Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကလေးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်မှုကြောင့် ချင်းအမျိူးသမီးငယ်တစ်ဦး သေဆုံး

ကလေးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်မှုကြောင့် ချင်းအမျိူးသမီးငယ်တစ်ဦး သေဆုံး

0
By Editor on June 25, 2021 Headline

ကလေးမြို့ တောင်ဖီလာရပ်ကွက် နယ်မြေ ၉ တွင် ယမန်နေ့ည ၉ နာရီဝန်းကျင့်ခန့်က စစ်ကောင်စီက ပစ်ခတ်မှုကြောင့် သေနတ်ဒဏ်ရာထိမှန်ပြီး ဖမ်းဆီးခေါ်ဆောင်သွားသည့် အသက် ၁၉ နှစ်အရွယ် ချင်းအမျိူးသမီးငယ်သည် သေဆုံးသွားခဲ့သည်ဟု သိရသည်။

ချင်းပြည်နယ် ဖလမ်းမြို့နယ် ဇောလ်နူးရွာမှ မ Nuam Za Thiang သည် မိခင်ရှိရာကလေးမြို့သို့ သူငယ်ချင်းဖြစ်သူ Ngun Nei Piang နှင့်အတူ ဆိုင်ကယ်ဖြင့်လာရောက်သည့်အချိန် ဇွန်လ ၂၃ ရက် ည ၉ နာရီခန့်တွင် တောင်ဖီလာရပ်ကွက် ဝန်ထမ်းအိမ်ယာအနီးတွင် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်ခတ်မှုကြောင့် နှစ်ယောက်စလုံး ကျည်ဆံထိမှန်ကာ Salai Ngun Nei Piang မှာ ထိုနေရာတွင်သေဆုံးကာ မ Nuam Za Thiang သည် ပေါင်တွင်ကျည်ဆံထိမှန်ကာ စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

နောက်နေ့မနက် ဇွန်လ ၂၄ ရက်နေ့တွင် Salai Ngun Nei Piang ၏ ရုပ်အလောင်းကို တောင်ဖီလာရပ်ကွက် နယ်မြေ ၉ တွင် ဒေသခံပြည်သူများက တွေ့ရှိခဲ့ကြသည်။

ပေါင်တွင်ကျည်ဆံထိမှန်သည့် မ Nuam Za Thiang သည်လည်း ဇွန်လ ၂၄ ရက် ၁၀ နာရီခွဲဝန်းကျင်ခန့်တွင် သေဆုံးသွားပြီဟု မိသားစုဝင်များထံ ကလေးမြို့ ဒေသကွက်ကဲရေးစစ်ဌာနချုပ် (ဒကစ) တပ်ဆေးရုံကနေ အကြောင်းကြားခဲ့သည်ဟု သိရသည်။

စစ်ကောင်စီက မ Naum Za Thiang သည် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသွားသည်ဟု မိသားစုဝင်များထံ အကြောင်းကြားလိမ်လည်ခဲ့ပြီး မိသားစုဝင်များကလည်း ဘုရားကျောင်းနိဗ္ဗာန်ယာဉ် အကူအညီတောင်းကာ ကိုဗစ်ရောဂါပုံစံဖြင့် ယနေ့သဂြိုလ်ခဲ့ရသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်ကော်မရှင်ရွေးကောက်ပွဲအပြီး ချင်းပြည်နယ်လွှတ်တော် ပြန်လည်ဖွင့်လှစ်ရန် ဟားခါးမြို့တွင် ပြင်ဆင်နေ

ဖလမ်းတိုက်ပွဲများတွင် စစ်ကော်မရှင်တပ် အထိနာ၊ စစ်အင်အားထပ်မံဖြည့်တင်းကာ ဖလမ်းမြို့မှ ၁၃ မိုင်အကွာမှာ အခိုင်အမာခြေကုတ်ယူ၍စစ်ပြင်ဆင်နေဟု ဆို

ကလေးမြို့နယ်တောင်ပိုင်းက စစ်ဘေးရှောင်ပြည်သူများ စားနပ်ရိက္ခာနှင့် ဆေးဝါးအကူအညီများလိုအပ်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.