Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»“ဒီအချိန်မှာ တောင်ပေါ်ရယ် မြေပြန့်ရယ် ဘယ်အဖွဲ့အစည်း မခွဲခြားဘဲနဲ့ ဒီအရေးတော်ပုံအောင်မြင်ဖို့ တိုက်ပွဲဝင်တာကတော့ ကျနော်တို့ ပြည်သူတစ်ရပ်လုံးရဲ့ အလုပ်ဖြစ်တယ်”

“ဒီအချိန်မှာ တောင်ပေါ်ရယ် မြေပြန့်ရယ် ဘယ်အဖွဲ့အစည်း မခွဲခြားဘဲနဲ့ ဒီအရေးတော်ပုံအောင်မြင်ဖို့ တိုက်ပွဲဝင်တာကတော့ ကျနော်တို့ ပြည်သူတစ်ရပ်လုံးရဲ့ အလုပ်ဖြစ်တယ်”

0
By Editor on September 5, 2021 Headline

ချင်းအမျိုးသားတပ်ဦး၏ ပြောခွင့်ရသူ ပူးထက်နီနှင့် အင်တာဗျူး

မေး – လက်ရှိချင်းပြည်နယ်ထဲမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ မြို့နယ်အသီးသီးမှာရှိကြပါတယ်၊ အဲဒီ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက အာဏာသိမ်းစစ်ကောင်စီကို တော်လှန်ကြပါတယ်၊ မြို့နယ်အသီးသီးက အဲဒီအဖွဲ့အစည်းတွေကို CNF အနေဖြင့် သင်တန်းပေးတာတွေရှိတယ်၊ ဆိုတော့ သူတို့နဲ့ ဘယ်လိုပူးပေါင်းဆောင်ရွက်နေလဲ၊ အဲဒီအခြေအနေဘယ်လိုရှိလဲ၊ ပြောပြပေးလို့ရလား။

ဖြေ – ဟုတ် ကျနော်တို့ PDF နဲ့ CDF ဆိုပြီး အဓိက, ကတော့ ဒီ မင်းအောင်လှိုင်က အာဏာသိမ်းယူပြီးနောက်ပိုင်းမှာ လူငယ်တွေ တနည်းအားဖြင့် Generation Z လို့ခေါ်တာပေါ့၊ လက်နက်ကိုင်တယ်၊ ကျနော်တို့ တိုင်းရင်းသားတွေက ကျနော်တို့ CNF ပဲမဟုတ်ဘူး၊ အရှေ့ဖက်ရော မြောက်ဖက်ရော အနောက်ပိုင်းရော တောင်ပိုင်းရော အဲဒီလို ငါတို့လက်နက်နဲ့တွန်းလှန်ဖို့ တော်လှန်မယ်ဆိုပြီးတော့ ဖြစ်လာတယ်။ သူတို့တွေကို ကျနော်တို့က စုပြီးတော့ ပြည်တွင်းမှာလည်း သူတို့အဖမ်းခံရနိင်တယ် တစ်ပိုင်း၊ အဲဒီလို သူတို့လာပြီးတော့မှ ပြည်မဖက်ကလာတဲ့ လူငယ်တွေက အဓိက အများအားဖြင့် PDF ကျနော်တို့ ချင်းမှာဆိုရင် CDF ဆိုတော့ အခုကတော့ CDF ချင်းဆိုပြီးတော့ chinland ဆိုပြီးတော့ ဖြစ်တယ်။ CNDF ဆိုပြီးတော့လည်း ဖြစ်တယ်။ ဒါပေမဲ့ သူတို့လေးတွေအားလုံးက နိုင်ငံရေးရည်မှန်းချက်၊ ပန်းတိုင် အားလုံးအတူတူပါပဲ။ နောက်သူတို့က စစ်အာဏာရှင်ဖြုတ်ချရင် သူတို့က ကျောင်းပြန်တက်မယ်။ ကိုယ်အလုပ်ကိုယ်ပြန်လုပ်မယ်။ အဲဒီအချက်မှာ အတူတူပဲ။ စစ်အာဏာရှင်ဖြုတ်ချဖို့ အခုနပြောတဲ့ဟာတွေက အားလုံးအတူတူပါပဲဖြစ်တယ်။

