Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»အာဏာသိမ်းစစ်ကောင်စီက စစ်အင်အားဖြည့်တင်းပြီး မင်းတပ်မြို့ကို လက်နက်ကြီးနှင့် ဆက်လက်ပစ်ခတ်

အာဏာသိမ်းစစ်ကောင်စီက စစ်အင်အားဖြည့်တင်းပြီး မင်းတပ်မြို့ကို လက်နက်ကြီးနှင့် ဆက်လက်ပစ်ခတ်

0
By Editor on May 15, 2021 Headline
#Unicode
တိုက်ပွဲများပြင်ထန်နေသည့် ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့တွင် အာဏာသိမ်းစစ်ကောင်စီက စစ်အင်အား ထပ်မံဖြည့်တင်းပြီး လက်နက်ကြီးများဖြင့် ယနေ့နက်ပိုင်းက ၁၅ ကြိမ်ထက်မနည်းပစ်ခတ်ခဲ့သည်ဟု သိရသည်။
အာဏာသိမ်းစစ်ကောင်စီက မင်းတပ်မြို့ရှိ ၂၇၄ တပ်ရင်းအတွင်းသို့ ရဟတ်ယာဉ် (၆) စီးဖြင့် စစ်ကူများ၊ လက်နက်များအား ယနေ့နံနက်ပိုင်းက လာရောက်ချပေးခဲ့ပြီး မင်းတပ်မြို့ထဲသို့ လက်နက်ကြီး ၁၅ ထက်မနည်း ပစ်ခတ်ခဲ့သည်ဟု မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
မင်းတပ်ဒေသခံတစ်ဦးက “လက်နက်ကြီးတွေနဲ့ မင်းတပ်မြို့ထဲကို ထုနေတယ် မြို့ထဲက စေတီအောက်နဲ့ အ.ထ.က (၃) ကျောင်းနားတွေမှာ လက်နက်ကြီးကျလာတယ်၊ အိမ်ထဲမှာပဲပုန်းနေကြတယ်’’ ဟု ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့သည် မင်းတပ်မြို့ရှိ အနောက် နတလကျောင်းတွင်လည်း နေရာယူထားကြပြီး (၄) မိုင် ဘုန်းကြီးကျောင်း ဘက်သို့လည်း တက်သွားကြသည်ဟု ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
မင်းတပ်မြို့တွင် အာဏာသိမ်းစစ်ကောင်စီနှင့် မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အကြား ပစ်ခတ်ရ ပ်စဲမှုပျက်ပြယ်ခဲ့ပြီး နောက် မေလ ၁၂ ရက်နေ့ညကစ၍ တကျော့ပြန်တိုက်ပွဲဖြစ်ပွားကာ အာဏာသိမ်းစစ်ကောင်စီဘက်က စစ်အင်အားအလုံး အရင်းနှင့် လက်နက်ကြီးများ၊ စစ်ရဟတ်ယာဉ်များအသုံးပြုကာ အပြင်းအထန်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
#Zawgyi
တိုက္ပြဲမ်ားျပင္ထန္ေနသည့္ ခ်င္းျပည္နယ္ေတာင္ပိုင္း မင္းတပ္ၿမိဳ႕တြင္ အာဏာသိမ္းစစ္ေကာင္စီက စစ္အင္အား ထပ္မံျဖည့္တင္းၿပီး လက္နက္ႀကီးမ်ားျဖင့္ ယေန႔နက္ပိုင္းက ၁၅ ႀကိမ္ထက္မနည္းပစ္ခတ္ခဲ့သည္ဟု သိရသည္။
အာဏာသိမ္းစစ္ေကာင္စီက မင္းတပ္ၿမိဳ႕ရွိ ၂၇၄ တပ္ရင္းအတြင္းသို႔ ရဟတ္ယာဥ္ (၆) စီးျဖင့္ စစ္ကူမ်ား၊ လက္နက္မ်ားအား ယေန႔နံနက္ပိုင္းက လာေရာက္ခ်ေပးခဲ့ၿပီး မင္းတပ္ၿမိဳ႕ထဲသို႔ လက္နက္ႀကီး ၁၅ ထက္မနည္း ပစ္ခတ္ခဲ့ သည္ဟု မင္းတပ္ၿမိဳ႕ျပည္သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႔က ထုတ္ျပန္ထားသည္။
မင္းတပ္ေဒသခံတစ္ဦးက “လက္နက္ႀကီးေတြနဲ႔ မင္းတပ္ၿမိဳ႕ထဲကို ထုေနတယ္ ၿမိဳ႕ထဲက ေစတီေအာက္နဲ႔ အ.ထ.က သံုး ေက်ာင္းနားေတြမွာ လက္နက္ႀကီးက်လာတယ္၊ အိမ္ထဲမွာပဲပုန္းေနၾကတယ္’’ ဟု ေျပာသည္။
စစ္ေကာင္စီတပ္ဖြဲ႔သည္ မင္းတပ္ၿမိဳ႕ရွိ အေနာက္ နတလေက်ာင္းတြင္လည္း ေနရာယူထားၾကၿပီး ၄ မိုင္ ဘုန္းႀကီးေက်ာင္း ဘက္သို႔လည္း တက္သြားၾကသည္ဟု ျပည္သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႔က ထုတ္ျပန္ထားသည္။
မင္းတပ္ၿမိဳ႕တြင္ အာဏာသိမ္းစစ္ေကာင္စီႏွင့္ မင္းတပ္ၿမိဳ႕ျပည္သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႔အၾကား ပစ္ခတ္ရ ပ္စဲမႈပ်က္ျပယ္ခဲ့ၿပီး ေနာက္ ေမလ ၁၂ ရက္ေန႔ညကစ၍ တေက်ာ့ျပန္တိုက္ပြဲျဖစ္ပြားကာ အာဏာသိမ္းစစ္ေကာင္စီဘက္က စစ္အင္အားအလံုး အရင္းႏွင့္ လက္နက္ႀကီးမ်ား၊ စစ္ရဟတ္ယာဥ္မ်ားအသံုးျပဳကာ အျပင္းအထန္ပစ္ခတ္ခဲ့ျခင္းျဖစ္သည္။
“သူတို႔က ေတာက္ေလွ်ာက္လက္နက္ႀကီးေတြနဲ႔ စစ္ဆင္မႈေတြလုပ္ေနတယ္ ျပည္သူလူထုထိခိုက္မႈရွိလာမွာကို စိုးရိမ္ရတယ္၊ ဒီထက္ျပင္းထန္တဲ့ တိုက္ပြဲအေနအထားေတြျဖစ္လာႏိုင္တယ္’’ မင္းတပ္ၿမိဳ႕ခံတစ္ဦးကေျပာသည္။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မြန်မာနိုင်ငံက စစ်ရှောင်များဆက်တိုက်ဝင်ရောက်လာမှု မီဇိုရမ်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာဟု ပြည်နယ်ဝန်ကြီးချုပ်ပြော

အသစ်ပေါ်ထွက်လာသော ခူမီးတပ်မတော် KPF/ KNCP က ပလက်ဝမြို့နယ်ရှိ ကျေးရွာ ၃ ရွာမှာ လူငယ် ၄၀ နီးပါးကို တပ်သားစုဆောင်း

မင်းတပ်မြို့ကို ထိုးစစ်ဆင်နေသော စစ်တပ်စစ်ကြောင်းသည် ကျောင်းသား ၁ ဦးအပါအဝင် ဒေသခံပြည်သူ ၂ ဦးကို သတ်ဖြတ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.