Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»တမူးမြို့နယ် ကျွန်းပင်သာရွာက ဖမ်းဆီးခံချင်းလူငယ် ၄ ဦးကို တမူးရဲစခန်းသို့လွှဲပြောင်း

တမူးမြို့နယ် ကျွန်းပင်သာရွာက ဖမ်းဆီးခံချင်းလူငယ် ၄ ဦးကို တမူးရဲစခန်းသို့လွှဲပြောင်း

0
By Editor on July 16, 2021 Headline

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့နယ်ခွဲ မင်းသာကျေးရွာအုပ်စု ကျွန်းပင်သာရွာက ဖမ်းဆီးခံခဲ့ရသည့် ချင်းလူငယ် ၄ ဦးကို စစ်ကောင်စီက တမူးမြို့ရဲစခန်းကို လွဲပြောင်းပေးလိုက်ပြီဟု သိရသည်။

“ဖမ်းဆီးခံရတဲ့သူ ၄ ယောက်က တပ်စခန်းကနေ တမူးရဲစခန်းကို လွဲပြောင်းပေးလိုက်ပြီ၊ သူတို့ကိုယ်တိုင်က အဝတ်အစားတွေ ပို့ပေးဖို့အတွက် မိသားစုတွေကို ဖုန်းဆက်အကြောင်းကြားလာကြတော့ မိသားစုဝင်တွေက တနေ့က ပစ္စည်းတွေသွားပို့ပေးကြတယ်။ အချုပ်ထဲကနေ ဖုန်းနဲ့တော့ စကားပြောလို့ရတယ်၊ တွေ့လို့တော့မရဘူး။ ကိုဗစ်ကြောင့်လို့ပြောတယ်၊ ကျန်းမာရေးတော့ ကောင်းကြပါတယ်။ ၄ ယောက်စလုံးလို့တော့ပြောတယ်၊ သူတို့အဝတ်အစားတွေကို တဆင့်ပေးရတာဆိုတော့ လူကိုယ်တိုင်တွေ့မှ အသေးစိတ်သိရမယ်၊ ဘာကြောင့်ဖမ်းတယ်၊ ဘာပုဒ်မတပ်တယ်ဆိုတာလည်း မသိရသေးဘူး၊ ကလေးတွေက ဘာအပြစ်မှမရှိကြဘူး၊ လယ်တောသွားရင််း အဖမ်းခံရတာ” ဟု ဒေသခံတစ်ဦးကပြောသည်။

၎င်းတို့ ၄ ဦးကို ဇူလိိုင်လ ၉ ရက်နေ့ ည ၁ဝ နာရီအချိန်တွင် စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် တမူးမြို့ရဲစခန်းတွင် ထားရှိသည်ဟုသိရသည်။

ကျွန်းပင်သာရွာက အဖမ်းခံရသူ (၄) ဦးမှာ ကိုဟင်လင်းမာန်၊ ဦးရမ်လင်မုံ၊ ကိုဆွန်မင်ထန်၊ ကို Lal Lin San တို့ဖြစ်ကြပြီး တမူးရဲစခန်းက လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါကြောင့် မိသားစုဝင်များနှင့် တွေ့ခွင့်မရသေးဘဲ ရုံးချိန်းရှိတဲ့အခါ မိသားစုဝင်များကို ထပ်မံအကြောင်းကြားလာမည်ဟု ပြောဆိုကြောင်း သိရှိရသည်။

ဇူလိုင် ၁၀ ရက်နေ့ညတွင်လည်း စစ်ကောင်စီတပ်ဖွဲ့က တမူးခရိုင်၊ နောင်ကတ်ရွာသစ်က ချင်းလူငယ် ၄ ဦးကို ပစ်သတ်ခဲ့ပြီး အလောင်းဖျောက်ပစ်ခဲ့ကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မင်းတပ်၊ တိုက်နယ် – ၁ ထဲကို Cluster ဗုံးနှင့် ပေါင် ၅၀၀ ဗုံးပါ အသုံးပြု၍ ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ ဇီဝအချက်အလက်ကောက်ယူမည့်အစီစဉ် မကြာခင်စတင်ဖွယ်ရှိ

မင်းတပ်မြို့၊ တိုက်နယ် ၁ မှ ကျေးရွာများကို နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.