ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို ့အနီးတွင် CDF-Kanpetlet နဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ ယနေ့ နိုဝင်ဘာလ (၄) ရက် မနက် ၈ နာရီမှ ၁၁ နာရီခန့်အထိ သုံးနာရီကြာ တိုက်ပွဲဖြစ်ပွားကာ စကစဘက်မှ ၅ ဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိပြီးနောက် ပြန်လည်ဆုတ်ခွါသွားကြသည်ဟု CDF-Kanpetlet ထံမှ သိရသည်။
“ကျင်းဒွေးမြို့မှာ တပ်စွဲထားတဲ့တပ်တွေပေါ့၊ သူတို့ကတပ်စွဲထားတာကြာပြီ။ သူတို့က မြို့ထဲမှာနေတယ်။ ကျွန် တော်တို့လည်း မြို့ရဲ့မလှမ်းမကမ်း CDF ရဲ့ထိန်းချုပ်ဧရိယာပေါ့ သူတို့ကျင်းဒွေးမြို့ကနေ ဒီနေ့ ၈နာရီ မှာ ထွက်လာတာ ဖုံတွီးကျင်းဖက်ကိုကျော်လာကြပြီး အဲ့ဒီမှာ ကင်းကျတဲ့ CDF တွေနဲ့ ထိပ်တိုက်ပစ်ခတ်ခဲ့ကြတာ” ဟု Kanpetlet-CDF တပ်မမှုးက ပြောသည်။
ကျင်းဒွေးမြို့၊ ဖုံတွီးကျင်းရပ်ကွက်အထက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့များက Kanpetlet-CDF ထိန်း ချုပ်နယ်မြေအတွင်း မော်တော်ဆိုင်ကယ် ၁၀ စီးဖြင့် တပ်သား အယောက် ၃၀ ခန့် ဝင်လာရာမှ နှစ်ဖက်ထိတွေ့မှုရှိပြီး သုံးနာရီအကြာတိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ တို်က်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်မှ သေဆုံးသူများနှင့် ဒဏ်ရာရသူအများအပြားဖြင့် ပြန်လ ည်ဆုတ်ခွာသွားကြပြီး Kanpetlet-CDF မှ ထိခိုက်ကျဆုံးမှုမရှိကြောင်းလည်း သိရသည်။
ကျင်းဒွေးသည် ယခင်အစိုးရလက်ထက်တွင် မြို့ရရှိခဲ့ခြင်းဖြစ်ပြီး ကန်ပက်လက်မြို့နှင့် ၂၅ မိုင်ခန့်ကွာဝေးသည်ဟု သိရသည်။
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့များ အနေဖြင့် နယ်နိမိတ်ကျူးကျော်ဝင်ရောက်လာခြင်းနှင့် စစ်ကြောင်းထွက်လာမည်ဆိုပါက နှစ်ဖက်ကြား တိုက်ပွဲဖြစ်ပွားလာနိုင်ချေနှင့် တိုက်ပွဲပြင်းထန်မှုများရှိလာနိုင်ကြောင်းလည်း သိရသည်။