Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»အိန္ဒိယ-မြန်မာနယ်စပ် ရိခေါဒါရ်မြို့တွင် ကိုဗစ် ၁၉ ကူးစက်ခံရသူ ၁၆၀ ကျော်ရှိပြီ

အိန္ဒိယ-မြန်မာနယ်စပ် ရိခေါဒါရ်မြို့တွင် ကိုဗစ် ၁၉ ကူးစက်ခံရသူ ၁၆၀ ကျော်ရှိပြီ

0
By Editor on June 22, 2021 Khonumthung

အိန္ဒိယ – မြန်မာနယ်စပ် အမှတ် ၂ နယ်စပ်ကုန်သွယ်ရေးစခန်းအခြေစိုက်ရာမြို့ ချင်းပြည်နယ် ရိခေါဒါရ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၀၀ နီးပါးရှိပြီဖြစ်ကြောင်း ရိဒ်ပြန်ဆက်ဦးစီးမှူး ဦးပက်လောမ်မာကပြောသည်။

“ကျနော်တို့ စတင်စစ်ဆေးတဲ့နေ့ကနေ ယနေ့ထိက ရောဂါကူးစက်သူက ၁၆၂ ဦးရှိပြီ ကူးစက်ခံရတဲ့သူတွေက အခုထိတော့ အဲလောက်ထိ ကျန်းမာရေးဆိုးဆိုးရွားရွားရှိတဲ့သူတွေတော့ဖြစ်တဲ့သူတွေတော့မရှိဘူး ကျန်းမာရေး အခြေအနေကောင်းကြပါတယ် ၁ ယောက် ၂ ယောက် ၃ ယောက်လောက်တော့ ဆေးရုံတင်ထားတာတော့ရှိတယ် အဲဒီတစ်ယောက်နှစ်ယောက်လောက်တော့ အောက်ဆီဂျင်တော့ပေးရတယ် ကျနော်တို့ဘက်ကူးစက်တဲ့သူတွေက လူလတ်ပိုင်းဘက်ပိုများတယ် ကျနော်မှတ်တမ်းအရဆိုရင် အသက် ၃၀ နဲ့ ၄၀ ပတ်ဝန်းကျင်တွေပိုများတယ်” ဟု ရိဒ်ပြန်ဆက်ဦးစီးမှူး ဦးပက်လောမ်မာကပြောသည်။

ရိဒ်ခေါ်ဒါရ်မြို့တွင် ကွာရန်တင်းစင်တာ သီးသန့်မရှိသည့်အတွက် လက်ရှိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသည့်သူများကို မိမိအိမ်များတွင် Home Quarantine အဖြစ်ထားရှိကာ ကုသုမှုဆောင်ရွက်နေကြောင်း သူကဆက်ပြောသည်။

အိန္ဒိယ – မြန်မာနယ်စပ်မြို့ ရိဒ်ခေါ်ဒါရ်မြို့တွင် အမှတ် (၁) နှင့် အမှတ် (၂) ရပ်ကွက် ၂ ခုရိပြီး ကိုဗစ်ကူးစက်ခံရသူ အမှတ် (၂) ရပ်ကွက်တွင် (၁၄၂) အမှတ် (၁) ရပ်ကွက်တွင် (၂၀) ဦးရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါကူးစက်မှုကြောင့် သေဆုံးသူ တစ်ဦးရှိပြီဟုသိရပြီး သေဆုံးသူမှာ နယ်ခံမဟုတ်ဘဲ ကလေးမြို့ကဖြစ်ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူများ ကုသရေးပိုင်းတွင် ရိဒ်ခေါ်ဒါရ်မြို့၌ တိုက်နယ်ဆေးရုံအဆင့်သာရှိခြင်းကြောင့် အောက်ဆီဂျင်၊ ဆေးဝါးနှင့် ကုသပေးမည့် သူနာပြုဆရာ/ဆရာမများ မလုံလောက်ကြောင်း ပြန်ဆက်ဦးစီးမှူးကပြောသည်။

အိန္ဒိယ – မြန်မာ နယ်စပ်ကုန်သွယ်ရေးမြို့ ရိဒ်ခေါ်ဒါရ်တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိစစ်ဆေးမှုကို ဇွန်လ ၇ ရက်နေ့ကစတင်ပြီး ယနေ့ ဇွန်လ ၂၂ ရက်နေ့အထိ လုပ်ဆောင်ခဲ့ရာ ယနေ့အချိန်အထိ ကူးစက်ခံရသူစုစုပေါင်း ၁၆၂ ဦးရှိပြီဖြစ်သည်။ L

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မီဇိုရမ်လွှတ်တော်ကအတည်ပြုလိုက်သည့် မီဇိုးလက်ထပ်ထိမ်းမြားခြင်းနှင့် အမွေဆက်ခံခြင်းဆိုင်ရာဥပဒေကို ပြန်ရုပ်သိမ်းရန် မီဇိုးအမျိုးသမီးများအသင်း (MHIP) တောင်းဆို

လောင်တလိုင်နှင့် ချင်းပြည်နယ်ဆက်သွယ်သည့်နယ်စပ်လမ်းကြောင်းပြန်ဖွင့်

နွေရာသီရောက်ရှိတော့မည်ဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန် တော်လှန်ရေးအဖွဲ့များ အသိပေးနှိုးဆော်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.