Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»စစ်ကောင်စီက ဖမ်းဆီးထားသည့် အသက် (၁၅) နှစ်အရွယ်မောင်ကျော်မင်းခန့်မောင် သေဆုံးခြင်းမရှိဟု ရဲစခန်းမှူးက မိဘထံပြောဆို

စစ်ကောင်စီက ဖမ်းဆီးထားသည့် အသက် (၁၅) နှစ်အရွယ်မောင်ကျော်မင်းခန့်မောင် သေဆုံးခြင်းမရှိဟု ရဲစခန်းမှူးက မိဘထံပြောဆို

0
By Editor on June 21, 2021 Khonumthung

ကလေးမြို့တွင် ယမန်နေ့ ဇွန်လ ၁၉ ရက်ညက အာဏာသိမ်းစစ်ကောင်စီမှ ဖမ်းဆီးခဲ့သည့် အသက် ၁၅ နှစ်အရွယ် မောင်ကျော်မင်းခန့်မောင်သည် သေဆုံးခြင်းမရှိဘဲ စစ်ကြောရေးတွင်ရှိနေဆဲဟု ကလေးမြို့ရဲစခန်းမှူးကပြောဆိုကြောင်း မောင်ကျော်မင်းခန့်မောင်၏ ဖခင်ကပြောသည်။

“နေ့လည် ၁ နာရီလောက်က ကျနော်တို့ အိမ်မှာမရှိခင် ကျနော်တို့ အိမ်နားမှာ အရပ်ဝတ်နဲ့ အိမ်နားကလူဆီမှာ အလောင်းလာယူပေးဖို့ပြောခိုင်းလိုက်တယ် ကျနော့အိမ်မျက်နှာခြင်းဆိုင်အိမ်ကပြောလိုက်လို့ သိရတာ ကျနော်တို့က ညနေဘက် အလောင်းယူဖို့သွားတော့ ရဲစခန်းကနေ သေတာမဟုတ်ဘူး ပြောလိုက်တယ် သူက စစ်ကြောရေးမှာ ရှိတယ်လို့ပြောတယ်၊ ဘယ်စစ်ကြောရေးမှာ ရှိသလဲ ဆိုတာတော့ မသိရဘူး” ဟု မောင်ကျော်မင်းခန့်မောင်၏ ဖခင်ကပြောသည်။

မောင်ကျောင်မင်းခန့်မောင်သည် စစ်ကောင်စီတပ်ဖွဲ့က ဇွန်လ ၁၉ ရက်ညပိုင်းက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ယနေ့ဇွန်လ ၂၀ ရက်နေ့တွင် စစ်ကြောရေးစခန်းတွင်သေဆုံးသွားသည်ဟု သတင်းများထွက်ပြောကာ မိမိတို့သတင်းဌာနအပါအဝင် သတင်းဌာနအတော်များများတွင်လည်း ရေးသားဖော်ပြခဲ့ကြသည်။

ကလေးမြို့ရဲစခန်းမှူးက မောင်ကျော်မင်းခန့်မောင်သေဆုံးခြင်းမရှိကြောင်း စစ်ကြောရေးစခန်းတွင်ရှိနေသေးကြောင်း ပြောဆိုသော်လည်း မိဘများနှင့်စကားပြောခွင့်၊ တွေ့ခွင့်မရှိခဲ့သည့်အပြင် ဘယ်နေရာတွင်ထိန်းသိမ်းထားသည်ကို မသိရှိကြောင်း မောင်ကျော်မင်းခန့်မောင်၏ ဖခင်ကပြောသည်။

“ သူနဲ့ပတ်သက်လို့ ကျန်းမာရေးဘယ်လိုရှိ်လဲ၊ ဘယ်လိုနေတယ်ဆိုတာ ဘာဆိုဘာမှမသိရဘူး၊ ဘယ်မှာရှိတယ်ဆိုတောင် မသိရသေးတာ စစ်ကြောရေးမှာရှိတယ်လို့ပဲသိရတယ်’’ မောင်ကျော်မင်းခန့်မောင်၏ ဖခင်ကပြောသည်။

