Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဟားခါးမြို့အနီး ချွန်ကျုံးကျေးရွာတွင် ချင်း​တော်လှန်​ရေးပူး​ပေါင်းတပ်ဖွဲ့၏ ခြုံခိုတိုက်ခိုက်မှု​ကြောင့် စစ်ကောင်စီတပ်သား ၄ ဦးသေဆုံး
ပုံစာ - ပြီးခဲ့သည့်ရက်ပိုင်းက ဟားခါးမြို့သို့ရောက်ရှိလာသည့် အင်အားဖြည့်စစ်ကား အစီး ၄၀ ဝန်းကျင်ဖြစ်သည်။

ဟားခါးမြို့အနီး ချွန်ကျုံးကျေးရွာတွင် ချင်း​တော်လှန်​ရေးပူး​ပေါင်းတပ်ဖွဲ့၏ ခြုံခိုတိုက်ခိုက်မှု​ကြောင့် စစ်ကောင်စီတပ်သား ၄ ဦးသေဆုံး

0
By Editor on October 22, 2021 Headline

ချင်းပြည်နယ်၊ ဟားခါးမြို့အနီး ခွန်ကျုံးကျေးရွာ အပြင်ဖက်တစ်နေရာတွင် ယမန့်နေ့ အောက်တိုဘာလ ၂၁ ရက်နေ့က ချင်းအမျိုးသားတပ်ဦး CNF နှင့် CDF ပူးပေါင်းတပ်ဖွဲ့တို့မှ စစ်ကောင်စီတပ်ယာဉ်တန်းများကို ခြုံခိုတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးခဲ့သည်ဟု သိရသည်။

“ဖလမ်းကနေ တက်လာတဲ့ကား အလုံးအရင်းနဲ့တက်လာကြတယ်၊ ကျွန်တော်တို့က ဒီနောက်ဆုံးယာဉ်တန်းကို လုံခြုံရေးယူတဲ့အဖွဲ့ကို ကျွန်တော်တို့ အတက်နိုင်ဆုံး ပစ်ကွင်းကောင်းတဲ့နေရာကနေ စောင့်ပြီးတော့ ချွန်ကျုံးရွာအလွန်််် အဲ့ဒီတောထဲကနေ ဖြတ််တိုက်တာပေါ့။ ကျွန်တော်တို့ဘက်က အကာအကွယ်ကောင်းကောင်းယူပြီးတော့ ပြောက်ကျားအနေအထားဖြစ်တော့ အ​သေအပျောက်တော့မရှိဘူးပေါ့၊ သူတို့ဖက် ကတော့ ၄ ယောက်ကျတယ်၊ ၁ဝ ယောက်လောက်ကတော့ ဒဏ်ရာအကြီးကြီးရထားတာပေါ့။” ဟု CNF ပြောခွင့်ရသူ ဆလိုင်းထက်နီကပြောသည်။

အဆိုပါစစ်ယာဉ်တန်းသည် ဖလမ်းမြို့မှ အောက်တိုဘာလ ၁၃ ရက်နေ့တွင် စတင်ထွက်လာခဲ့သည်ဟုသိရပြီး အောက်တိုဘာလ ၂၀ ရက်နေ့ ညနေပိုင်း ၃ နာရီအချိန်တွင် ဟားခါးမြို့ကို ရောက်ရှိခဲ့သည်ဟု သိရသည်။

ယမန်နေ့ အောက်တိုဘာလ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်တွင် ဟားခါးမြို့မှ ထန်တလန်မြို့ဘက်ကိုသွားသော ကားလမ်းပေါ်ရှိ ကားပြင်ဆိုင်မှ အလုပ်သမားများနှင့် Rual-U သုသာန်တွင် အုတ်ဂူပြင်ဆင်နေသော လူ ၁၀ ဦးခန့််တို့ကိုလည်း စစ်ကောင်စီတပ်ဖွဲ့က လက်ပြန်ကြိုးတုပ်ပြီး စစ်ကြောင်းရှေ့တွင် လူသားဒိုင်းသဖွယ် ခေါ်ဆောင်မှုလည်း ပြုလုပ်ခဲ့သည်ဟု သိရသည်။

အဆိုပါ ဖမ်းဆီးခံရသည့်ပြည်သူများကို သေနတ်ဒင်ဖြင့် ထုခြင်း၊ ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့ပြီး ယမန်နေ့ ညနေ ၅ နာရီီခွဲအချိန်တွင် ပြန်လည်လွတ်ပေးသည်ဟု သိရသည်။

စစ်ကောင်စီမှ ယခုလဆန်းပိုင်း ၉ ရက်နေ့မှစတင်ကာ ချင်းပြည်နယ်၏ တောင်ပိုင်းနှင့် မြောက်ပိုင်းဖက်များမှ သံချပ်ကာကားအချို့အပါအဝင် စစ်ကား အစီး ၈၀ ဝန်းကျင်ခန့်ဖြင့် စစ်အင်အား အလွန်အကျွံဖြည့်တင်းလာခဲ့ပြီး ယင်းနှစ်ပတ်တာကာလ၌ ဖြစ်ပွားခဲ့သောတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား အယောက် ၂၀ ကျော် သေဆုံးခဲ့ပြီဖြစ်ကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

IKACC က စစ်ကော်မရှင်အဖွဲ့နှင့် မဟာမိတ်ဆက်ဆံရေးအဖွဲ့တို့ကို ပြင်ဆင်ဖွဲ့စည်း

ချင်းနှင့် စစ်ကိုင်းက စစ်ရှောင်စခန်းများတွင် အမျိုးသမီးလစဉ်သုံးနှင့် ဆေးဝါးများ လိုအပ်နေဟု WJ ဆို

CEIR မိုဘိုင်းဖုန်းမှတ်ပုံတင်စနစ် စစ်ကော်မရှင်အကောင်အထည်ဖော်တော့မည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.