နာမည်ဘယ်လိုပဲ ကွဲမယ်ကွဲမယ် သူတို့က ပြီးတော့ ကျနော်တို့ချင်းတွေက မျိုးနွယ်စုတွေက နေရာဒေသအနည်းငယ်ကွဲမယ်ဆိုတော့ ဘယ်လိုလုပ်ကြလဲ၊ အဲဒီအပေါ်မှာ ကျနော်တို့ CNF အနေနဲ့ ရည်မှန်းချက်ပန်းတိုင်တူမယ်။ အားလုံး ကျနော်တို့ ဆန္ဒတူတယ်ဆိုတော့ အားလုံးက သိထားပြီးပြီ။ ကျနော်တို့က ဒါပေမဲ့ အဲဒီမှာတစ်ခု ရေရှည်မှာ ဘယ်လိုဖြစ်လာမလဲဆိုတဲ့ဟာကတော့ CNF အနေနဲ့သော်လည်းကောင်း၊ ပြီးတော့ သူတို့ထဲက ခေါင်းဆောင်အနေနဲ့သော်လည်းကောင်း လက်တွဲလုပ်နိုင်ဖို့ ရေရှည်အခုလိုတိုက်ပွဲဝင်နိုင်ဖို့ အမြဲတမ်းချိတ်ဆက်လက် လက်တွဲပူးပေါင်းလုပ်နိုင်ဖို့ လှုပ်ရှားလုပ်ရမှာဖြစ်တယ်။ ဒီတိုင်းပဲ တစ်ယောက်တစ်ပေါက်ဆိုတာမျိုးမဟုတ်ဘဲနဲ့ တစ်စုတစ်တည်းလုပ်ဖို့ ကျနော်တို့ကလုပ်ရမှာဖြစ်တယ်၊ လုပ်လည်းလုပ်နေပါတယ်။ ဆက်လက်ပြီးတော့ ကြိုးစားရမှာဖြစ်တယ်။

မေး – သင်တန်းပေးတယ်ဆိုတော့ ဘယ်လိုစစ်ပညာအခြေခံကို CNF အနေနဲ့ ဘယ်လိုမျိုးသင်ကြားပေးလဲ၊ အဲဒီအခြေအနေရော ပြောပြပေးစေချင်ပါတယ်။

ဖြေ – ကျနော်တို့ သင်တန်းစပေးတာကတော့ ပျောက်ကြားအဆင့်အခြေခံပေါ့။ ရက်ပေါင်းတစ်ဆယ်၊ တစ်ဆယ့်ငါး အဓိက မြို့တွင်းတိုက်ပွဲ ပျောက်ကြားအဆင့်ပေါ့။ တကယ့်အခြေခံ base လွန်းတာလိုမျိုးမဟုတ်တဲ့ဟာပေါ့၊ အစကတော့ victoria ဌာနချုပ်ထဲမှာ ပေးတာဖြစ်တယ်။ ဒါလည်း နောက်ဆိုရင် လမ်းပန်းဆက်သွယ်ရေးအခက်အခဲ လုံခြုံမှုအခက်အခဲကြောင့် ကိုယ့်ရှိတဲ့ဒေသတွေမှာ ကျနော်တို့ သင်တန်းဆရာတွေပို့ပေးတာ အဲလိုပုံစံနဲ့ပေးတာဖြစ်တယ်။ ပြည်မဖက်မှာလည်း အဲလိုပုံစံနဲ့ပဲလုပ်တာ။ လုပ်တဲ့အချိန်မှာ တစ်ခုက အစကတော့ အဆင်ပြေတယ်လို့ပြောရမှာပဲ။ သွားရေးလာရေး အခုက လုံခြုံရေးကြပ်လာပြီဆိုတော့ အဲလိုသွားလို့မရတော့ဘူး။ သင်တန်းကို တစ်နေရာတည်းမှာပဲလုပ်တာမျိုးမဟုတ်ဘဲနဲ့ ကျနော်တို့က သင့်တော်တဲ့နေရာမှာ အဲလို ကျနော်တို့ လုပ်ပေးခဲ့ကြတယ်။

