Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဟားခါးမြို့နယ် Senthang (ဆဲန်ထန်း) နယ်အတွင်းရှိ ဒေသခံ ၅၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေကြရ

ဟားခါးမြို့နယ် Senthang (ဆဲန်ထန်း) နယ်အတွင်းရှိ ဒေသခံ ၅၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေကြရ

0
By Editor on June 7, 2021 Headline

ချင်းပြည်နယ် ဟားခါးမြို့နယ်အတွင်းရှိ Senthang (ဆဲန်ထန်း) နယ်ဟုခေါ်သော ဟားခါး-မတူပီကားလမ်းမကြီးအကြားရှိ ကျေးရွာပေါင်း ၈ ရွာခန့်မှ ဒေသခံ ၅၀၀၀ ကျော်ခန့်သည် ၎င်းတို့ဒေသတွင် မေလကုန်ပိုင်းကဖြစ်ပွားခဲ့သော အာဏာ သိမ်းစစ်ကောင်စီနှင့် Hakha-CDF တို့တိုက်ပွဲကြောင့် တောထဲသို့ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ပြီးခဲ့သည့်မေလ ၃၁ ရက်နေ့က ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့မှ ဟားခါးမြို့သို့တက်ရောက်သော စစ်ကားကို ဖြတ်တိုက်ရာမှ ဆဲန်ထန်းနယ်တွင် စစ်ကောင်စီနှင့် Hakha-CDF အကြား တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးများအသုံးပြုကာပစ်ခတ်တိုက်ခိုက်မှုကြောင့် ဆူရ်ခွါမြို့အပါအဝင် အနီးနား ကျေးရွာများမှ ဒေသခံပြည်သူများသည် ပြေးလွတ်ရာတောထဲသို့ထွက်ပြေးတိမ်းရှောင်နေခဲ့ကြရခြင်းဖြစ်သည်။

ဆဲန်ထန်းနယ်မှ စစ်ဘေးရှောင်ပြည်သူတစ်ဦးက “ကျနော်တို့ဆဲန်ထန်းနယ်အဝင်နားမှာ တိ်ုက်ပွဲတွေဖြစ်တော့ ရှောင်ကြ တာပေါ့၊ ကိုယ့်အိမ်တွေထားခဲ့တယ်၊ ပစ္စည်းတွေထားခဲ့တယ်၊ သေနတ်သံတွေတအားကြားတော့လေ စက်သေနတ်တွေ လက်နက်ကြီးတွေတအားပစ်တော့ စိတ်တော်တော်ဆင်းရဲတာပေါ့၊ ကျနော်တို့ မကြုံဖူး မကြားဖူးတော့ လက်နက်ကြီး တွေတအားပစ်တာတွေလေ ငိုတဲ့လူငိုကြတယ်’’ ဟု ပြောသည်။

အဆိုပါတိုက်ပွဲဖြစ်ပွားမှုကြောင့် ဆဲန်ထန်းနယ်က Surkhua Myo, Phaizawng, Khuapi , Lungrang, Hausen, Dinlopa, Sakta, Loklung စသည့်ကျေးရွာအသီသီးတို့မှ ဒေသခံပြည်သူ ၅၀၀၀ ကျော်တို့သည် နီးစပ်ရာတောထဲသို့ ထွက်ပြေးတိမ်းရှောင်နေကြခြင်းဖြစ်သည်။

ယခုကဲ့သို့စစ်ဘေးတိမ်းရှောင်နေကြရသည့်အချိန်တွင် စစ်ကောင်စီတပ်ဖွဲ့များသည် ကျေးရွာအတွင်းရှိ လူနေအိမ်များအား ဖောက်ထွင်းဝင်ရောက်ကာ အိမ်တွင်းပစ္စည်များဖျက်ဆီးခြင်း၊ အိမ်မွေးတိရိစ္ဆာန်များ ဖမ်းဆီးမှုများလည်းရှိသည်ဟု သိရသည်။

“Dinlopa ရွာမှာဆိုရင် သော့ခတ်ထားတဲ့အိမ်တွေကိုဖျက်ဆီးပြီးတော့ အထဲကဆန်တွေကို လမ်းမှာဖြန့်ကျဲတာတွေ၊ ယက္ကန်းစင်တွေဖျက်စီးတာတွေ ပြူတင်းပေါက်မှန်တွေလည်းရိုက်ခွဲသွားကြတာ၊ ကျွဲ၊ နွား၊ ဆိတ်တွေလည်း သတ်သွား ကြတယ်’’ ဟု ဆဲန်ထန်းနယ်မှဒေသခံတစ်ဦးကပြောသည်။

