Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»CDF နှင့် စကစတို့ တိုက်ပွဲဖြစ်ပြီးနောက် မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးတိမ်းရှောင်သူ စစ်ဘေးဒုက္ခသည် ရာကျော်ရှိ

CDF နှင့် စကစတို့ တိုက်ပွဲဖြစ်ပြီးနောက် မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးတိမ်းရှောင်သူ စစ်ဘေးဒုက္ခသည် ရာကျော်ရှိ

0
By Editor on June 15, 2021 Headline

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ချင်းဒေသကာကွယ်ရေးအဖွဲ့ CDF နှင့်အာဏာသိမ်းစစ်ကောင်စီတို့ ချင်းပြည်နယ် ထန်ထလန်မြို့နယ်တွင် တိုက်ပွဲဖြစ်ပြီးနောက် ပိုင်း မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးတိမ်းရှောင်လာသူ စစ်ဘေးဒုက္ခသည် ရာကျော်ရှိနေပြီဖြစ်ကြောင်း သိရသည်။

ချင်းပြည်နယ်အတွင်း တိုက်ပွဲပြင်းထန်လာမှုကြောင့် မီဇိုရမ်ပြည်နယ်ဘက်ကို ထွက်ပြေးတိမ်းရှောင်လာသူ စစ်ဘေး ဒုက္ခသည် ရာနဲ့ချီရှိနေပြီဖြစ်ကြောင်းနှင့် မီဇိုရမ်ပြည်နယ်ကို ဝင်ခွင့်မရဘဲ နယ်စပ်ဒေသတလျောက်တွင် သောင်တင် နေသော စစ်ဘေးဒုက္ခသည်များစွာရှိနေကြောင်း မီဇိုရမ်ဒေသ သတင်း Zonet က ဖော်ပြသည်။

မီဇီုရမ်ပြည်နယ် Tuipuiral Group YMA president Pu MC Lalramenga က “မီဇိုရမ်ပြည်နယ် Vaphai နယ်အတွင်း စစ်ဘေးဒုက္ခသည် ၆၀ ခန့် ရောက်ရှိနေပြီ၊ Chawngtui နယ်တွင်လည်း ၃၀၀ ကျော်ရှိနေပြီဖြစ်တယ်” ဟု ဖော်ပြသည်။

Pu K.Lalmuankima Farkawn Joint YMA president ကလည်း ကိုဗစ်-၁၉ ရောဂါကြောင့် အစိုးရအနေဖြင့် စစ်ဘေးဒုက္ခသည်များကို ဝင်ခွင့်မပြုသော်လည်း လုံခြုံရာကို ထွက်ပြေးလာကြသော စစ်ဘေးဒုက္ခသည် သက်ကြီး ရွယ်အိုနှင့် မိခင် အယောက် ၁၀၀ ကျော်ကို ဝင်ခွင့်ပြုထားကြောင်း ပြောသည်။

“ကိုဗစ်ရောဂါကြောင့် အရင်လို ဧည့်သည်ပုံစံမျိုး လက်ခံထားလို့မရဘူး။ စစ်ဘေးဒုက္ခသည်ထားတဲ့နေရာတွေမှာ လည်း မဆံ့တော့သည့်အတွက် အခက်အခဲတွေ့နေရတယ်။ ချင်းပြည်နယ်မှာ ယခုလို တိုက်ပွဲဆက်လက်ဖြစ်ပွားမယ် ဆိုရင် စစ်ဘေးဒုက္ခသည်များစွာ ဒီဘက်ကို ထွက်ပြေးလာနိုင်တယ်။ ဒါကြောင့် စစ်ဘေးဒုက္ခသည်များ အတွက် relief camp များကို Farkawn, Chawngtui နှင့် Vaphai ဒေသတွေမှာ ဆောက်ဖို့ပြင်ဆင်နေတယ်” ဟု ပြောသည်။

CDF တပ်ဖွဲ့နှင့် စကစတပ်တို့သည် ထန်တလန်မြို့နယ် Khualhring တောင်ကြောတစ်လျှောက်တွင် ပြီးခဲ့သည့်ရက်ပိုင်းကတည်းက တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေကြခြင်းဖြစ်သည်။

အဆိုပါတိုက်ပွဲများကြောင့် ဒေသခံပြည်သူ ရာနှင့်ချီတောထဲသို့ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည့်အပြင် အိမ်နီးချင်းပြည်နယ် မီဇိုရမ်ဘက်သို့လည်း ထွက်ပြေးတိမ်းရှောင်နေကြရခြင်းဖြစ်သည်။

မီဇိုရမ်ပြည်နယ် ပြည်တွင်းသတင်း Zonet တွင် ဖော်ပြချက်အရ ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်း မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးတိမ်းရှောင်လာကြသော စစ်ဘေးဒုက္ခသည် ၁၅၀၀၀ ကျော် ရှိနေပြီဟု သိရသည်။ RC

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဇမ်ပီးရွာရှိ ZRA-EC စခန်းကို ZNA က ဝင်ရောက်တိုက်ခိုက်ရာ ZRA-EC ရဲဘော်တစ်ဦးသေဆုံး

နှာရိန်မြို့တွင် ဝက် (၁၁) ကောင်အထိ သေဆုံးမှုရှိလာ၍ ဝက်ရောဂါသံသယဖြစ်ပွားမှုအဆင့်အဖြစ် သတ်မှတ်ကြေညာ

ပြည်တွင်းပြည်ပနိုင်ငံများသို့ တရားမဝင်လူပို့သည်ဆိုသော စွဲချက်ဖြင့် အမျိုးသမီးတစ်စုကို ULA/AA ထောက်လှမ်းရေးက ကျင်ဒွေးမှာ စီးနင်းဖမ်းဆီး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 10, 2026

ဇမ်ပီးရွာရှိ ZRA-EC စခန်းကို ZNA က ဝင်ရောက်တိုက်ခိုက်ရာ ZRA-EC ရဲဘော်တစ်ဦးသေဆုံး

September 10, 2026

ဖလမ်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာထုတ်ယူရန် လျှောက်ထားနိုင်ပြီဟုဆို

September 9, 2026

ပလက်ဝမြို့နယ်အတွင်း ရခိုင်ဘာသာသင်ရိုးသစ်သင်ကြားမှုမှာ မသင်မနေရ အတင်းအဓမ္မ သင်ယူခိုင်းခြင်းမျိုးမဟုတ်ဟု အာရက္ခအမျိုးသားပညာရေးဌာနထုတ်ပြန်

September 9, 2026

တွန်းဇံမြို့နယ်တွင် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ လူငယ်တစ်ဦး သေဆုံး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.