Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»CDF-Matupi နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ငလိုင်တရွာလုံးနီးပါး တောထဲကို ထွက်ပြေးတိမ်းရှောင်နေကြရဟုဆို

CDF-Matupi နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ငလိုင်တရွာလုံးနီးပါး တောထဲကို ထွက်ပြေးတိမ်းရှောင်နေကြရဟုဆို

0
By Editor on September 25, 2021 Headline

ချင်းပြည်နယ်၊ မတူပီမြို့နယ် ငလိုင်ကျေးရွာအနီးတွင် စက်တင်ဘာလ ၂၃ ရက်နေ့ ညနေ ၂ နာရီခန့်က CDF-Matupi နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ငလိုင်တရွာလုံးနီးပါး တောထဲကို ထွက် ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

“မနေ့ည ၅ နာရီနောက်ပိုင်းမှာ ငလိုင်ရွာကလူတွေအကုန်လုံးနီးပါး တောထဲကို အကုန်လုံးပြေးကြပြီ ရွာထဲမှာ ကလေးငယ်အများကြီးရှိတဲ့သူ မပြေးနိုင်တဲ့သူတွေနဲ့ အသက်ကြီးရွယ်အိုတွေပဲကျန်ခဲ့တာ ပြေးလို့ရတဲ့သူတွေ အကုန်ပြေးကြတယ်။” ၎င်းတို့နှင့် နီးစပ်သူ မတူပီဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့က မတူပီမြို့နယ် ငလိုင်ကျေးရွာရှိိ ရွာသား ၂ ဦးကို မတရားဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ဖနိုင်ရွာနှင့် ငလိုင်ရွာကြားတစ်နေရာတွင် CDF- Matupi နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မတူပီမြို့နယ်၊ ငလိုင်ကျေးရွာတွင် အိမ်ခြေ ၁၀၀ ဝန်းကျင်ရှိမည်ဟုသိရပြီး မတူပီမြို့မှ ဆိုင်ကယ်ဖြင့် နာရီဝက်ခန့်သာ ကွာဝေးကြောင်း သိရသည်။

စက်တင်ဘာလ ၂၃ ရက်နေ့ မနက် ၁၀ နာရီခန့်တွင် စစ်ကောင်စီမှ ဂျက်လေယာဉ် ၁ စင်း မတူပီမြိို့ပေါ်တွင် ၂ ကြိမ်ခန့် ပျံသန်းခဲ့ပြီးနောက် MPT အင်တာနက်လိုင်းနှင့် လျှပ်စစ်မီးတွေလည်း ပျက်တောက်မှုဖြစ်ခဲ့ပြီး ညပိုင်းအချိန်တွင်လည်း သေနတ်သံများကြားနေရကြောင်းလည်း သိရသည်။

မတူပီမြို့ပေါ်တွင် ဂျက်လေယာဉ် ပျံသန်းမှုတွေရှိလာသောကြောင့် မတူပီဒေသခံများသည် ထန်တလန်မြို့ကဲ့သို့ လက်နက်ကြီးအလွန်အကျွံပစ်ခတ်မှုရှိလာမည်ကို စိုးရိမ်ကြောက်လန့်မှုရှိနေကြသည်ဟု မတူပီဒေသခံများထံမှ သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

IKACC က စစ်ကော်မရှင်အဖွဲ့နှင့် မဟာမိတ်ဆက်ဆံရေးအဖွဲ့တို့ကို ပြင်ဆင်ဖွဲ့စည်း

ချင်းနှင့် စစ်ကိုင်းက စစ်ရှောင်စခန်းများတွင် အမျိုးသမီးလစဉ်သုံးနှင့် ဆေးဝါးများ လိုအပ်နေဟု WJ ဆို

CEIR မိုဘိုင်းဖုန်းမှတ်ပုံတင်စနစ် စစ်ကော်မရှင်အကောင်အထည်ဖော်တော့မည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.