Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကလေးမြို့တွင် ကျေးရွာအုပ်ချုပ်ရေးမှူး ၂ ဦးအသတ်ခံရပြီးနောက် ကျေးရွာ ၅ ရွာမှ အုပ်ချုပ်ရေးမှူးများ နှုတ်ထွက်စာတင်

ကလေးမြို့တွင် ကျေးရွာအုပ်ချုပ်ရေးမှူး ၂ ဦးအသတ်ခံရပြီးနောက် ကျေးရွာ ၅ ရွာမှ အုပ်ချုပ်ရေးမှူးများ နှုတ်ထွက်စာတင်

0
By Editor on September 10, 2021 Headline

ကလေးမြို့နယ်တွင် စက်တင်ဘာလ ၈ ရက် နေ့ညက ကျေးရွာအုပ်ချုပ်ရေးမှူး ၂ ဦး သေနတ်ဖြင့်ပစ်သတ်မှုဖြစ်ပွားခဲ့သည့် နောက်ပိုင်း ကျေးရွာ ၅ ရွာမှ အုပ်ချုပ်ရေးမှူးများ နှုတ်ထွက်စာတင်ထားကြသည်ဟု သိရသည်။

ကလေးမြို့အနောက်မြောက်ပိုင်းကျေးရွာများဖြစ်သည့် ပျဉ်းတောဦး(Tuingo) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဆွေး ဇမ်ထန်း၊ အောင်ရွာကျေးရွာတာဝန်ခံဦးထင်လင်းမောင်၊ ချင်းစုကျေးရွာတာဝန်ခံ ဦးဗန်လာမွန်၊ မြစိမ်းကျေးရွာ တာဝန်ခံ ဦးဝုန်ရှန်းပေါင် နှင့် ဆင်ရွာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဆွလိန်တို့သည် စက်တင်ဘာလ ၉ ရက်နေ့က ၎င်းတို့ရာထူးမှ နှုတ်ထွက်ခွင့်ပြုရန် ကလေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံ တင်ပြခဲ့ကြခြင်းဖြစ်သည်။

“ ကလေးမြို့အနောက်မြောက်ဘက်က ချင်းလူမျိူးတွေနေထိုင်တဲ့ ကျေးရွာတာဝန်ခံအတော်များများကတော့ စစ်အာဏာ သိမ်းမှု ဖြစ်ပြီးနောက်မှာ စစ်အာဏာရှင်ကိုဆန့်ကျင်လို့ သူတို့သဘောနဲ့နှုတ်ထွက်တဲ့သူတွေများတယ်၊ အခုနှုတ်ထွက်တဲ့ သူတွေကတော့ နှုတ်မထွက်ဘဲ ဆက်လုပ်နေတဲ့သူတွေဖြစ်တယ်၊ ဟိုတနေ့က အုပ်ချုပ်ရေးမှူး ၂ ဦးသတ်ခံရတော့ကြောက် ပြီး နှုတ်ထွက်စာချက်ချင်းတင်ကြတာ’’ ဟု ဒေသခံတစ်ဦးကပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၈ ရက်နေ့ညက ကလေးမြို့နယ် မော်စီ(Vutbuak) နှင့် ပျဉ်းခုံကြီးကျေးရွာ မှ အုပ်ချုပ်ရေးမှူးရေး ၂ ဦးသည် ၎င်းတို့နေအိမ်တွင် သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသည်။

မော်စီနှင့် ပျဉ်းခုံကြီးကျေးရွာသည် ကလေးမြို့မှ ၄ မိုင်ခန့်ကွာဝေးပြီး တာဟန်း-လက်ပံချောင်းကားလမ်းမ ပေါ်တွင်တည်ရှိ ကာ ချင်းလူမျိူးများနေထိုင်ကြသည့်ကျေးရွာဖြစ်သည်။ ယခုကဲ့သို့ ကျေးရွာအုပ်ချုပ်ရေးမှူးသတ်ဖြတ်မှုရှိလာသည့်အတွက် အုပ်ချုပ်ရေးမှူးရာထူးမှနှုတ်ထွက်သူပိုများလာဖွယ်ရှိသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဆလိုင်းတင်မောင်ဦး စိတ်ဓါတ်ဆုပ်ကိုင်ပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး ဆက်တိုက်ပွဲဝင်မည်ဟု ချင်းကျောင်းသားသမဂ္ဂ ကြေညာ

တိုက်ပွဲဖြစ်ပွားနေသော ချင်းတောင်ပိုင်းကို Y-12 နှင့် ဂျက်ဖိုက်တာများဖြင့် ယနေ့ ထပ်မံဗုံးကြဲ

အာသံပြည်နယ်၊ မာသီယာစခန်းတွင် ထိမ်းသိန်းခံနေရသော မြန်မာအမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ စော်ကားခံရဟုဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.