မာဂရက် – စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် ချင်းပြည်နယ် မင်းတပ်မြို့တွင် တိုက်ပွဲများတကျော့ပြန်ပြင်းထန်လာမည်ကို စိုးရိမ်ကြသည့်အတွက် မင်းတပ်မြို့ပေါ်ရှိပြည်သူလူထုအားလုံးနီးပါးသည် ထွက်ပြေးတိမ်းရှောင်နေကြရပြီး ကူညီထောက်ပံ့ မှုများလိုအပ်လျှက်ရှိကြောင်း သိရသည်။
“၁၅ ရက်နေ့မှာ မြို့လေးကို လက်နက်ကြီးနဲ့ အချက် ၆၀ ကျော် စစ်ကောင်စီကလှမ်းပစ်တယ် ရ ဟတ်ယာဉ်ပေါ်ကေ နပစ်တယ်ဆိုုတဲ့အခြေအနေက ဘယ်သူမှ ထိတ်မလန့်တဲ့သူမရှိတော့ဘူးလေ၊ ဒါကြောင့် မင်းတပ်မြို့နဲ့ခပ်လှမ်းလှမ်းမှာ ချောင်းထဲမှာ၊ ချောက်ထဲမှာအဲ့လိုမျိုး ရှောင်ပြေးတာတွေများ သွားပြီ၊ မြို့ထဲမှာတော့ တချို့သက်ကြီးသူတွေ၊ ကလေးငယ် တွေပဲရှိတယ် မပြေးနိုင်တဲ့သူတွေ၊ မပြေး ချင်တဲ့ သူတွေ၊ မပြေးဖို့ ဆုံးဖြတ်တဲ့သူတွေ အဲ့လိုမျိုးသူတွွေ ပဲကျန်တော့တယ်၊ ကျန်တဲ့သူတော်တော် များကေ တာ့ အကုန်လုံးကတော့ တောထဲ၊ချောက်ထဲမှာပြေးဝင်ကြပြီဆိုတော့ မြို့ရဲ့ ၈၀/ ၉၀ ရာခိုင် နှုန်း လောက်က ပြေးတယ်’’ ဟု မင်းတပ်စစ်ဘေးရှောင် ကူညီရေးအဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောသည်။
မင်းတပ်မြို့မှ ထွက်ပြေးလာကြသည့် စစ်ဘေးရှောင်ပြည်သူများပိုတိုးလာသည့်အတွက်ကြောင့် စစ်ဘေးရှောင်ပြည်သူ လူဦးရေ ၄၀၀-၅၀၀ ခန့်နေထိုင်နိုင်မည့် စခန်း (IDP Camp) (၄) ခုနှင့် အခြားကျေးရွာများတွင်လည်း (IDP Camp) (၁၀) ခု ခန့်ဖွင့်လှစ်ထားကာ လူဦးရေအားဖြင့် ၁၀၀၀၀ ဝန်းကျင်ရှိပြီး ၎င်းတို့အတွက် စားနပ်ရိက္ခာနှင့် အမိုး အကာများ အရေးပေါ်လိုအပ်နေကြောင်း၎င်းကဆက်ပြောသည်။
ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် အာဏာသိမ်းစစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အကြား ဆွေးနွေးပွဲပျက်ပြယ်ကာ မေလ ၁၂ ရက်နေ့ကစ၍ တကျော့ပြန်တိုက်ပွဲဖြစ်ပွားလာခဲ့ပြီး မေလ ၁၃ ရက်နေ့တွင် အာဏာသိမ်းစစ်ကောင်စီက မင်းတပ်မြို့ကို စစ်အုပ်ချုပ်ရေးအဖြစ်ကြေညာခဲ့သည်။
သို့သော်လည်း မင်းတပ်မြို့တွင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားကာ အာဏာသိမ်းစစ်ကောင်စီဘက်က စစ်အင်အားအလုံးအရင်းနှင့် လက်နက်ကြီးများ၊ စစ်ရ ဟတ်ယာဉ်များ အသုံးပြုကာ အပြင်အထန်ပစ်ခတ်ခဲ့ခြင်းကြောင့် ပြည်သူများထိခိုက်နစ်နာမည်ကို စိုးရိမ်သည့်အတွက် မင်းတပ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဘက်က မေလ ၁၅ ရက်နေ့တွင် နောက်ဆုတ်ပေးခဲ့သည်။
ထိုကဲ့သို့နောက်ဆုတ်ပေးခဲ့သော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မင်းတပ်မြို့ပေါ်ရှိ နေအိမ်များဖျက်ဆီဝင်ရောက် ဖမ်းဆီးခြင်း၊ သေနတ်ပစ်ခတ်မှုများကြောင့် အိမ်ထဲပုန်းခိုနေသည့် အသက် ၁၀ နှစ်အရွယ်ကလေးငယ်တစ်ဦး၏ လည်ပင်း နားကျည်ဆံထိမှန်ကာ ယခုလက်ရှိတွင် မန္တလေးသို့ ကုသမှုခံယူလျက်ရှိသည်။
ယခုလက်ရှိတွင် မင်းတပ်မြို့ကို အာဏာသိမ်းစစ်ကောင်စီ၏ ၂၇၄ တပ်ရင်းက ထိန်းချုပ်ထားပြီး မြို့ပေါ်တွင် နေထိုင်ခြင်းသည် လုံခြုံမှုမရှိတော့သည့်အပြင် တိုက်ပွဲများပြန်လည်ပြင်းထန်လာမည်ကိုစိုးရိမ်ကြသည့်အတွက် မြို့ခံပြည်သူများအားလုံးနီးပါးသည် ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရခြင်းဖြစ်သည်။