ကလေးမြို့တွင် ယမန်နေ့ ဇွန်လ ၁၉ ရက်ညပိုင်းက အင်းယားကုန်းရပ်ကွက်ရှိနေအိမ်တစ်အိမ်ကို စစ်ကောင်စီက ဝင်စီးကား မိသားစုဝင် ၄ ဦးကို ပစ်သတ်ခဲ့ပြီး ယင်းသေဆုံးမှုနှင့်ပတ်သက်၍ မောင်ကျော်မင်းခန့်မောင်ကို ကျူးလွန်သူအဖြစ် အတင်းအဓမ္မဝန်ခံခိုင်းမှု များလည်းရှိနေသည်ဟု စုံစမ်းသိရှိရသည်။

ကလေးမြို့ဒေသခံတစ်ဦးက “ မောင်ကျော်မင်းခန့်မောင် စစ်ကြောရေးမှာရှိနေသေးတယ်ဆိုရင် အမြ န်ဆုံးပြန်လွှတ် ပေးစေချင်တယ် သူက အသက်မပြည့်သေးတဲ့လူငယ်လေးပဲရှိသေးတယ်၊ စဉ်းစားစရာတစ်ခုရှိတာက စခန်းမှူးကနေ သူတို့နာမည်ပျက်မှာစိုးလို့ လိမ်တာလည်းဖြစ်နိုင်တယ်၊ မနေ့ညက စစ်ကောင်စီက ပစ်သတ်လို့ လူ ၄ ဦး သေဆုံးတဲ့ကိစ္စကို မောင်ကျော်မင်းခန့်မောင်ကို ဝန်ခံခိုင်းပြီး အပြစ်ပုံချချင်တာလည်းဖြစ်နိုင်တယ်” ဟု ပြောသည်။

ကလေးမြို့တွင် ပြီးခဲ့သည့်မေလ ၂၄ ရက်နေ့ကလည်း နန်းကလိန်းအနီး စိတ်ထားမဏ္ဍိုင်ဆိုင်ကယ်ပြင်ဆိုင်ဖွင့်လှစ်ထား သည့် ကိုမင်းမင်းကို စစ်ကောင်စီက ဖမ်းဆီးပြီး ကလေးမြို့အမှတ် ၆ ကျောင်းအနီးဗုံးပေါက်ကွဲမှုအားကျူးလွန်သူအဖြစ် စွပ်စွဲနှိပ်စက်ခံရကြောင့် မေလ ၂၅ ရက်နေ့၌ စစ်ကြောရေးတွင်သေဆုံးခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မင်းတပ်မြို့ကို စစ်တပ်ကအပြင်းအထန် ဗုံးကြဲ၊ နေအိမ် ၁၀ လုံးကျော် ထပ်မံပျက်စီး

စစ်တပ်အတွက် လော်ဘီလုပ်ပေးနေသော ဝါရှင်တန်ဒီစီအခြေစိုက် လော်ဘီလုပ်ငန်းကုမ္ပဏီကို အမေရိကန်အထက်လွှတ်တော် အမတ်ဟောင်း ဝေဖန်

တိုက်ပွဲများ ပြင်းထန်နေသာ ချင်းပြည်တောင်ပိုင်းသို့ ပဥ္စမကြိမ်အဖြစ် စစ်တပ်က အင်အားရာချီ ထပ်မံဖြည့်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
October 30, 2026

CDF – ဟားခါးစခန်းဟောင်းကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်

October 30, 2026

မင်းတပ်မြို့ကို စစ်တပ်ကအပြင်းအထန် ဗုံးကြဲ၊ နေအိမ် ၁၀ လုံးကျော် ထပ်မံပျက်စီး

October 29, 2026

စစ်တပ်အတွက် လော်ဘီလုပ်ပေးနေသော ဝါရှင်တန်ဒီစီအခြေစိုက် လော်ဘီလုပ်ငန်းကုမ္ပဏီကို အမေရိကန်အထက်လွှတ်တော် အမတ်ဟောင်း ဝေဖန်

October 29, 2026

CDF – ဟားခါး၏ စစ်သုံ့ပန်းစခန်း ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ ၊ စစ်အုပ်စုတပ်ဖွဲ့ဝင် စစ်သုံ့ပန်း ၁၀ ဦးအထိ အစုအပြုံလိုက်သေဆုံး၊ ၅ ဦး ထိခိုက်ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.