မေး – သင်တန်းသားတွေမှာဖြစ်ဖြစ် ဆရာတို့ သင်တန်းပေးတဲ့အချိန်မှာဖြစ်ဖြစ် ဘာအခက်အခဲတွေရှိလဲ။ သင်တန်းတက်တဲ့လူငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာမှာရော ဘယ်လိုမြင်မိလဲ။

ဖြေ – အခက်အခဲကတော့ CNF အနေနဲ့က တကယ့်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ဖြစ်တယ်ဆိုတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအနေနဲ့ ချင်းတောင်ရဲ့ နိုင်ငံရေး စီးပွားရေး လူမှုရေး အနေအထားအရက အခက်အခဲတော့ရှိနိုင်တယ်။ အဓိကတော့ ငွေရေးကြေးရေးအခက်အခဲ နေထိုင်စားသောက်ရေးအခက်အခဲ ဒါတွေကတော့ အနည်းနဲ့အများကတော့ရှိမှာပဲ။ ဒါပေမဲ့ အဲဒါတွေကတော့ ကျနော်တို့က နှစ်ပေါင်း ၃၀ လုံးလုံး ကျနော်တို့ ဖြတ်ကျော်လာပြီးသားဖြစ်ပါတယ်။ တကယ့်ကျောင်းသားလေးတွေအနေနဲ့ကတော့ အခက်အခဲတော့ နည်းနည်းရှိလာမယ်။ ဒါပေမဲ့ အခုသူတို့က ပျောက်ကျားစစ်သင်တန်းလေးယူတယ်။ တိုက်ပွဲတွေသွားဝင်ကြတယ်။ အခက်အခဲတွေ ပိုပြီးတော့ သိလာတယ်။ သူတို့က လုပ်တတ်ကိုင်တတ်လာတယ်။ အမိန့်နာခံမှုကအစ အခက်အခဲကအစ အဲဒီလိုမျိုးတွေ လုပ်တတ်လာပါတယ်။ နောက်ပြောချင်တာကတော့ အခု CDF/PDF တို့အားလုံးက သူတို့ရဲ့ နိုင်ငံရေးခံယူချက်ကတော့ ဒီစစ်အာဏာရှင်အောက်မှာ ကျနော်တို့ရှိနေသ၍ ကျနော်တို့ရဲ့ အနာဂတ်မရှိဘူး ဆိုတဲ့ခံယူချက်နဲ့ သူတို့လုပ်တာဆိုတော့ အင်မတန်မှ သူတို့ကြိုးစားကြတယ်။ အင်မတန်မှ အားစိုက်ကြတယ်။ သူတို့ ဒီတိုက်ပွဲမှာ ကျရှုံးတယ်။ စိတ်ဓာတ်တွေက ပြင်းထန်လာလေလေ လူငယ်တွေ ထပ်ပြီးထပ်ပြီးတော့ အင်အားဖြည့်လာလေလေ။ အဲလိုပုံစံနဲ့ အခုကဖြစ်နေတယ်။

မေး – CNF ကနေပံ့ပူးကူညီမှုကြောင့် လက်ရှိအချိန်ထိ ဆရာတို့ Camp မှာ သင်တန်းသား ဘယ်နှစ်ယောက် တက်ရောက်ပြီးပြီလဲ။

