Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»လူနာတင်ယာဉ်ပေါ်မှ လူနာကို CDF အကြမ်းဖက်အဖွဲ့ ဖမ်းဆီးခေါ်ဆောင်သွားဆိုတဲ့ သတင်းအမှား

လူနာတင်ယာဉ်ပေါ်မှ လူနာကို CDF အကြမ်းဖက်အဖွဲ့ ဖမ်းဆီးခေါ်ဆောင်သွားဆိုတဲ့ သတင်းအမှား

0
By Editor on December 31, 2021 Headline

မိုးပြည့် အကောင့်ကနေ “ဆည်မြောင်းဦးစီးအရာရှိ ဦးသန်းဝင်းဟာ ၎င်းမိတ်ဆွေတွေနဲ့အတူ ကျင်မွှာရပ်ကွက်၊ ကလေး-ဖလမ်းကားလမ်းဘေးရှိ လက်ဖက်ရည်ဆိုင်မှာ ထိုင်နေစဉ်မှာပဲ ပစ္စတိုသေနတ်ကိုင်ထားတဲ့ သေနတ်သမားနှစ်ဦး ဝင်ရောက်လာပြီး သေနတ်နဲ့ ပစ်ခတ်တဲ့အတွက် ဆီးခုံအထက်နားအပါအဝင် ကိုယ်တွင်း သေနတ်ဒဏ်ရာ ၃ နေရာရရှိခဲ့ပြီး သေနတ်သမား ၂ ယောက်ကတော့ ဆိုင်ရှေ့ရပ်ထားတဲ့ ဦးသန်းဝင်းရဲ့ Surf အမျိုးစားကားကို မောင်းယူသွားခဲ့တယ်လို့ ရေးသားထားပါတယ်။”

ဆက်လက်ပြီး “အခင်းဖြစ်ပွားတဲ့နေရာကို လုံခြုံရေးအဖွဲ့များကရောက်ရှိလာပြီး ဦးသန်းဝင်းကို ဖလမ်းဆေးရုံးကိုပို့ပေးခဲ့ပြီး ဒီဇင်ဘာလ ၁၅ ရက်နေ့ မနက် ၁၀ နာရီခွဲမှာ ကလေးမြို့ ပြည်သူဆေးရုံကို ပြောင်းလဲကုသဖို့ သယ်ဆောင်လာတဲ့အခါ ဖလမ်းမြို့နယ်၊ ခေါလယ်လမ်းခွဲမှာ CDF အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့မှ မော်တော်ယဉ်ကိုသေနတ်နဲ့ဝိုင်းပစ်တဲ့အတွက် ယာဉ်မောင်နဲ့အတူလိုက်ပါလာတဲ့ အဖော်တစ်ဦးလည်ယဉ်ကိုထားပြီးထွက်ပြေးသွားခဲ့ပါတယ်။”

“ထိုပစ်ခတ်မှုကြောင့် ယဉ်မောင်းမှာ သေနတ်ဒဏ်ရာ ၃ ချက်ရရှိတဲ့အတွက် လမ်းဘန်း တိုက်နယ်ဆေးရုံမှာ ဆေးကုသခံယူနေတဲ့မချိန်မှာ CDF အကြမ်းဖက် ၃ ဦးဆေးရုံကိုရောက်ရှိလာပြီး ဆေးကုသခံယူနေတဲ့ ယဉ်မောင်နဲ့ အဖော်ဖြစ်သူတို့ရဲ့ လက်ကိုင်ဖုန်းများကို ယူဆောင်သွားကြောင်းသိရှိရတယ်”

“အဲ့ဒီဖြစ်စဉ်မှာ မကြမ်းဖက်လုပ်ဆောင်ခဲ့တဲ့ CDF အဖွဲ့ကို ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူနိုင်ဖို့အတွက် လုံခြုံရေးတပ်ဖွဲ့များနဲ့ နယ်မြေခံတပ်မတော်စစ်ကြောင်းပူပေါင်းကာ လုံခြုံရေးလုပ်ငန်းစဉ်များနဲ့အညီ ဆောင်ရွက်နေကြောင်းသိရပါတယ်” လို့ရေးသားဖော်ပြထားတာဖြစ်ပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး CNDF ဘက်က တာဝန်ရှိသူကိုမေးမြန်းတဲ့အခါအခုလိုဖြေကြားခဲ့ပါတယ်၊ သူတို့ရေးထားတဲ့ အထဲမှာအမှန်တချို့တော့ပါတယ်၊ တချို့ကတော့သတင်းအမှားပါ၊ ဆေးရုံမှာ လက်ကိုင်ဖုန်းလုတာတို့၊ ဆေးရုံထိဝင်ရောက်တာတို့ တွေကတော့ သတင်းအမှားပါ၊ ပစ်ခတ်မှုတွေတော့ရှိခဲ့ပါတယ်၊ ကျနော်တို့ဘက်ကလမ်းကနေပဲ လှည့်ပြန်ခိုင်းတာပါ၊ ပြီးတော့ ညဘက်မှာ ဖြစ်တာပါ သူတို့ပြောသလို မနက်ပိုင်းမှာမဟုတ်ပါဘူး၊ ကျန်တဲ့အပိုင်းကတော့ သတင်းအမှားတွေထည့်ဖြည့်ထားပါတယ်။”

ဒီသတင်းကို စစ်ကောင်စီရဲ့ ရုပ်သံ မီဒီယာတွေမှာဖော်ပြထားပေမယ့် တခြားသတင်းဌာနတွေမှာ ရေးသားဖော်ပြထားတာမရှိပါဘူ။

ဒီသတင်းအမှားကို မိုးပြည့်၊ သူရိယနေဝန်း၊ ဂျပန်းကြီး၊ ရိုးမသစ္စာ၊ ဇော်ထူးကျော် စတဲ့အကောင်းတွေကနေ Facebook မှာပြန်လည်ရေးသားဖော်ပြထားတာဖြစ်ပြီး Like & React ပြုလုပ်သူ ၁၀၀ ကျော်ရှိပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

လိုင်ဇာတွေ့ဆုံပွဲတွင် NUG အစိုးရ၊ KIO/KIA တို့နှင့် မဟာဗျူဟာကျကျ ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးနိုင်ခဲ့ဟု CB ပြော

ဇိုမီးအမျိုးသားပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု

UNHCR မှ ဒုက္ခသည်အဆင့်အတန်းသတ်မှတ်ချက် (RSD) Interview ကို မနက်ဖြန်မှစ၍ စတင်ခေါ်ယူမည်ဟုဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.