Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ထန်တလန်မြို့တွင် စစ်ကာင်စီတပ်ဖွဲ့က လူနေအိမ်များ ထပ်မံမီးရှို့ အိမ် ၂၀ ပြာကျ

ထန်တလန်မြို့တွင် စစ်ကာင်စီတပ်ဖွဲ့က လူနေအိမ်များ ထပ်မံမီးရှို့ အိမ် ၂၀ ပြာကျ

0
By Editor on November 12, 2021 Khonumthung

ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်တွင် စစ်ကောင်စီတပ်သားများ၏ ရှို့မီးကြောင့် လူနေအိမ်၂၀ ထပ်မံမီးလောင်ပြာကျသွားပြီး နိုဝင်ဘာလအထိ ပျက်ဆီးသွားသောလူနေအိမ် နှစ်ရာကျော်ရှိပြီဟု CDF-ထန်တလန် မှ ပြောရေးဆိုခွင့်ရှိသူကပြောသည်။

“ဒီလ နိုဝင်ဘာလထဲမှာ ညပိုင်းမှာပဲ ထပ်မံမီးရှို့တယ်။ မနေ့ညကလည်း ၃ အိမ်ထပ်ရှို့တယ် အားလုံး အလုံး ၂၀ ပေါ့၊ မနေ့ညက လုံးတီာလ် ရပ်ကွက် တပ်ကုန်းနဲ့နီးတဲ့နေရာတွေပေါ့။ တခြားဟာက စိုက်ပျိုး ရေးရပ်ကွက်၊ အခုတော့ မီးက ငြိမ်းတော့ငြိမ်းပြီ။ အခု အားလုံး မီးရှို့တာ အိမ် ၂၁၀ ဝန်းကျင်ရှိပြီ” ဟု CDF-ထန်တလန်မှ ပြောရေးဆိုခွင့်ရှိသူကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ညပိုင်းအချိန်တွင် မြို့တွင်းလူနေအိမ်များတွင် ထပ်မံ မီးရှို့လာခြင်းဖြစ်ပြီး နိုဝင်ဘာ ၆ ၊ ၉ ၊ ၁၀၊ ၁၁ ရက်နေ့များတွင် မီးရှို့ခံရခြင်းဖြစ်သည်။

ထန်တလန်မြို့တွင် အိမ်ထောင်စု ၁၅၀၀ လူဦးရေ တစ်သောင်းဝန်ကျင်ခန့်ရှိသော်လည်း မြို့ခံပြည်သူအားလုံးသည် စက်တင်ဘာလကစတင်ပြီး မြို့ကိုစွန့်ခွာပြီး ကျေးလက်ဒေသနှင့် အိန္ဒိယနိုင်ငံတို့တွင် စစ်ဘေးတိမ်းရှောင်နေကြစဉ် စစ်ကောင်စီတပ်သားများက လူနေအိမ်များကို မီးရှို့နေခြင်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.