ဖြေ – အခု ကျနော်တို့ ဗဟိုဌာနချုပ်မှာပေးတာတော့ လေးထောင်ကျော်လောက်တော့ရှိပြီ။ ဒါပေမဲ့ ဗဟိုဌာနချုပ်မှာ လုံခြုံရေးအခက်အခဲကြောင့် မလုပ်နိုင်တဲ့ ဒေသအတွင်းမှာ လုပ်နိုင်တဲ့လူတွေနဲ့ဆိုရင်တော့ အဲဒီထက်မကတော့ဘူး။ အဲဒီ လေးငါးထောင်လောက်တော့ ထပ်ပြီးတော့လုပ်ရမှာ။ ဥပမာ အကြမ်းအားဖြင့်ပြောရရင် တစ်သောင်းနီးနီးတော့ ရှိလိမ့်မယ်ထင်တယ်။

မေး – CDF/PDF တို့ တိုက်ပွဲတွေမှာ CNF အနေနဲ့ ပါဝင်တာရှိလား။ ဘယ်အပိုင်းကနေပါဝင်လဲ။

ဖြေ – ကျနော်တို့က သူတို့နဲ့ CDF တို့ PDF တို့ သင်တန်းပေးပြီးတော့ စလုပ်တဲ့အချိန်မှာသော်လည်းကောင်း၊ ဒီ NUG အစိုးရနဲ့ ညှိနှိုင်းချက်အရ သဘောတူညီချက်အရသော်လည်းကောင်း တိုက်ပွဲတွေ စစ်ဆင်ရေးတွေက comment and control ဆိုတာတော့ CNF ကနေ တာဝန်ယူဖို့ဆိုတာ ကျနော်တို့ လုပ်ထားတာရှိတယ်။ ဆိုတော့ တိုက်ပွဲတိုင်းမှာ ကျနော်တို့ ပံ့ပိုးနိုင်တာကတော့ သင်တန်းပေးတာတွေကတော့ နည်းပညာတွေပေါ့။ အဲဒါတော့ ပေးပြီးသားဖြစ်တယ်။ အဲဒီမှာ အဓိက မိုင်းပညာ ကျနော်တို့လုပ်ပေးထားတာရှိတယ်။ ကျနော်တို့ တတ်နိုင်သလောက် လက်နက်အား လူအား သူတို့မှာ မရှိကြဘူးဆိုတော့ အားနည်းတဲ့အပိုင်းမှာ ကျနော်တို့ ထပ်ဖြည့်တာတွေ ကျနော်တို့ နေရာအနှံ့ တိုက်ပွဲတိုင်းမှာ အဲလိုပံ့ပူးကူညီတာမျိုးလုပ်နေတယ်။

မေး – နောက် ဆရာ့အနေဖြင့် ဘာများဖြည့်စွက်ပြောချင်တာ၊ မှာချင်တာတွေရှိလဲ။

ဖြေ – ဟုတ်ပြီ၊ အခုန ကျနော်ပြောသလို ဒီအရေးတော်ပုံကတော့ အောင်ကိုအောင်မြင်ရမယ်ဆိုတဲ့ ခံယူချက် PDF/CDF တို့၊ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင်တွေကအစ၊ ပြီးတော့ ပြည်တွင်းနိုင်ငံရေး အလွှာသီးသီကအစ ဒီစစ်အာဏာရှင်ဖြုတ်ချနိုင်ဖို့ တိုက်ပွဲဝင်နေတယ်။ အဖွဲဲ့အစည်းအစုအဖွဲ့ ပြည်သူတစ်ရပ်လုံးက အဲဒီလိုခံယူချက်နဲ့ ကျနော်တို့က လုပ်နေတာဖြစ်တယ်။ အဲဒီခံယူချက်က ကျနော်တို့ရှိနေသ၍တော့ စစ်ကောင်စီခေါ်/အိမ်စောင့်အစိုးရခေါ်ခေါ် သူတို့ရေရှည်ရပ်တည့်ဖို့ကတော့ ဖြစ်နိုင်မှာမဟုတ်ပါဘူး ဒါပေမဲ့ ကျနော်တို့ လက်နက်ကိုင်တယ် တိုက်ပွဲဖြစ်တယ်ဆိုတာ အရင်ကလည်း ကြေညာပြီးပြီ။ အခက်အခဲတော့ရှိမှာပဲ။ ဒါပေမဲ့ ကျနော်တို့ ဒီတိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ နှစ်ပေါင်း ၇၀ ခံစားခဲ့တာ။ အခု ပြည်မက လူငယ်လေးတွေကလည်း အခုက အဲဒီတိုင်းရင်းသားဒေသတွေကြောင့်ပါပဲ။ သူတို့ ကျနော်တို့ရဲ့ ခံစားချက်တွေကို ပိုပိုပြီးတော့ သဘောပေါက်လာတယ်။ ကျနော်တို့က အတူတူမျှဝေခံစားလာတယ်ဆိုတော့ အားရှိလာမယ်။