အလားတူ ဆူရ်ခွါမြို့တွင် ဒေသခံများစစ်ဘေးရှောင်နေကြသည့်အချိန်တွင် စစ်ကောင်စီများက ဆိုင်ခန်းများဖောက်ထွင်းမှု၊ အိမ်မွေးတိရိစ္ဆာန်များသတ်ဖြတ်မှုများပြုလုပ်ခဲ့ကြသည်ဟု ဆူရ်ခွါးဒေသခံတစ်ဦးကပြောသည်။

“ဆိုင်ခန်း ၆ ခုလောက်ဖောက်တယ်၊ ကြက်ကအကောင် ၆၀ လောက်သတ်တယ်၊ ဝက် ၃ ကောင်သတ်တယ်’’ ဟု ဒေသခံကပြောသည်။

ယခုလက်ရှိ ဆဲန်ထန်းနယ်တွင် စစ်ကောင်စီနှင့် Hakha-CDF အကြားတိုက်ပွဲဖြစ်ပွားမှုမရှိတော့သည့်အတွက် နေရပ် ပြန်လာသည့်ကျေးရွာသားများအချိူ့ရှိနေသော်လည်း စစ်ဘေးရှောင်အများစုမှာ ပြန်မလာရဲကြသေးကြောင်း သိရသည်။

“အခုတော့ အိမ်ရောက်ပါပြီ၊ ကိုယ့်အိမ်မှာ ဘာဖြစ်လဲဆိုတာပဲကြည့်ကြသေးတယ်၊ အိမ်နီးနား အကြောင်းလည်း ဘာမှမသိရသေးဘူး၊ တခြားရွာတော့ မလာလောက်သေးဘူးထင်တယ်၊ ကျွန်တော်တို့ရွာက အစော ဆုံးပြန်လာတာ ထင်တယ်၊ မရောက်သေးတဲ့သူလည်းရှိမယ်၊ ပြေးတဲ့နေရာလည်းမတူ ခပ်ဝေးဝေးပြေး တဲ့သူတွေကတော့ မရောက်သေးဘူး၊ ၁မိုင် ၂ မိုင်လောက် အိမ်နီးနားကပြေးတဲ့ သူတွေပဲရောက် သေးတာ၊ သူတို့လည်း ထွက်သွားပြီဆိုတော့ ကျွန်တော်တို့လည်း အိမ်ပြန်လာတာ” ဟု Sakta ကျေးရွာဒေသခံတစ်ဦးက ပြောသည်။

ဟားခါး-မတူပီအကြား ဆဲန်ထန်းနယ်တွင် စစ်ကောင်စီနှင့် Hakha-CDF တို့ပြီး ပြီးခဲ့သည့်မေလ ၃၁ ရက်နှင့် ဇွန်လ ၁ ရက်နေ့တိုက်ပွဲတွင် စစ်ကောင်စီဘက်က ၈ ဦးသေဆုံးပြီး CDF ဘက်မှ တစ်ဦးကျဆုံးခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF – ဟားခါးစခန်းဟောင်းကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်

CDF – ဟားခါး၏ စစ်သုံ့ပန်းစခန်း ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ ၊ စစ်အုပ်စုတပ်ဖွဲ့ဝင် စစ်သုံ့ပန်း ၁၀ ဦးအထိ အစုအပြုံလိုက်သေဆုံး၊ ၅ ဦး ထိခိုက်ဒဏ်ရာရ

ချင်း-မကွေးအစပ်တွင် ချင်းအပါအဝင် စစ်ဘေးရှောင် ၅၀၀ ခန့် ရာသီတုပ်ကွေး၊ အရေပြားနှင့် ဝမ်းရောဂါများ ဖြစ်ပွားနေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
October 30, 2026

CDF – ဟားခါးစခန်းဟောင်းကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်

October 30, 2026

မင်းတပ်မြို့ကို စစ်တပ်ကအပြင်းအထန် ဗုံးကြဲ၊ နေအိမ် ၁၀ လုံးကျော် ထပ်မံပျက်စီး

October 29, 2026

စစ်တပ်အတွက် လော်ဘီလုပ်ပေးနေသော ဝါရှင်တန်ဒီစီအခြေစိုက် လော်ဘီလုပ်ငန်းကုမ္ပဏီကို အမေရိကန်အထက်လွှတ်တော် အမတ်ဟောင်း ဝေဖန်

October 29, 2026

CDF – ဟားခါး၏ စစ်သုံ့ပန်းစခန်း ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ ၊ စစ်အုပ်စုတပ်ဖွဲ့ဝင် စစ်သုံ့ပန်း ၁၀ ဦးအထိ အစုအပြုံလိုက်သေဆုံး၊ ၅ ဦး ထိခိုက်ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.