Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မင်းတပ်မြို့နယ်မှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အကြား စစ်ရေးအခြေအနေတင်းမာနေ

မင်းတပ်မြို့နယ်မှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အကြား စစ်ရေးအခြေအနေတင်းမာနေ

0
By Editor on December 17, 2021 Headline

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်မှာ CDF-Mindat ၊ ယော PDF ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ဒီဇင်ဘာလ ၁၅ ရက်နေ့က တိ်ုက်ပွဲထပ်မံဖြစ်ပွားပြီး နှစ်ဖက်စစ်ရေးအခြေအနေတင်းမာနေတယ်လို့ CDF-Mindat က ထုတ်ပြန်ပါတယ်။

ယမန်နေ့ ဒီဇင်ဘာ ၁၅ ရက်မွန်းလွဲပိုင်း ၁ နာရီလောက်က မင်းတပ်မြို့နယ် မယ်လယ်ကုန်းရွာအနီးမှာ စစ်ကြောင်းထိုးလာ တဲ့ စစ်ကောင်စီတပ်သားတွေ မိုင်းမိရာကနေ CDF-Mindat/ယော PDF ပူးပေါင်းတပ်ဖွဲ့နဲ့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ တာဖြစ်ပါတယ်။

အဲဒီတိုက်ပွဲမှာ CDF-Mindat/ ယော PDF ပူးပေါင်းတပ်ဖွဲ့ဘက်က ထိခိုက်မှုမရှိဘဲ စစ်ကောင်စီဘက်ကတော့ ဒဏ်ရာရတဲ့ သူတွေရှိတယ်လို့ CDF-Mindat ကထုတ်ပြန်ပါတယ်။

အင်အား ၁၀၀ ကျော်လောက်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ မကွေးတိုင်း ကျောက်ထုမြို့ကနေ စစ်ကူတက်လာပြီး မယ်လယ် ကုန်းရွာမှာ ရောက်ရှိနေတယ်လို့လည်းသိရပါတယ်။

ချင်းပြည်နယ် မင်းတပ်မြို့နယ်မှာ ဒီဇင်ဘာလ ၁၂ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နဲ့ CDF-Mindat/ယော PDF ပူးပေါင်း တပ်ဖွဲ့တို့အကြား ထိတွေ့ပစ်ခတ်မှုပြန်လည်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ မင်းတပ်မြို့နယ် နှောကျေးရွာကနေ လယ်ဆောကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို CDF-Mindat နဲ့ ယော PDF ပူးပေါင်းတပ်ဖွဲ့က ပြောက်ကျားစနစ်နဲ့ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၁၀ ဦးသေဆုံးခဲ့တယ်လို့ CDF-Mindat ထုတ်ပြန်ပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဆလိုင်းတင်မောင်ဦး စိတ်ဓါတ်ဆုပ်ကိုင်ပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး ဆက်တိုက်ပွဲဝင်မည်ဟု ချင်းကျောင်းသားသမဂ္ဂ ကြေညာ

တိုက်ပွဲဖြစ်ပွားနေသော ချင်းတောင်ပိုင်းကို Y-12 နှင့် ဂျက်ဖိုက်တာများဖြင့် ယနေ့ ထပ်မံဗုံးကြဲ

အာသံပြည်နယ်၊ မာသီယာစခန်းတွင် ထိမ်းသိန်းခံနေရသော မြန်မာအမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ စော်ကားခံရဟုဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.