Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဖလမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုနှင့် သေဆုံးမှုများလာခြင်းကြောင့် ဇွန်လ ၂၃ ရက်နေ့မှစတင်ပြီး အိမ်ပြင်မထွက်ဘဲ အိမ်ထဲမှာသာနေထိုင်ကြရန် ခရစ်ယာန်ဂိုဏ်းပေါင်းစုံမှ ထုတ်ပြန်

ဖလမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုနှင့် သေဆုံးမှုများလာခြင်းကြောင့် ဇွန်လ ၂၃ ရက်နေ့မှစတင်ပြီး အိမ်ပြင်မထွက်ဘဲ အိမ်ထဲမှာသာနေထိုင်ကြရန် ခရစ်ယာန်ဂိုဏ်းပေါင်းစုံမှ ထုတ်ပြန်

0
By Editor on June 22, 2021 Headline

ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် မေလ ၂၀ ရက်နေ့ကစတင်ပြီး ကိုဗစ်-၁၉ ရောဂါကူးစက်မှု ပြန်လည်မြင့်တက်လာခဲ့ပြီး လက်ရှိတွင်လည်း ကိုဗစ်ကူးစက်ခံရမှုနှင့် သေဆုံးမှုများလာခြင်းကြောင့် ဇွန်လ ၂၃ ရက်နေ့မှ စတင်ပြီး ၈ ရက်အကြာ အိမ်ပြင်မထွက်ကြဘဲ အိမ်ထဲတွင်သာနေထိုင်ကြရန် ဖလမ်းမြို့ ခရစ်ယာန်ဂိုဏ်ပေါင်းစုံအမှုတော်ဆောင်များအဖွဲ့ (FCMF) က ယနေ့ထုတ်ပြန်လိုက်သည်။

FCMF အဖွဲ့ ဥက္ကဌ သိက္ခာတော်ရ ဆရာ Rev. Daniel Vai Lian Zul က “Stay At Home လောက်ပါပဲ၊ တခြားတော့ ဘာမှကျွန်တော်တို့ လုပ်နိုင်စရာမရှိသေးပါဘူး၊ ပြင်ဆင်ခြင်းကာလက ဒီနေ့နဲ့၊နက်ဖြန် စားစရာလေးတွေ ပြင်ဆင်စရာလေးတွေပြင်ဆင်မယ်၊ တဖက်ခါကြရင်စမယ်၊ ၈ ရက်ပါ ဒီလကုန်အထိပေါ့၊ အဲ့တာပြီးရင် ပြန်ကြည့်ပြီးတော့ ရောဂါပိုးတွေ့တဲ့သူ ပိုများသလား၊ နည်းနည်းကျသလား၊ အသေပျောက်ရော နည်းနည်းကျသလား ကျွန်တော်တို့ကြည့်ပြီးတော့ ထပ်ပြီးတော့ အကူအညီတောင်းဖို့သင့်တယ်ဆိုရင်လည်း ပြန်ပြီးတော့ ချဖို့ကျွန်တော်တို့စီစဉ်ထားတယ်” ဟု ပြောသည်။

ဖလမ်းမြို့တွင် ကိုဗစ်ရောဂါပိုးတွေ့ လူနာများပြားလာခြင်း၊ ယခုလက်ရှိ အချိန် ပြည်သူ့ဆေးရုံတွင်လည်း လူနာယောက် ၇၀ ကျော်ကုသမှုခံယူနေရသည့်အပြင် တရက်ခြား သေဆုံးမှုရှိလာသောကြောင့် ကာကွယ်မှုမပြုလုပ်ထားပါက ယခုထက်ပိုမိုများပြား လာမည်ဖြစ်သောကြောင့် ယခုကဲ့သို့ ပြုလုပ်ရခြင်းဖြစ်သည်ဟု သိရသည်။

ဖလမ်းမြို့နယ်တွင် ယခုချိန်ထိ ကိုဗစ်-၁၉ ရောဂါကြောင့် လူ ၁၂ ယောက်သေဆုံးသွားပြီဟုသိရသည်။

ဖလမ်းမြို့တွင် ကိုဗစ်လူနာများလာသည့်အပြင် အောက်ဆီဂျင် မလုံလောက်မှုကြောင့် အရေးပေါ်လူနာများ အသက်ဆုံးရူံးရသည့်အပြင် လက်ရှိတွင်လည်း ဖလမ်းအောက်ဆီဂျင်စက်ရုံပျက် နေခြင်းတို့ကြောင့် အခက်ကြုံနေရကြောင်းလည်း ၎င်းကပြောသည်။

ဖလမ်းမြို့ရှိ အောက်ဆီဂျင်စက်ရုံတွင် တရက်လျှင် လီတာ ၄၀ ဆံ့ ဗူး ၃၀ သာဖြည့်နိုင်ပြီး လီတာ ၄၀ ဆံ့ အောက်ဆီဂျင်တဗူးလျှင် ၅ နာရီကြာ အသုံးပြုနိုင်ကြောင်းလည်း သိရသည်။ H

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်ကော်မရှင်ရွေးကောက်ပွဲအပြီး ချင်းပြည်နယ်လွှတ်တော် ပြန်လည်ဖွင့်လှစ်ရန် ဟားခါးမြို့တွင် ပြင်ဆင်နေ

ဖလမ်းတိုက်ပွဲများတွင် စစ်ကော်မရှင်တပ် အထိနာ၊ စစ်အင်အားထပ်မံဖြည့်တင်းကာ ဖလမ်းမြို့မှ ၁၃ မိုင်အကွာမှာ အခိုင်အမာခြေကုတ်ယူ၍စစ်ပြင်ဆင်နေဟု ဆို

ကလေးမြို့နယ်တောင်ပိုင်းက စစ်ဘေးရှောင်ပြည်သူများ စားနပ်ရိက္ခာနှင့် ဆေးဝါးအကူအညီများလိုအပ်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.