ဆိုတော့ ဒီအချိန်မှာ တောင်ပေါ်ရယ် မြေပြန့်ရယ် ဘယ်အဖွဲ့အစည်း မခွဲခြားဘဲနဲ့ ဒီအရေးတော်ပုံအောင်မြင်ဖို့ တိုက်ပွဲဝင်တာကတော့ ကျနော်တို့ ပြည်သူတစ်ရပ်လုံးရဲ့ အလုပ်ဖြစ်တယ်။ လုပ်တဲ့နေရာမှာလည်း မလုပ်ချင်တဲ့လူနဲ့ အခက်အခဲရှိတဲ့လူတွေရှိလာမှာပဲ။ ပြီးတော့ ဒီ CDF တို့ PDF တို့ ဒီ အခု စစ်အာဏာရှင်ဖြုတ်ချဖို့လုပ်နေတဲ့ ဘယ်အဖွဲ့အစည်း လူပုဂ္ဂိုလ် အတိုက်ခံတော့ရှိမှာပဲ။ ဒီတခါမှာတော့ အဲဒါတွေက ရမှာမဟုတ်တော့ဘူး။ အတိုက်ခံရှိရင်တော့ အားလုံးက အရေးယူဖို့ ဖြုတ်ချမှုကတော့ လုပ်ရမှာပဲ။ ဘာပဲဖြစ်ဖြစ် မလုပ်ချင်ရင် မကူညီချင်ရင် မနှောက်ရှက်ပါနဲ့။ အေးဆေးပဲနေကြပါ။ ဘယ်သူမှ အရေးတော်ပုံ ဒီစစ်အာဏာရှင်အောက်မှာ နေချင်ကြတာမဟုတ်ပါဘူး။ သူတို့တွေလည်း အတိုက်ခံလုပ်တဲ့သူတွေကလည်း သူတို့ဝမ်းစာအတွက် သူတို့မိသားစုအရေးအတွက်ဆိုပြီးတော့ လုပ်နေတာဖြစ်တယ်။ တကယ့်တကယ့်တော့ သူတို့အနေနဲ့ လုပ်ချင်တာမဟုတ်ပါဘူး။ အဲဒီအတွက် ပြီးတော့ ကြောက်တာရယ် အဲဒါရှိတယ်။ အဲဒါကြောင့် မနှောက်ရှက်ပါနဲ့ အရေးတော်ပုံအောင်မြင်ဖို့အတွက် ကျနော်တို့ မည်သူမဆို အားလုံးမှာ တာဝန်ရှိတယ်။ အတူတူတိုက်ပွဲဝင်ပါဝင်ကြမယ်။ တိုက်တွန်းကြပါစို့လို့ ပြောချင်တယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မတူပီမှာ မိမိဆန္ဒမပါဘဲ စစ်မှုထမ်းစေခိုင်းခြင်းများ ဖြစ်ပွားနေဟုဆို

ချင်းပြည်နယ်မှာ ရွေးကောက်ပွဲ မကျင်းပနိုင်ရေး တားဆီးမည်ဟု ချင်းအင်အားစုများပြော

ပလက်ဝကို ရခိုင်၏ ခရိုင်တစ်ခုအဖြစ် သတ်မှတ်လိုက်ခြင်းကို လက်မခံကြောင်း CC ဒုဥက္ကဌပြော

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.