Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»တမူးမြို့တွင် ကိုဗစ် ၁၉ ရောဂါကြောင့် ရက်သားအရွယ်ကလေးငယ်တစ်ဦး သေဆုံးပြီး၊ ကူးစက်ခံရသူ ၁၅၀ ကျော်ရှိ

တမူးမြို့တွင် ကိုဗစ် ၁၉ ရောဂါကြောင့် ရက်သားအရွယ်ကလေးငယ်တစ်ဦး သေဆုံးပြီး၊ ကူးစက်ခံရသူ ၁၅၀ ကျော်ရှိ

0
By Editor on June 4, 2021 Khonumthung

အိန္ဒိယ-မြန်မာနယ်စပ် စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့တွင် ကိုဗစ် ၁၉ ရောဂါကြောင့် ၂၈ ရက်သားအရွယ် ကလေးငယ်တစ်ဦး ယနေ့နံနက်ပိုင်းကသေဆုံးခဲ့ပြီး ကိုဗစ်-၁၉ ကူးစက်ခံရသူစုစုပေါင်း ၁၅၀ ကျော်ရှိသွားပြီဟု တမူးမြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လင်းကပြောသည်။

တမူးမြို့တွင် ပြီးခဲ့သည့် မေလ ၂၆ ရက်နေ့ကစ၍ RDT Test Kit ဖြင့် ကိုဗစ် ၁၉ ရောဂါရှိမရှိ စစ်ဆေးခဲ့ရာ ဇွန်လ ၂ ရက်နေ့အထိ ကိုဗစ် ၁၉ ရောဂါကူးစက်ခံရသူ ၁၅၀ ကျော်ခန့်ရှိခဲ့ပြီး ယနေ့နောက်ဆုံး စစ်ဆေးချက်အရ ၂၁ ဦးထပ်မံတွေ့ရှိကာ စုစုပေါင်း ၁၇၁ ဦးထိ Positive လူနာရှိသွားပြီဖြစ်သည်။

“ကိုဗစ်ကူးစက်လူနာ ဒီနေ့ဆိုရင် ၂၁ ဦးထပ်တိုးတယ် ပိုးတွေ့လူနာများလာတော့ ဒီနေ့ဆို မနက် ၃ နာရီ လောက် ၂၈ ရက်သားလေးသေဆုံးတာရှိတယ်၊ သူ့အမေကလည်း Positive လူနာလည်းဖြစ်တော့ အဲလို ဖြစ်သွားတာ” ဟု တမူးမြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူးကပြောသည်။

ကိုဗစ် ပိုးတွေ့လူနာများကို တမူးမြို့ပြည်သူ့ဆေးရုံကြီးနှင့် မင်းသားတိုက်နယ်ဆေးရုံတို့တွင် ကြပ်မတ်ကုသပေးလျှက်ရှိကာ သံသယလူများကိုမူ အစိုးရဆောက်လုပ်ရေးဝန်းထဲတွင် ကွာရန်တင်းအဖြစ် ထားရှိသည်ဟုသိရသည်။

ကိုဗစ် ၁၉ ရောဂါကူးစက်မှုမြင့်တက်လာခြင်းကြောင့် ပါဆယ်စနစ်ကျင့်သုံးခြင်း မြို့အဝင်/ထွက် ခရီးသွား လုပ်ငန်းများ ပိုမိုကြတ်ပေးရန်တိုင်းဒေသကြီးသို့ တင်ပြထားကြောင်း ဒု အုပ်ချုပ်ရေးမှူးကပြောသည်။

အိန္ဒိယ-မြန်မာအမှတ် (၁) နယ်စပ်ကုန်သွယ်ရေးစခန်းအခြေစိုက်ရာမြို့ဖြစ်သည့် တမူးမြို့တွင် ယခင် ကိုဗစ်ပထမလှိုင်းဖြစ်ပွားချိန်ကတည်းက နယ်စပ်ကုန်သွယ်ရေးအားပိတ်ထားကာ ယနေ့ချိန်ထိ တရားဝင်ပြန်လည်ဖွင့်လှစ်ခြင်းမရှိသေးကြောင်းသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

မြန်မာလိဂ်မှာ ကစားနေသော Chinland FC မှ ချင်းကစားသမား တစ်ပတ်နီးပါးကြာ ပျောက်ဆုံးနေ

ကလေး- တီးတိန်- ဖလမ်း ကားလမ်းပိုင်း ဂိတ်ကြေးပေးဆောင်မှုများသောကြောင့် ကားခမြင့်တက်နေဆဲ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

August 28, 2026

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.