီမြို့မှ ပရဟိတကားများကို စစ်တပ်က သိမ်းယူခြင်းကြောင့် အရေးပေါ်လူနာပို့ဆောင်ရန် အခက်ကြုံနေရ

0
By Editor on May 14, 2021 Headline
#Unicode
မာဂရက် – ချင်းပြည်နယ်၊ မတူပီမြို့တွင် အာဏာသိမ်းစစ်ကောင်စီက Joseph Oxygen ပရဟိတအသင်းပိုင်ကားများကို သိမ်းယူထား သည့်အတွက် မတူပီမြို့နယ်အတွင်းရှိ အရေးပေါ်လူူ နာများပို့ဆောင်ရေးပိုင်းတွင် အခက်အခဲကြုံနေရကြောင်းသိရသည်။
မတူူပီမြိုိ့တွင် Joseph Oxygen ပရဟိတအသင်းကို ၂၀၁၈ ခုနှစ်တွင်စတင်တည်ထောင်ခဲ့ပြီး အသင်း၏ ဥက္ကဌ ဦးထွန်းလင်းဦးကို ဧပြီလ ၇ ရက်နေ့ ည ၁၀ နာရီအချိန်တွင် အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးခဲ့ပြီီး ပရဟိတတွင် အသုံးပြုသော ကား (၈) စီးနှင့် ကားလိုင်စင်များကိုပါသိမ်းယူခဲ့ခြင်းဖြစ်သည်။
“ကားလိုင်စင်၊ ကားသော့ရော အကုန်လုံးသိမ်းတယ် ပြီးတော့ အခုသူတို့သုံးနေတာ (၃) စီး လောက်သုံးနေတယ်၊ လူကိုလည်းဖမ်းကြတယ်၊ ကားတွေရောအကုန်သိမ်းတဲ့အခါကြတော့ အများ ကြီးတော့ အခက်အခဲရှိတာပေါ့ သာရေး၊ နာရေးဖက်၊ အရေးပေါ်လိုမျိုးဖက် အရမ်းအခက်ခဲရှိတယ်၊ လူက အသက်က မဆုံးရှုံးသင့်ပဲ အကုန်ဆုံးရှုံးရတယ်ပေါ့နော၊ ဥပမာ- ကားတွေမရှိလို့ နည်းနည်း နောက်ကျသွားလို့ပေါ့ အသက်ဆုံးရှုံးတဲ့ဟာမျိုးတွေလည်းရှိတယ်၊ အရေးပေါ်ဖြစ်တဲ့ လူနာတွေကို လည်း အောက်ပြည်မှာ ပို့ဖို့အခုကားတွေလည်း မရှိဘူး၊ အရင်ကတုန်းကဆိုရင် သာရေး၊ နာရေး တွေဆိုရင်လည်း Joseph Oxygen ပရဟိတက အမြဲတမ်းကူညီတယ်၊ အရေးပေါ်ကား သူရှိတော့ အရမ်းအဆင်ပြေတယ်၊ ပြည်သူလူထုအတွက်လည်း အရမ်းအဆင်ပြေတယ်၊ အခုသူက အဖမ်းခံရ၊ ကားတွေလည်း အသိမ်းခံရတဲ့အချိန်မှာ ပြည်သူတွေလူထုတွေအတွက်လည်း အရမ်းအခက်အ ခဲဖြစ်တယ်၊ နယ်ဖက်မှာဆိုရင် မသေသင့်ဘဲနဲ့ လမ်းတဝက်မှာ အရေးပေါ်အရမ်းသွေးထွက်လွန်လို့၊ အချိန်မမှီလို့ အသက်ဆုံးရှုံးတဲ့သူတွေလည်းရှိတယ်” ဟု မတူပီမြို့ခံတစ်ဦး ကပြောသည်။
Joseph Oxygen ပရဟိတအသင်းမှ အသိမ်းခံရသည့် အဆိုပါကားများမှာ Alphat (၂) စီး , Pajero (၂) စီး , Light Truck (၂) စီး၊ Mark 2 ရွှေငါး (၁) စီး နှင့် ခွေးဘီးလူး (၁) စီးတို့ဖြစ်ကြသည်။
အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့သည် Joseph Oxygen ပရဟိတအသင်းမှ သိမ်းယူသောကား (၈) စီးထဲမှ Mark 2၊ Pajero နှင့် Light Truck ကားတို့ကို ကင်းပတ်လှည့်ချိန်နှင့် မြို့ထဲသွားလာချိန်တွင် အသုံးပြုကြသည်ဟု သိရသည်။
မတူပီမြို့တွင် ဧပြီလ ၂၉ ရက်နေ့ ညနေပိုင်းကလည်း Joseph Oxygen ပရဟိတအသင်းတွင် လုပ်ကိုင်ခဲ့ သူ မိုင်ဗန််နေကိမ်း ကို ဖမ်းဆီးခဲ့ကာ နောက်နေ့တွင်ပြန်လွတ်ပေးခဲ့သော်လည်း အသင်းဦးဆောင်သူ ဦး ထွန်းလင်းဦး အပါအဝင် လူငယ် (၅) ဦးမှာ လက်ရှိအချိန်ထိ လွတ်မြှောက်လာခြင်းမရှိသည့်အပြင် ယမန်နေ့ ညနေပိုင်းတွင်လည်း တက္ကသိုလ်ကျောင်သားတစ်ဦးကိုလည်း ထပ်မံဖမ်းဆီးခဲ့ကြပြီး ၎င်းတို့ ကို မတူပီမြို့ရဲစခန်းတွင် ထားရှိသည်ဟုသိရသည်။
#Zawgyi
မာဂရက္ – ခ်င္းျပည္နယ္၊ မတူပီျမဳိ႕တြင္ အာဏာသိမ္းစစ္ေကာင္စီက Joseph Oxygen ပရဟိတအသင္းပိုင္ကားမ်ားကုိ သိမ္းယူထား သည့္အတြက္ မတူပီၿမိဳ႕နယ္အတြင္းရွိ အေရးေပၚလူူ နာမ်ားပုိ႔ေဆာင္ေရးပိုင္းတြင္ အခက္အခဲၾကဳံေနရေၾကာင္းသိရသည္။
မတူူပီျမဳိိ႕တြင္ Joseph Oxygen ပရဟိတအသင္းကုိ ၂၀၁၈ ခုႏွစ္တြင္စတင္တည္ေထာင္ခဲ့ျပီး အသင္း၏ ဥကၠဌ ဦးထြန္းလင္းဦးကုိ ဧျပီလ ၇ ရက္ေန႔ ည ၁၀ နာရီအခ်ိန္တြင္ အာဏာသိမ္းစစ္ေကာင္စီက ဖမ္းဆီးခဲ့ျပီီး ပရဟိတတြင္ အသုံးျပဳေသာ ကား (၈) စီးႏွင့္ ကားလုိင္စင္မ်ားကုိပါသိမ္းယူခဲ့ျခင္းျဖစ္သည္။
“ကားလုိင္စင္၊ ကားေသာ့ေရာ အကုန္လုံးသိမ္းတယ္ ျပီးေတာ့ အခုသူတုိ႔သုံးေနတာ (၃) စီး ေလာက္သုံးေနတယ္၊ လူကုိလည္းဖမ္းၾကတယ္၊ ကားေတြေရာအကုန္သိမ္းတဲ့အခါၾကေတာ့ အမ်ား ၾကီးေတာ့ အခက္အခဲရွိတာေပါ့ သာေရး၊ နာေရးဖက္၊ အေရးေပၚလုိမ်ဳိးဖက္ အရမ္းအခက္ခဲရွိတယ္၊ လူက အသက္က မဆုံးရႈံးသင့္ပဲ အကုန္ဆုံးရႈံးရတယ္ေပါ့ေနာ၊ ဥပမာ- ကားေတြမရွိလုိ႔ နည္းနည္း ေနာက္က်သြားလုိ႔ေပါ့ အသက္ဆုံးရႈံးတဲ့ဟာမ်ဳိးေတြလည္းရွိတယ္၊ အေရးေပၚျဖစ္တဲ့ လူနာေတြကို လည္း ေအာက္ျပည္မွာ ပုိ႔ဖုိ႔အခုကားေတြလည္း မရွိဘူး၊ အရင္ကတုန္းကဆုိရင္ သာေရး၊ နာေရး ေတြဆုိရင္လည္း Joseph Oxygen ပရဟိတက အျမဲတမ္းကူညီတယ္၊ အေရးေပၚကား သူရွိေတာ့ အရမ္းအဆင္ေျပတယ္၊ ျပည္သူလူထုအတြက္လည္း အရမ္းအဆင္ေျပတယ္၊ အခုသူက အဖမ္းခံရ၊ ကားေတြလည္း အသိမ္းခံရတဲ့အခ်ိန္မွာ ျပည္သူေတြလူထုေတြအတြက္လည္း အရမ္းအခက္အ ခဲျဖစ္တယ္၊ နယ္ဖက္မွာဆုိရင္ မေသသင့္ဘဲနဲ႔ လမ္းတဝက္မွာ အေရးေပၚအရမ္းေသြးထြက္လြန္လုိ႔၊ အခ်ိန္မမွီလုိ႔ အသက္ဆုံးရႈံးတဲ့သူေတြလည္းရွိတယ္၊” ဟု မတူပီျမဳိ႕ခံတစ္ဦး ကေျပာသည္။
Joseph Oxygen ပရဟိတအသင္းမွ အသိမ္းခံရသည့္ အဆိုပါကားမ်ားမွာ Alphat (၂) စီး , Pajero (၂) စီး , Light Truck (၂) စီး၊ Mark 2 ေရႊငါး (၁) စီး ႏွင့္ ေခြးဘီးလူး (၁) စီးတုိ႔ျဖစ္ၾကသည္။
အာဏာသိမ္းစစ္ေကာင္စီတပ္ဖြဲ႔သည္ Joseph Oxygen ပရဟိတအသင္းမွ သိမ္းယူေသာကား (၈) စီးထဲမွ Mark 2၊ Pajero ႏွင့္ Light Truck ကားတုိ႔ကို ကင္းပတ္လွည့္ခ်ိန္ႏွင့္ ျမဳိ႕ထဲသြားလာခ်ိန္တြင္ အသုံးျပဳၾကသည္ဟု သိရသည္။
မတူပီျမဳိ႕တြင္ ဧျပီလ ၂၉ ရက္ေန႔ ညေနပုိင္းကလည္း Joseph Oxygen ပရဟိတအသင္းတြင္ လုပ္ကုိင္ခဲ့ သူ မုိင္ဗန္္ေနကိမ္း ကုိ ဖမ္းဆီးခဲ့ကာ ေနာက္ေန႔တြင္ျပန္လြတ္ေပးခဲ့ေသာ္လည္း အသင္းဦးေဆာင္သူ ဦး ထြန္းလင္းဦး အပါအဝင္ လူငယ္(၅) ဦးမွာ လက္ရွိအခ်ိန္ထိ လြတ္ေျမွာက္လာျခင္းမရွိသည့္အျပင္ ယမန္ေန႔ ညေနပုိင္းတြင္လည္း တကၠသုိလ္ေက်ာင္သားတစ္ဦးကုိလည္း ထပ္မံဖမ္းဆီးခဲ့ၾကျပီး ၎တုိ႔ ကုိ မတူပီျမဳိ႕ရဲစခန္းတြင္ ထားရွိသည္ဟုသိရသည္။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မရာလက်နက်ကိုင်နှစ်ဖွဲ့ တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရသော ပြည်သူများကို ချင်းပြည် (Chinland) အစိုးရက ငွေကြေးထောက်ပံ့

ကန်ပက်လက်မြို့နယ်ထဲကို စစ်ကော်မရှင်က ပေါင် ၅၀၀ ဗုံးများဖြင့် တိုက်ခိုက်

ကလေးမြို့တွင် စစ်မှုထမ်းရန် နေအိမ်ထဲထိ ညအချိန် ဝင်ရောက်ဖမ်းဆီးမှုများရှိနေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.